ဘာစီလိုနာအသင်းကတော့ လီဂါနက်စ် တိုက်စစ်မှူး မာတင် ဘရိတ်သဝိတ်ကို ယူရို (၁၈) သန်းနဲ့ လာမယ့် (၂၀၂၄) ခုနှစ် ဇွန်လ (၃၀ ) ရက်နေ့အထိ၊ (၄) နှစ်ခန့်ကြာ စာချုပ် ချုပ်ဆိုသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး မာတင် ဘရိတ်သဝိတ်ဟာ လက်ရှိရာသီ လာလီဂါ ပြိုင်ပွဲရဲ့ အောက်ဆုံးအဆင့်မှာ ရပ်တည်နေတဲ့ လီဂါနက်စ်အသင်းမှာ ခြေစွမ်းပြခဲ့ပြီး လက်ရှိရာသီမှာ လာလီဂါ ပွဲစဉ် (၂၄) ပွဲ ကစားထားရာမှာ သွင်းဂိုး (၆) ဂိုး နဲ့ ဂိုးဖန်တီးမှု (၃) ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Photo Credit: fcbarcelona

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဘရိတ်သဝိတ်ရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို (၁၈) သန်းကို လီဂါနက်စ်အသင်းကို ပေးပြီး ခေါ်ယူပြီးသွားတဲ့ အချိန်မှာ ဘာစီလိုနာအသင်း နဲ့ ဘရိသဝိတ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးကို ယူရို သန်း (၃၀၀) သတ်မှတ်ခဲ့ကြပါတယ်။ မာတင် ဘရိတ်သဝိတ်ဟာ လီဂါနက်စ်အသင်းမှာ (၁) ရာသီသာ ကစားရသေးတာ ဖြစ်ပေမဲ့လည်း ခြေစွမ်းပြခဲ့တာကြောင့် ဥရောပ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းကို ပြောင်းနိုင်ခဲ့ပါတယ်။

Photo Credit: fcbarcelona

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဒမ်ဘီလီ ဒဏ်ရာရနေတာကြောင့် လာလီဂါကို တိုက်စစ်မှူး အသစ် ခေါ်ယူခွင့် ပေးဖို့ တောင်းဆိုခဲ့ပြီး (၁၅) ရက်အတွင်း တိုက်စစ်မှူး အသစ်ခေါ်ယူခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ နည်းပြ ဗယ်ဗာဒီကို ထုတ်ပြီးနောက် နည်းပြသစ် ဆက်တီယန်ရဲ့ လက်ထက်မှာ ပထမဆုံး ကစားသမားသစ် အဖြစ် ဘရိတ်သဝိတ်ကို ခေါ်ယူခဲ့ပြီး ခေါ်ယူမှု မှားလား မှန်လား ဆိုတာ လာမယ့် ပွဲစဉ်တွေမှာ စောင့်ကြည့်သွားရမှာပါ။