အခုအခ်ိန္က ဇန္နဝါရီ အေျပာင္းအေရြ႔ကာလျဖစ္ေနေတာ့ ကစားသမားလုိအပ္ခ်က္ ျဖစ္ေပၚေနတဲ့ အသင္းေတာ္ေတာ္မ်ားမ်ားက ေငြေၾကးတတ္ႏုိင္မႈ႐ွိရင္ သူတုိ႔လုိခ်င္တဲ့ ကစားသမားကုိ ေျပာင္းေရြ႔ေၾကးလုိသေလာက္နဲ႔ ကမ္းလွမ္းၾကၿပီး ေငြေၾကးအားနည္းတဲ့ အသင္းေတြကေတာ့ အငွါးကမ္းလွမ္းမႈကုိ လုပ္ေဆာင္လာတတ္ၾကပါတယ္။ လက္႐ွိမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အခုေဆာင္းရာသီအတြင္း ဘယ္လုိအေျပာင္းအေရြ႔ေတြ လုပ္ေဆာင္လာမလဲဆုိတာကလည္း စိတ္ဝင္စားစရာ ေကာင္းလုိ႔ေနပါတယ္။

ၿပီးခဲ့တဲ့ လက္က်န္ရာသီဝက္ကုိ ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ရၿပီး ခ်န္ပီယံလိဂ္ဝင့္ခြင့္ေနရာနဲ႔ ၅မွတ္ကြာဟေနခဲ့ရတဲ့ ယူႏုိက္တက္အသင္းဟာ အခုေဆာင္းရာသီေစ်းကြက္မွာ ကစားသမားသစ္မ်ားစြာကုိ ေခၚယူဖုိ္ ခ်ိန္ရြယ္ေနတာကုိ သတင္မ်ားစြာကေန ေဖာ္ျပထားၾကလုိ႔ ပရိသတ္ေတြလည္း သိၾကမယ္လုိ႔ထင္ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ယူႏုိက္တက္ရဲ႕ခံစစ္ကစားသမားေဟာင္းႀကီးျဖစ္တဲ့ ရီယုိဖာဒီနန္က အသင္းအတြက္ ေခၚယူသင့္တဲ့ ကစားသမား(၄)ဦးကုိ အၾကံျပဳေပးသြားခဲ့ပါတယ္။ ဖာဒီနန္က ယူႏုိက္တက္ရဲ႕တုိက္စစ္ပုိင္းအတြက္ ပီအက္စ္ဂ်ီရဲ႕ဝါရင့္တုိက္စစ္မွဴးႀကီး အယ္ဒီဆင္ကာဗာနီကုိ ေခၚယူသြားသင့္တယ္လုိ႔ တုိက္တြန္းေျပာဆုိခဲ့ပါတယ္။ ဥ႐ုေဂြးလက္ေရြးစင္ တုိက္စစ္ကစားသမား ကာဗာနီက ဒီရာသီအကုန္မွာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္လုိ႔ အခုေစ်းကြက္ သက္သက္သာသာနဲ႔ ကမ္းလွမ္းႏုိင္မွာျဖစ္တဲ့အျပင္ ကာဗာနီရဲ႕အရည္အခ်င္းနဲ႔ဆုိ ယူႏုိက္တက္အတြက္ အသင့္ေတာ္ဆုံးျဖစ္လုိ႔ အရေခၚယူသင့္တယ္လုိ႔ ဖာဒီနန္က အၾကံျပဳခဲ့ရတာပဲျဖစ္ပါတယ္။

ဆက္လက္ၿပီး ဖာဒီနန္က အသင္းရဲ႕ခံစစ္ပုိင္းနဲ႔ပတ္သက္ၿပီးေတာ့ကုိလည္း နာပုိလီအသင္းရဲ႕ဆီနီေဂါလက္ေရြးစင္ေနာက္ခံလူ ကူလီဘလီကုိလည္း ေခၚယူသင့္တယ္လုိ႔ အၾကံျပဳခဲ့ပါေသးတယ္။ ဒါ့အျပင္ ကူလီဘလီရဲ႕နာပုိလီအသင္းေဖာ္ ကြင္းလယ္ကစားသမား ေဖဘီယန္႐ုစ္ဇ္ကုိလည္း အသင္းရဲ႕ကြင္းလယ္ပုိင္းအင္အားျဖည့္တင္းဖုိ႔အတြက္ေခည္ယူသင့္တယ္လုိ႔လည္း တုိက္တြန္းသြားခဲ့ပါေသးတယ္။ ထူးျခားတာကေတာ့ ဖာဒီနန္ဟာ အသက္၁၉ႏွစ္သာ႐ွိေသးတဲ့ ဆယ္ေက်ာ္သက္အရြယ္ အာဂ်င္တီးနား ကြင္းလယ္ကစားသမား အာဂတ္စတင္းအယ္မာန္ဒရာကုိလည္း ေခၚယူဖုိ႔ပါ အၾကံျပဳတုိက္တြန္းလုိက္ပါေသးတယ္။ ဒါေၾကာင့္ ဒီကေလး၄ေယာက္ထဲက ဘယ္ကစားသမားကုိ ယူႏုိက္တက္အသင္း ဘက္ကေန ေခၚယူသြားမလဲဆုိတာ ဆက္လက္ၾကည့္႐ႈရဦးမွာျဖစ္ပါတယ္။
(Unicode)
ယူနိုက်တက်အသင်း ခေါ်ယူသင့်တဲ့ ကစားသမား(၄)ယောက်ကို ဖာဒီနန် ရွေးချယ်ပေးခဲ့

အခုအချိန်က ဇန်နဝါရီ အပြောင်းအရွေ့ကာလဖြစ်နေတော့ ကစားသမားလိုအပ်ချက် ဖြစ်ပေါ်နေတဲ့ အသင်းတော်တော်များများက ငွေကြေးတတ်နိုင်မှုရှိရင် သူတို့လိုချင်တဲ့ ကစားသမားကို ပြောင်းရွေ့ကြေးလိုသလောက်နဲ့ ကမ်းလှမ်းကြပြီး ငွေကြေးအားနည်းတဲ့ အသင်းတွေကတော့ အငှါးကမ်းလှမ်းမှုကို လုပ်ဆောင်လာတတ်ကြပါတယ်။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အခုဆောင်းရာသီအတွင်း ဘယ်လိုအပြောင်းအရွေ့တွေ လုပ်ဆောင်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းလို့နေပါတယ်။

ပြီးခဲ့တဲ့ လက်ကျန်ရာသီဝက်ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး ချန်ပီယံလိဂ်ဝင့်ခွင့်နေရာနဲ့ ၅မှတ်ကွာဟနေခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ အခုဆောင်းရာသီစျေးကွက်မှာ ကစားသမားသစ်များစွာကို ခေါ်ယူဖို် ချိန်ရွယ်နေတာကို သတင်များစွာကနေ ဖော်ပြထားကြလို့ ပရိသတ်တွေလည်း သိကြမယ်လို့ထင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယူနိုက်တက်ရဲ့ခံစစ်ကစားသမားဟောင်းကြီးဖြစ်တဲ့ ရီယိုဖာဒီနန်က အသင်းအတွက် ခေါ်ယူသင့်တဲ့ ကစားသမား(၄)ဦးကို အကြံပြုပေးသွားခဲ့ပါတယ်။ ဖာဒီနန်က ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းအတွက် ပီအက်စ်ဂျီရဲ့ဝါရင့်တိုက်စစ်မှူးကြီး အယ်ဒီဆင်ကာဗာနီကို ခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ကာဗာနီက ဒီရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အခုစျေးကွက် သက်သက်သာသာနဲ့ ကမ်းလှမ်းနိုင်မှာဖြစ်တဲ့အပြင် ကာဗာနီရဲ့အရည်အချင်းနဲ့ဆို ယူနိုက်တက်အတွက် အသင့်တော်ဆုံးဖြစ်လို့ အရခေါ်ယူသင့်တယ်လို့ ဖာဒီနန်က အကြံပြုခဲ့ရတာပဲဖြစ်ပါတယ်။

ဆက်လက်ပြီး ဖာဒီနန်က အသင်းရဲ့ခံစစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကိုလည်း နာပိုလီအသင်းရဲ့ဆီနီဂေါလက်ရွေးစင်နောက်ခံလူ ကူလီဘလီကိုလည်း ခေါ်ယူသင့်တယ်လို့ အကြံပြုခဲ့ပါသေးတယ်။ ဒါ့အပြင် ကူလီဘလီရဲ့နာပိုလီအသင်းဖော် ကွင်းလယ်ကစားသမား ဖေဘီယန်ရုစ်ဇ်ကိုလည်း အသင်းရဲ့ကွင်းလယ်ပိုင်းအင်အားဖြည့်တင်းဖို့အတွက်ခေည်ယူသင့်တယ်လို့လည်း တိုက်တွန်းသွားခဲ့ပါသေးတယ်။ ထူးခြားတာကတော့ ဖာဒီနန်ဟာ အသက်၁၉နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွယ် အာဂျင်တီးနား ကွင်းလယ်ကစားသမား အာဂတ်စတင်းအယ်မာန်ဒရာကိုလည်း ခေါ်ယူဖို့ပါ အကြံပြုတိုက်တွန်းလိုက်ပါသေးတယ်။ ဒါကြောင့် ဒီကလေး၄ယောက်ထဲက ဘယ်ကစားသမားကို ယူနိုက်တက်အသင်း ဘက်ကနေ ခေါ်ယူသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုရဦးမှာဖြစ်ပါတယ်။