ျပင္သစ္လက္ေရြးစင္အသင္းနဲ႔အတူ ၂၀၁၈ခုႏွစ္ ကမာၻ႔ဖလားကုိ ဆြတ္ခူးခဲ့ၿပီးတဲ႔ေနာက္မွာ ကြင္းလယ္တုိက္စစ္ကစားသမား နာဘီလ္ဖယ္ကီအာဟာ သူရဲဲ႕ အသင္းေဟာင္းလုိင္ယြန္ကေန လီဗာပူးလ္အသင္းဆီကုိ ေျပာင္းေရႊ႔ကစားဖုိ႔ အေတာ္ေလးကုိ နီးစပ္ျဖစ္ခဲ႔ပါတယ္။ အဲ႔ဒီအခ်ိန္တုန္းက ဖယ္ကီအာကုိ အသင္းေပါင္းမ်ားစြာကေန ေခၚယူခ်င္ခဲ႔တာျဖစ္ေပမယ့္ အားလုံးထက္ လီဗာပူးလ္အသင္းက လက္ဦးမႈရယူၿပီး ေခၚယူႏုိင္ဖုိ႔ အေျခအေနအေကာင္းဆုံး ျဖစ္ခဲ႔ရကာ ေဆးစစ္မႈေတြကုိေတာင္ ခံယူခဲ႔ေပမယ့္လည္း ဒဏ္ရာျပသာနာေပၚလာခဲ႔လု႔ိသာ အေျပာင္းအေရႊ႔က ပ်က္ျပယ္သြားခဲ႔ရတာျဖစ္ပါတတယ္။

အဲ႔ဒီအခ်ိန္တုန္းက လီဗာပူးလ္အသင္းဟာ ဖယ္ကီအာကုိ ေခၚယူဖုိ႔အတြက္ လုိင္ယြန္အသင္းကုိ ေပါင္၅၃သန္း ေပးေခ်သြားဖုိ႔ သေဘာတူညီထားခဲ႔ၿပီျဖစ္တာေၾကာင့္ ျပင္သစ္ႏုိင္ငံအတြင္းကုိလည္း လီဗာပူးလ္အသင္းရဲ႕ ေဆးအဖြဲ႔ေတြ ေစလႊတ္ခဲ႔ၿပီး ဖယ္ကီအာရဲ႕ က်န္းမာေရးအေျခအေနေတြကုိ ေလ့လာခဲ႔တဲ႔အျပင္ အသင္းရ႕ဲ ဝက္ဆုိဒ္အတြက္ကုိပါ အင္တာဗ်ဴးအစီအစဥ္ေတြပါ ရုိက္ကူးလုိက္ပါေသးတယ္။ အားလုံးက အေျခအေနေကာင္းေနခဲ႔ေပမယ့္ ေဆးစစ္ခ်က္ရဲ႕ ရလဒ္အရ ဖယ္ကီအာရဲ႕ ဒူးမွာ စိတ္မခ်ရေလာက္တဲ႔ ခြဲစိတ္မႈေတြ ရွိေနတယ္ဆုိတဲ႔ အေၾကာင္းျပခ်က္နဲ႔ လီဗာပူးလ္အသင္းက ဖယ္ကီအာကုိ ေခၚယူမယ့္ကိစၥကုိ လက္ေလွ်ာ့သြားခဲ႔ပါတယ္။

ဖယ္ကီအာက ယေန႔ထက္တုိင္အထိ လီဗာပူးလ္အသင္းဆီ မေျပာင္းေရႊ႔ရတဲ႔ အေၾကာင္းအရင္းအစစ္အမွန္ကုိ မသိရွိႏုိင္ခဲ႔ရပဲ သတင္းေတြမွာ ေဖာ္ျပေနသလုိ သူရဲ႕ ဒူးမွာလည္း ဘာဒဏ္ရာမွ ရွိမေနခဲ႔ဘူးလုိ႔ တုန္႔ျပန္ေျပာဆုိခဲ႔ပါတယ္။ ပုိဆုိးတာကေတာ့ ဒီအေျပာင္းအေရႊ႔ ျဖစ္မလာရတဲ႔ အေၾကာင္းအရင္းမွာ ဖယ္ကီအာရဲ႕ မိသားစုဝင္ေတြ ပါဝင္ပတ္သက္ေနတယ္ဆုိၿပီး ေကာလဟာလသတင္းအမွားေတြ ထြက္ေပၚခဲ႔တာဟာ မိသားစုဝင္ေတြကုိေရာ သူ႔ကုိပါ ထိခုိက္နာက်င္ခဲ႔ရေၾကာင္းနဲ႔ သူ႔ကုိလိမ္ညာခဲ႔သူေတြဟာ သူ႔အနီးအနားက လူေတြသာျဖစ္ေၾကာင္း ေအးဂ်င့္ေဟာင္းျဖစ္သူကုိ ဆုိလုိတဲ႔သေဘာနဲ႔ ေျပာဆုိသြားခဲ႔ပါတယ္။

 

လီဗာပူးလ္အသင္းကုိသာ ေျပာင္းေရႊ႔ခြင့္ရလိုက္မယ္ဆုိရင္ေတာ့ ဖယ္ကီအာဟာ ျပင္သစ္အသင္းနဲ႔ ကမာၻ႔ဖလားဆုတံဆိပ္ကိုသာမကပဲ လီဗာပူးလ္အသင္းနဲ႔ပါ ခ်န္ပီယံလိဂ္ဖလားႀကီးကုိပါ ကုိင္ေျမွာက္ႏုိင္မယ့္ အခြင့္အေရးနဲ႔ ႀကံဳေတြ႔ရမွာျဖစ္ေပမယ့္လည္း ကံဆုိးစြာနဲ႔ပဲ လြဲေခ်ာ္ခဲ႔ရၿပီး ၿပီးခဲ႔တဲ႔ ေဘာလုံးရာသီအထိ လုိင္ယြန္ကစားသမားအျဖစ္ ဆက္လက္က်န္ရစ္ေနခဲ႔ပါတယ္။ ဒီႏွစ္ေဘာလုံးရာသီအစမွာေတာ့ ဖယ္ကီအာဟာ မထင္မွတ္ပဲနဲ႔ စပိန္လာလီဂါၿပိဳင္ပြဲရဲ႕ အလယ္အလတ္အသင္းေကာင္းတစ္သင္းျဖစ္တဲ႔ ရီးရဲဘက္တစ္အသင္းဆီကုိ ေရာက္ရွိသြားခဲ႔ၿပီး အသင္းရဲ႕ အဓိက ကစားသမားအျဖစ္ သတ္မွတ္ခံထားရပါတယ္ခင္ဗ်ာ။

(Unicode)

ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ပြီးတဲ့နောက်မှာ ကွင်းလယ်တိုက်စစ်ကစားသမား နာဘီလ်ဖယ်ကီအာဟာ သူရဲဲ့ အသင်းဟောင်းလိုင်ယွန်ကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အတော်လေးကို နီးစပ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဖယ်ကီအာကို အသင်းပေါင်းများစွာကနေ ခေါ်ယူချင်ခဲ့တာဖြစ်ပေမယ့် အားလုံးထက် လီဗာပူးလ်အသင်းက လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ အခြေအနေအကောင်းဆုံး ဖြစ်ခဲ့ရကာ ဆေးစစ်မှုတွေကိုတောင် ခံယူခဲ့ပေမယ့်လည်း ဒဏ်ရာပြသာနာပေါ်လာခဲ့လို့သာ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရတာဖြစ်ပါတတယ်။

အဲ့ဒီအချိန်တုန်းက လီဗာပူးလ်အသင်းဟာ ဖယ်ကီအာကို ခေါ်ယူဖို့အတွက် လိုင်ယွန်အသင်းကို ပေါင်၅၃သန်း ပေးချေသွားဖို့ သဘောတူညီထားခဲ့ပြီဖြစ်တာကြောင့် ပြင်သစ်နိုင်ငံအတွင်းကိုလည်း လီဗာပူးလ်အသင်းရဲ့ ဆေးအဖွဲ့တွေ စေလွှတ်ခဲ့ပြီး ဖယ်ကီအာရဲ့ ကျန်းမာရေးအခြေအနေတွေကို လေ့လာခဲ့တဲ့အပြင် အသင်းရဲ့ ဝက်ဆိုဒ်အတွက်ကိုပါ အင်တာဗျူးအစီအစဉ်တွေပါ ရိုက်ကူးလိုက်ပါသေးတယ်။ အားလုံးက အခြေအနေကောင်းနေခဲ့ပေမယ့် ဆေးစစ်ချက်ရဲ့ ရလဒ်အရ ဖယ်ကီအာရဲ့ ဒူးမှာ စိတ်မချရလောက်တဲ့ ခွဲစိတ်မှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လီဗာပူးလ်အသင်းက ဖယ်ကီအာကို ခေါ်ယူမယ့်ကိစ္စကို လက်လျှော့သွားခဲ့ပါတယ်။

ဖယ်ကီအာက ယနေ့ထက်တိုင်အထိ လီဗာပူးလ်အသင်းဆီ မပြောင်းရွှေ့ရတဲ့ အကြောင်းအရင်းအစစ်အမှန်ကို မသိရှိနိုင်ခဲ့ရပဲ သတင်းတွေမှာ ဖော်ပြနေသလို သူရဲ့ ဒူးမှာလည်း ဘာဒဏ်ရာမှ ရှိမနေခဲ့ဘူးလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ပိုဆိုးတာကတော့ ဒီအပြောင်းအရွှေ့ ဖြစ်မလာရတဲ့ အကြောင်းအရင်းမှာ ဖယ်ကီအာရဲ့ မိသားစုဝင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ကောလဟာလသတင်းအမှားတွေ ထွက်ပေါ်ခဲ့တာဟာ မိသားစုဝင်တွေကိုရော သူ့ကိုပါ ထိခိုက်နာကျင်ခဲ့ရကြောင်းနဲ့ သူ့ကိုလိမ်ညာခဲ့သူတွေဟာ သူ့အနီးအနားက လူတွေသာဖြစ်ကြောင်း အေးဂျင့်ဟောင်းဖြစ်သူကို ဆိုလိုတဲ့သဘောနဲ့ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းကိုသာ ပြောင်းရွှေ့ခွင့်ရလိုက်မယ်ဆိုရင်တော့ ဖယ်ကီအာဟာ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားဆုတံဆိပ်ကိုသာမကပဲ လီဗာပူးလ်အသင်းနဲ့ပါ ချန်ပီယံလိဂ်ဖလားကြီးကိုပါ ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးနဲ့ ကြုံတွေ့ရမှာဖြစ်ပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ လွဲချော်ခဲ့ရပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီအထိ လိုင်ယွန်ကစားသမားအဖြစ် ဆက်လက်ကျန်ရစ်နေခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီအစမှာတော့ ဖယ်ကီအာဟာ မထင်မှတ်ပဲနဲ့ စပိန်လာလီဂါပြိုင်ပွဲရဲ့ အလယ်အလတ်အသင်းကောင်းတစ်သင်းဖြစ်တဲ့ ရီးရဲဘက်တစ်အသင်းဆီကို ရောက်ရှိသွားခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်ခင်ဗျာ။