MySport Myanmar

နိုင်ပွဲဆက် စံချိန်ကြီး ရပ်တန့်သွားခဲ့ရတဲ့ ဘာဆာ အမျိုးသမီးအသင်း

ဘာစီလိုနာ အမျိုးသမီး ဘောလုံးအသင်းဟာ ဒေသတွင်း ပြိုင်ပွဲအတွင်းမှာ အမှတ် ဆုံးရှုံးမှု မရှိပဲ နိုင်ပွဲတွေကိုသာ (၆၁)ပွဲဆက်တိုက်အထိ ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း ဆီဗီလာ အမျိုးသမီးအသင်းနဲ့ ရင်ဆိုင်အတွေ့မှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျရင်း နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ရပါတယ်။

Photo Credit : FC Barcelona

ဘာစီလိုနာ အမျိုးသမီး ဘောလုံးအသင်းဟာ လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ် ဇွန်လထဲမှာ အသက်လက်တီကိုမက်ဒရစ် အမျိုးသမီးအသင်းကို (4-3) နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပိုင်း စပိန် အမျိုးသမီး လိဂ်ပြိုင်ပွဲအတွင်း လုံးဝကို အမှတ် ဆုံးရှုံးခြင်း မဖြစ်ခဲ့ပဲ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာဆိုရင် ပွဲတိုင်း အနိုင်ရပြီး ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ ချန်ပီယံ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Twitter

ဒီရာသီမှာလည်း ဘာစီလိုနာ အမျိုးသမီး အသင်းက (၂၇)ပွဲဆက်တိုက် တောက်လျှောက် နိုင်ပွဲရယူကာ အမှတ်ပေး ချန်ပီယံ ဖြစ်ထားခဲ့ပေမယ့်လည်း လိဂ်ပွဲ (၂၈)ပွဲမြောက်မှာတော့ ဆီဗီလာအသင်းကို သရေကျသွားခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီကလို ရာနှုန်းပြည့် နိုင်ပွဲ ချန်ပီယံ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဘာစီလိုနာအနေနဲ့ လက်ကျန် ပွဲစဥ် (၂)ပွဲအတွင်း ရီးယဲလ်မက်ဒရစ် အမျိုးသမီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဥ်လည်း ရှိနေသေးတာကြောင့် ထပ်ပြီး အမှတ် ဆုံးရှုံးနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Photo Credit : The Guardian

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဒီရာသီထဲမှာ အမှတ်ပေး ချန်ပီယံ ဖလား နဲ့ စပိန် စူပါဖလား ချန်ပီယံတို့ပါ ဖြစ်ထားခဲ့တဲ့အပြင် ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းထားခဲ့တာဖြစ်လို့ ဗိုလ်လုပွဲစဥ်မှာ ဘွန်ဒက်စ်လီဂါ ကလပ် ဝုလ်ဖ်ဘတ်ကို အနိုင်ယူပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့အတူ အောင်မြင်တဲ့ ဘောလုံးရာသီအဖြစ် အဆုံးသတ်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Exit mobile version