ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာကာ လက်ရှိရာသီမှာ ဘာစီလိုနာအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အသက် ၁၇နှစ် ၃လအရွယ် လူငယ် ကစားသမားလေး အန်းဆု ဖာတီဟာ လာလီဂါ ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနဲ့ နှစ်ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ် စံချိန် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Marca.com

ဖာတီဟာ ဘာစီလိုနာအသင်းက လီဗန်တေး အသင်းကို နှစ်ဂိုး တစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို ပွဲကစားချိန် ၃၀မိနစ်နဲ့ ၃၁မိနစ်တို့မှာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ ဖန်တီးပေးပို့မှုတွေကနေ သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Marca.com

အဆိုပါသွင်းဂိုးနှစ်ဂိုးကြောင်​့ ဖာတီဟာ လာလီဂါရဲ့ အသက်အငယ်ဆုံးနဲ့ နှစ်ဂိုးသွင်းတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ဘာစီလိုနာအသင်းအတွက် လာလီဂါပြိုင်ပွဲမှာ အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမားဆိုတဲ့ စံချိန် ၊ အိမ်ကွင်းနူးကမ့်မှာ အသက် အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမားဆိုတဲ့ စံချိန်တွေကိုလည်း ရရှိခဲ့ပါတယ်။

ဖာတီဟာ မက်ဆီလက်သစ် ဖြစ်လာပြီလား….?