MySport Myanmar

လီဗာပူးလ်က အင်္ဂလန်ရဲ့ အခမ်းနားဆုံးအသင်း ဖြစ်လာနိုင်တယ်လို့ ဖာဒီနန် မှတ်ချက်ပြု

ဒီနှစ်ဘောလုံးရာသီမှာ ဆုဖလား(၄)လုံး မျှော်လင့်ချက်တွေ ပိုင်ဆိုင်လို့ထားတဲ့ လီဗာပူးလ်အသင်းဟာ မနေ့ညက ဗီလာရီးယဲလ်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပကျော့မှာ (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ တတ်လှမ်းဖို့ အခြေအနေကောင်းသွားခဲ့ရသလို သူတို့အသင်းရဲ့ ဖလား(၄)လုံး မျှော်လင့်ချက်က အားကောင်းလာခဲ့ရပါတယ်။ ဒီလို အလားအလာကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ လီဗာပူးလ်အသင်းဟာ အင်္ဂလန်ရဲ့ ကြီးကျယ်ခမ်းနားဆုံးသော အသင်းတစ်သင်း ဖြစ်လာနိုင်တယ်လို့ ရီယိုဖာဒီနန်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

လီဗာပူးလ်အသင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲထားနိုင်ခဲ့ပြီး အက်အေဖလားမှာလည်း ဖိုင်နယ်ထိ ရောက်ရှိထားသလို ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဆုအတွက် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းနဲ့ တစ်မှတ်အကွာကနေ အကောင်းဆုံး ဖိအားပေးထားနိုင်တဲ့အပြင် ချန်ပီယံလိဂ်မှာပါ ဖိုင်နယ်ထိ တတ်လှမ်းဖို့က အခြေအနေကောင်းနေရပြီ ဖြစ်ပါတယ်။ အခုလို ဆုဖလား(၄)ခု လမ်းကြောင်းပေါ်မှာ ရပ်တည်နေနိုင်တဲ့ လီဗာပူူးလ်အသင်းရဲ့ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး လီဗာပူးလ်က သူမြင်ဖူးသမျှ အင်္ဂလန်အသင်းတွေထဲမှာ အခမ်းဆုံးသော ကလပ်အသင်း ဖြစ်လာနိုင်တယ်လို့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Express

ဖာဒီနန်က “ဒါက ကျွန်တော် မြင်ဖူးသမျှထဲက အကောင်းဆုံးသော လီဗာပူးလ်အသင်းပါပဲ။ သူတို့ခြေထဲမှာ ဘောလုံး ရှိနေနေ မရှိနေနေ မဆုတ်မနစ်ပဲကို ကစားတတ်တာ။ အသင်းတွေကို ဖိအားပေးပုံ သူတို့အသင်းရဲ့ ကြိုးစားအားထုတ်ပုံ စွမ်းအား အသုံးချနိုင်မှုတွေက ခင်ဗျားကို အံ့အားသင့်သွားစေနိုင်ပါမယ်။ ဆုဖလား(၄)လုံးက သူတို့ရဲ့ ရည်မှန်းချက် ဖြစ်ရမယ်။ အဲ့ဒီရည်မှန်းချက်အတိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင် သူတို့အသင်းက အကျော်ဇေယတွေ ဖြစ်လာမှာပါ။ သူတို့က ဒီနိုင်ငံက ကလပ်အသင်းတွေ အားလုံးထက်ကိုသာ သာလွန်သွားပါလိမ့်မယ်။ ဒီအောင်မြင်မှုကို ရယူနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် သူတို့က လောလောဆယ်မှာတော့ သူတို့ရဲ့ ဖလားမျှော်လင့်ချက် လမ်းကြောင်းတလျှောက်မှာ တောက်လျှောက်နိုင်ပွဲတွေ ရယူနေပါတယ်။ ကျွန်တော် မြင်ဖူးသမျှ အနီရောင် ဂျာစီဝတ် အသင်းတွေထဲမှာလည်း သူတို့က အကောင်းဆုံးသော အသင်းပါ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version