က်င္းပမႈအသြင္ပုံစံသစ္တစ္မ်ိဳးနဲ႔ ေဆာ္ဒီအာေရဗ်ႏုိင္ငံမွာ က်င္းပခဲ႔တဲ့ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီရဲ႕စပိန္စူပါဖလားၿပိဳင္ပြဲရဲ႕ဗုိလ္လုပြဲကုိ မေန႔ညက ေဆာ္ဒီႏုိင္ငံ ဂ်က္ဒါၿမိဳ႕မွာ ျပဳလုပ္ခဲ႔ၿပီး စပိန္လာလီဂါရဲ႕အင္အားႀကီးအသင္းႏွစ္သင္းျဖစ္တဲ႔ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အသက္လက္တီကုိမက္ဒရစ္အသင္း ယွဥ္ၿပိဳင္ကစားခဲ႔ၾကၿပီး သာမာန္ပြဲခ်ိန္အတြင္းမွာ သြင္းဂုိးေတြရယူႏုိင္ျခင္းမရွိတာေၾကာင့္ အခ်ိန္ပုိနဲ႔ပင္နယ္တီအထိ ဆက္လက္ကစားရမွာ ရီးရဲလ္က ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏုိင္ရရွိခဲ႔လုိ႔ စူပါဖလားကုိ ပုိင္ဆုိင္ႏုိင္ခဲ့ရပါတယ္။

Photo Credit : Getty Images

ရီးရဲလ္အသင္းဟာ စူပါဖလားၿပိဳင္ပြဲမွာ ဒုတိယေျမာက္အေအာင္ျမင္ဆုံးအသင္းျဖစ္ေပမယ့္လည္း အသင္းရဲ႕တုိက္စစ္မွာ ဘန္ဇီမာ ဟာဇက္ ေဘးလ္တုိ႔ ပါဝင္ျခင္းမရွိလုိ႔ တုိက္စစ္က ဂုိးရေအာင္ရုန္းကန္ခဲ႔ရၿပီး ကြင္းလယ္ပုိင္းရဲ႕ေျခစြမ္းျပမႈနဲ႔ ခံစစ္ပုိင္း ဂုိးသမားပုိင္း တာဝန္ေက်မႈေၾကာင့္သာ မိနစ္၁၂၀အထိ ဂုိးမေပးခဲ႔ရတာျဖစ္ကာ ပင္နယ္တီအဆုံးအျဖတ္မွာေတာ့ ပင္နယ္တီဂုိး၄ဂုိးလုံးကုိ ဝင္ေအာင္ကန္သြင္းႏုိင္ခဲ႔ရင္းနဲ႔ အခုလုိ ၁၁ႀကိမ္ေျမာက္ စူပါဖလားခ်န္ပီယံ ျဖစ္လာခဲ႔တာပဲျဖစ္ပါတယ္။ ဒီပြဲမွာ ဥရုေဂြးကြင္းလယ္လူ ဗယ္ဗာဒီက ရီးရဲလ္အတြက္ အေကာင္းဆုံးေျခစြမ္းျပသႏုိင္ခဲ႔လုိ႔ ပြဲအၿပီးမွာ ဒီၿပိဳင္ပြဲရဲ႕အေကာင္းဆုံး ကစားသမားဆုကုိပါ ပုိင္ဆုိင္ႏုိင္ခဲ႔ရပါတယ္။

Photo Credit : Getty Images

တုိနီကရူးစ္ မုိဒရစ္ ကတ္စ္မဲလ္ရုိးတုိ႔လုိ ကြင္းလယ္ကစားသမားေကာင္းေတြ ပုိင္ဆုိင္ထားတဲ႔ ရီးရဲလ္အသင္းဟာ ဗယ္ဗာဒီလုိ အရည္အေသြးျမင့္ လူငယ္ကစားသမားေလးကုိ ေနရာေပးလာရာကေန ဗယ္ဗာဒီကလည္း သူဆီေရာက္လာတဲ႔ အခြင့္အေရးေတြကုိ အေကာင္းဆုံးအသုံးခ်ၿပီး အခုဆုိရင္ ရီးရဲလ္က ေပါ့ဘာကုိ ေခၚယူဖုိ႔ေတာင္ စိတ္မပါေတာ့ပဲ ဗယ္ဗာဒီကုိပဲ အသင္းရဲ႕ကြင္းလယ္မွာ ပုံမွန္ေလး အသုံးျပဳလာခဲ႔ပါတယ္။ အခုလည္း ဗယ္ဗာဒီဟာ အသက္လက္တီကုိနဲ႔ ကစားခဲ႔ရတဲ႔ မက္ဒရစ္ဒါဘီ စပိန္စူပါဖလားပြဲစဥ္မွာ အသင္းအတြက္ အေကာင္းဆုံးကစားသြားခဲ႔တဲ႔အျပင္ အခ်ိန္ပုိဒုတိယပုိင္းၿပီးခါနီးမွာ ဂုိးသမားနဲ႔ တစ္ဦးခ်င္းဆုံေတြ႕လုနီးပါး ျဖစ္ခဲ႔ရတဲ႔ အသက္လက္တီကုိတုိက္စစ္မွဴး မုိရာတာကုိပါ ျဖတ္ထုတ္ခဲ႔လုိ႔ တုိက္ရုိက္အနီကတ္ပါ ျပသခံခဲ႔ရပါတယ္။ တကယ္လုိ႔ ဗယ္ဗာဒီအေနနဲ႔ ဒီလုိျဖတ္ထုတ္မႈသာ မလုပ္ေဆာင္ခဲ႔ဘူးဆုိရင္ မုိရာတာအေနနဲ႔ အသက္လက္တီကုိအတြက္ သြင္းဂုိးရသြားဖြယ္ရွိလုိ႔ ဗယ္ဗာဒီရဲ႕စြန္႔စားမႈက အရာထင္ခဲဲ့သလုိ သူရဲ႕ေျခစြမ္းေတြေၾကာင့္လည္း အခုလုိ အေကာင္းဆုံးဆုကုိ ရရွိခဲ႔တာပဲျဖစ္ပါတယ္။

(Unicode)

အနီကတ်ပြစ်ဒဏ်ထိခဲ့ပေမယ့်လည်း စူပါဖလားရဲ့အကောင်းဆုံးဆုကို ရရှိခဲ့တဲ့ ဗယ်ဗာဒီ

ကျင်းပမှုအသွင်ပုံစံသစ်တစ်မျိုးနဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့စပိန်စူပါဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲကို မနေ့ညက ဆော်ဒီနိုင်ငံ ဂျက်ဒါမြို့မှာ ပြုလုပ်ခဲ့ပြီး စပိန်လာလီဂါရဲ့အင်အားကြီးအသင်းနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး သာမာန်ပွဲချိန်အတွင်းမှာ သွင်းဂိုးတွေရယူနိုင်ခြင်းမရှိတာကြောင့် အချိန်ပိုနဲ့ပင်နယ်တီအထိ ဆက်လက်ကစားရမှာ ရီးရဲလ်က ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့လို့ စူပါဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Getty Images

ရီးရဲလ်အသင်းဟာ စူပါဖလားပြိုင်ပွဲမှာ ဒုတိယမြောက်အအောင်မြင်ဆုံးအသင်းဖြစ်ပေမယ့်လည်း အသင်းရဲ့တိုက်စစ်မှာ ဘန်ဇီမာ ဟာဇက် ဘေးလ်တို့ ပါဝင်ခြင်းမရှိလို့ တိုက်စစ်က ဂိုးရအောင်ရုန်းကန်ခဲ့ရပြီး ကွင်းလယ်ပိုင်းရဲ့ခြေစွမ်းပြမှုနဲ့ ခံစစ်ပိုင်း ဂိုးသမားပိုင်း တာဝန်ကျေမှုကြောင့်သာ မိနစ်၁၂၀အထိ ဂိုးမပေးခဲ့ရတာဖြစ်ကာ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ပင်နယ်တီဂိုး၄ဂိုးလုံးကို ဝင်အောင်ကန်သွင်းနိုင်ခဲ့ရင်းနဲ့ အခုလို ၁၁ကြိမ်မြောက် စူပါဖလားချန်ပီယံ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲမှာ ဥရုဂွေးကွင်းလယ်လူ ဗယ်ဗာဒီက ရီးရဲလ်အတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့လို့ ပွဲအပြီးမှာ ဒီပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Getty Images

တိုနီကရူးစ် မိုဒရစ် ကတ်စ်မဲလ်ရိုးတို့လို ကွင်းလယ်ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ရီးရဲလ်အသင်းဟာ ဗယ်ဗာဒီလို အရည်အသွေးမြင့် လူငယ်ကစားသမားလေးကို နေရာပေးလာရာကနေ ဗယ်ဗာဒီကလည်း သူဆီရောက်လာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချပြီး အခုဆိုရင် ရီးရဲလ်က ပေါ့ဘာကို ခေါ်ယူဖို့တောင် စိတ်မပါတော့ပဲ ဗယ်ဗာဒီကိုပဲ အသင်းရဲ့ကွင်းလယ်မှာ ပုံမှန်လေး အသုံးပြုလာခဲ့ပါတယ်။ အခုလည်း ဗယ်ဗာဒီဟာ အသက်လက်တီကိုနဲ့ ကစားခဲ့ရတဲ့ မက်ဒရစ်ဒါဘီ စပိန်စူပါဖလားပွဲစဉ်မှာ အသင်းအတွက် အကောင်းဆုံးကစားသွားခဲ့တဲ့အပြင် အချိန်ပိုဒုတိယပိုင်းပြီးခါနီးမှာ ဂိုးသမားနဲ့ တစ်ဦးချင်းဆုံတွေ့လုနီးပါး ဖြစ်ခဲ့ရတဲ့ အသက်လက်တီကိုတိုက်စစ်မှူး မိုရာတာကိုပါ ဖြတ်ထုတ်ခဲ့လို့ တိုက်ရိုက်အနီကတ်ပါ ပြသခံခဲ့ရပါတယ်။ တကယ်လို့ ဗယ်ဗာဒီအနေနဲ့ ဒီလိုဖြတ်ထုတ်မှုသာ မလုပ်ဆောင်ခဲ့ဘူးဆိုရင် မိုရာတာအနေနဲ့ အသက်လက်တီကိုအတွက် သွင်းဂိုးရသွားဖွယ်ရှိလို့ ဗယ်ဗာဒီရဲ့စွန့်စားမှုက အရာထင်ခဲဲ့သလို သူရဲ့ခြေစွမ်းတွေကြောင့်လည်း အခုလို အကောင်းဆုံးဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။