ဂျုဗင်တပ်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖီလစ် မီလိုက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက လက်ရှိ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုထက် ပို ပြည့်စုံတယ်လို့ ပြောခဲ့ပါတယ်။ ဘရာဇီး ကွင်းလယ် ကစားသမားဟောင်း ဖီလစ် မီလိုဟာ ဂျုဗင်တပ်အသင်းမှာ (၂၀၀၉-၁၀) ရာသီကနေ (၂၀၁၀-၁၁) ရာသီအထိ (၂) နှစ်ကြာ ကစားခဲ့ပြီး (၇၈) ပွဲ ကစားခဲ့ပါတယ်။ မီလိုဟာ ဂျုဗင်တပ်အသင်းမှာ ကစားပြီးနောက် ဂါလာတာစရေးအသင်းကို ပြောင်းသွားခဲ့ပြီး ကာလာတာစရေးအသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းရွေ့ကစားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ကွင်းလယ်လူ မီလိုဟာ အင်တာမီလန်အသင်းကနေ ဘရာဇီး အခြေစိုက် ပါမီးရက်စ်အသင်းကို ပြောင်းသွားခဲ့ပြီး ပါမီးရက်စ်အသင်းနဲ့ ဘရာဇီး စီးရီးအေ ပြိုင်ပွဲမှာ ကစားနေလျက် ရှိပါတယ်။ မီလိုဟာ ဂျုဗင်တပ်အသင်းမှာ (၂) ရာသီကြာ ကစားခဲ့စဉ်က ဂျုဗင်တပ်အသင်းအတွက် ပွဲစဉ် (၇၈) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၄) ဂိုး သွင်းယူခဲ့ပြီး အောင်မြင်မှု အနည်းသာ ရရှိခဲ့ပါတယ်။ မီလိုကတော့ မက်ဆီ နဲ့ ရော်နယ်ဒိုမှာ မက်ဆီက ရော်နယ်ဒိုထက် ပို ပြည့်စုံတယ်လို့ ပြောခဲ့ပြီး မက်ဆီကို ကပ်ကစားနိုင်ဖို့ ခြေနဲ့တောင် လိုက်ကန်ခဲ့ရပါတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

Clarin သတင်းမှာ ဖီလစ် မီလိုက “မက်ဆီက တမူထူးခြားတဲ့ ကစားသမားပါ။ ကျွန်တော်တို့ ဘရာဇီးအသင်းက သူနဲ့ ယှဉ်ပြိုင် ကစားရပြီဆိုရင် သူ့ကို တစ်ယောက် တစ်ချက်စီ ကန်ကြဖို့ နဲ့ အလှည့်ကျ ကန်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ တကယ်လို့ ကျွန်တော်တို့ မက်ဆီကို မကန်ဘူး ဆိုရင် မက်ဆီကို ကပ်ကစားဖို့ ခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့ မက်ဆီ ကျိုးသွားတာကို မလိုချင်ကြပါတယ်။ သူ့ရဲ့ အရှိန် ပျက်သွားဖို့ နဲ့ သူ့ကို နှောင့်ယှက်ဖို့ပါပဲ။ ဒါဟာ ဗျူဟာပါပဲ။ မက်ဆီက မယုံနိုင်စရာ ကောင်းပါတယ်။ သူက ရော်နယ်ဒိုထက်တောင်မှ ပို ကောင်းပါတယ်။ ရော်နယ်ဒိုက အသင်းအတွက် (၅) ဂိုး သွင်းနိုင်မယ် ဆိုရင် မက်ဆီက (၅) ဂိုးသွင်းနိုင်ရုံမက အသင်းဖော်အတွက် ဂိုးဖန်တီးပေးနိုင်ပါတယ်။ မက်ဆီက ပိုပြည့်စုံပါတယ်”လို့ ပြောခဲ့ပါတယ်။