မန္ခ်က္စတာယူႏုိက္အသင္းရဲ႕ ကစားသမားေဟာင္းလည္းျဖစ္သလုိ ကစားသမားဘဝကေန အနားယူၿပီးတဲ့ေနာက္မွာလည္း အသင္းနဲ႔ပတ္သက္ၿပီး လုိအပ္ခ်က္႐ွိေနတဲ့ အေၾကာင္းအရာေတြကုိ အၾကံေပးေထာက္ျပေျပာဆုိေနတတ္တဲ့ အဂၤလန္လက္ေရြးစင္ေဟာင္း ေနာက္ခံကစားႀကီး ရီယုိဖာဒီနန္က သူရဲ႕အသင္းေဟာင္း ယူႏုိက္တက္အသင္းဆီကုိ ေျပာင္းေရႊ႕ကစားဖုိ႔ အခြင့္အေရးရခဲ့ပါလ်က္နဲ႔ ျငင္းဆန္ပယ္ခ်သြားခဲ့တဲ့ ဂ်ဳဗင္တပ္စ္တုိက္စစ္ကစားသမား ေပၚလုိဒီဘားလားကုိ ေဝဖန္ျပစ္တင္ကစား ေျပာဆုိလာခဲ့ပါတယ္။

Photo Credit : Getty Images

အာဂ်င္တီးနားလက္ေရြးစင္ တုိက္စစ္ကစားသမား ဒီဘားလားဟာ ဒီႏွစ္ေႏြေစ်းကြက္အတြင္းမွာ ယူႏုိက္တက္အသင္းအျပင္ ေနာက္ထပ္ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းႀကီးျဖစ္တဲ့ စပါးအသင္းနဲ႔လည္း သတင္းေတြ ထြက္ေပၚခဲ့ၿပီး အသင္းေျပာင္းဖုိ႔ နီးစပ္ခဲ့ေပမယ့္လည္း လုပ္ခလစာ ပုိမုိေတာင္းဆုိမႈနဲ႔ ပုံရိပ္အသုံးျပဳခေတြကုိပါ ျမင့္မားစြာ ေတာင္းဆုိမႈေတြေၾကာင့္ အေျပာင္းအေရႊ႕က ပ်က္ျပယ္ခဲ့ရတာျဖစ္ပါတယ္။ ဂ်ဳဗင္တပ္စ္အသင္းဟာ လူကာကူကုိ ေခၚယူႏုိင္ဖုိ႔အတြက္ ယူႏုိက္တက္အသင္းဆီကုိ ဒီဘားလားနဲ႔မန္ဇူကစ္တုိ႔ အလုိက္ေပးခဲ့ေပမယ့္လည္း ဒီဘားလားရဲ႕ ပယ္ခ်ခဲ့မႈေၾကာင့္ အေျပာင္းအေရႊ႕က ပ်က္ျပယ္ခဲ့ရတာျဖစ္ၿပီး လူကာကူမွာလည္း အင္တာကုိေရာက္သြားခဲ့ရပါတယ္။

Photo Credit : Getty Images

ဒီလုိ ယူႏုိက္တက္ကုိ ပယ္ခ်ခဲ့တာနဲ႔ပတ္သက္ၿပီး ယူႏုိက္တက္ကစားသမားေဟာင္း ဖာဒီနန္က “ယူႏုိက္တက္ကုိ ေျပာင္းေ႐ႊ႔ကစားဖုိ႔ ျငင္းဆန္ခဲ့ၿပီး တျခားအသင္းေတြဆီကုိ ေရာက္႐ွိသြားတဲ့ ကစားသမားေတ္ မ်ားစြာ႐ွိလုိ႔ေနပါတယ္။ ဒါေပမယ့္ ဒီဘားလားကုိေတာ့ ကြၽန္ေတာ္နားမလည္မိဘူး။ ဂ်ဳဗင္တပ္စ္အသင္းရဲ႕ အရန္ခုံမွာထုိင္ေနရခ်ိန္ ယူႏုိက္တက္ရဲ႕ ကမ္းလွမ္းခ်က္ကုိ ျငင္းဆန္လုိက္တာ ဘယ္လုိသတိၱမ်ိဳးေတြနဲ႔လဲဆုိတာ နားမလည္ဘူး။ သူအေနနဲ႔ ေဘာလုံးကစားခြင့္ေတြ ဒီထက္ပုိလုိအပ္ေနပါတယ္။ တကယ္ဆုိရင္ေတာ့ သူယူႏုိက္တက္ကုိ ေရြးခ်ယ္လုိက္သင့္ပါတယ္။ ဒါေပမယ့္ သူဒီကုိ တကယ္ေရာက္မလာျဖစ္တဲ့အေပၚမွာလည္း တကယ္ဝမ္းသာမိပါတယ္”

Photo Credit : Getty Images

“ဘာေၾကာင့္လဲဆုိေတာ့ သူဆီမွာ ယူႏုိက္တက္ကစားသမားျဖစ္လာဖုိ႔ မွန္ကန္တဲ့ အေတြးအေခၚမ်ိဳး ႐ွိမေနပါဘူး။ ဒီလုိကစားသမားမ်ိဳးကုိလည္း ယူႏုိက္တက္အတြက္ လုံးဝမလုိအပ္ပါဘူး” လုိ႔ ႐ွင္းလင္းေျပာဆုိလုိ႔သြားခဲ့ပါတယ္။ ဒီဘားလားဟာ ယူႏုိက္တက္နဲ႔ စပါးအသင္းေတြကုိ ေျပာင္းေရႊ႔ကစားဖုိ႔ ျငင္းဆန္ပယ္ခ်ခဲ႔ေပမယ့္လည္း လက္ရွိမွာ တျခားေသာလိဂ္ေတြက ေစ်းကြက္ဖြင့္ေနေသးတာျဖစ္လုိ႔ ဒီဘားလားရဲ႕ အနာဂတ္က ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး ေနမာကုိ ေရာင္းခ်သြားရဖုိ႔ အေျခအေနမ်ားေနတဲ႔ ပီအက္စ္ဂ်ီအသင္းက ဒီဘားလားကုိ ေခၚယူသြားဖုိ႔ အေျခအေနအေကာင္းဆုံး ျဖစ္ေနပါတယ္ခင္ဗ်ာ။

(Unicode)

မန်ချက်စတာယူနိုက်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်သလို ကစားသမားဘဝကနေ အနားယူပြီးတဲ့နောက်မှာလည်း အသင်းနဲ့ပတ်သက်ပြီး လိုအပ်ချက်ရှိနေတဲ့ အကြောင်းအရာတွေကို အကြံပေးထောက်ပြပြောဆိုနေတတ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း နောက်ခံကစားကြီး ရီယိုဖာဒီနန်က သူရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အခွင့်အရေးရခဲ့ပါလျက်နဲ့ ငြင်းဆန်ပယ်ချသွားခဲ့တဲ့ ဂျုဗင်တပ်စ်တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို ဝေဖန်ပြစ်တင်ကစား ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ယူနိုက်တက်အသင်းအပြင် နောက်ထပ် ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးဖြစ်တဲ့ စပါးအသင်းနဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အသင်းပြောင်းဖို့ နီးစပ်ခဲ့ပေမယ့်လည်း လုပ်ခလစာ ပိုမိုတောင်းဆိုမှုနဲ့ ပုံရိပ်အသုံးပြုခတွေကိုပါ မြင့်မားစွာ တောင်းဆိုမှုတွေကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ လူကာကူကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အသင်းဆီကို ဒီဘားလားနဲ့မန်ဇူကစ်တို့ အလိုက်ပေးခဲ့ပေမယ့်လည်း ဒီဘားလားရဲ့ ပယ်ချခဲ့မှုကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရတာဖြစ်ပြီး လူကာကူမှာလည်း အင်တာကိုရောက်သွားခဲ့ရပါတယ်။

Photo Credit : Getty Images

ဒီလို ယူနိုက်တက်ကို ပယ်ချခဲ့တာနဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်က “ယူနိုက်တက်ကို ပြောင်းရွှေ့ကစားဖို့ ငြင်းဆန်ခဲ့ပြီး တခြားအသင်းတွေဆီကို ရောက်ရှိသွားတဲ့ ကစားသမားတေ် များစွာရှိလို့နေပါတယ်။ ဒါပေမယ့် ဒီဘားလားကိုတော့ ကျွန်တော်နားမလည်မိဘူး။ ဂျုဗင်တပ်စ်အသင်းရဲ့ အရန်ခုံမှာထိုင်နေရချိန် ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်တာ ဘယ်လိုသတ္တိမျိုးတွေနဲ့လဲဆိုတာ နားမလည်ဘူး။ သူအနေနဲ့ ဘောလုံးကစားခွင့်တွေ ဒီထက်ပိုလိုအပ်နေပါတယ်။ တကယ်ဆိုရင်တော့ သူယူနိုက်တက်ကို ရွေးချယ်လိုက်သင့်ပါတယ်။ ဒါပေမယ့် သူဒီကို တကယ်ရောက်မလာဖြစ်တဲ့အပေါ်မှာလည်း တကယ်ဝမ်းသာမိပါတယ်”

Photo Credit : Getty Images

“ဘာကြောင့်လဲဆိုတော့ သူဆီမှာ ယူနိုက်တက်ကစားသမားဖြစ်လာဖို့ မှန်ကန်တဲ့ အတွေးအခေါ်မျိုး ရှိမနေပါဘူး။ ဒီလိုကစားသမားမျိုးကိုလည်း ယူနိုက်တက်အတွက် လုံးဝမလိုအပ်ပါဘူး” လို့ ရှင်းလင်းပြောဆိုလို့သွားခဲ့ပါတယ်။ ဒီဘားလားဟာ ယူနိုက်တက်နဲ့ စပါးအသင်းတွေကို ပြောင်းရွှေ့ကစားဖို့ ငြင်းဆန်ပယ်ချခဲ့ပေမယ့်လည်း လက်ရှိမှာ တခြားသောလိဂ်တွေက စျေးကွက်ဖွင့်နေသေးတာဖြစ်လို့ ဒီဘားလားရဲ့ အနာဂတ်က စောင့်ကြည့်ရဦးမှာဖြစ်ပြီး နေမာကို ရောင်းချသွားရဖို့ အခြေအနေများနေတဲ့ ပီအက်စ်ဂျီအသင်းက ဒီဘားလားကို ခေါ်ယူသွားဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေပါတယ်ခင်ဗျာ။