မကြာခင်မှာ ပြန်လည်ကျင်းပတော့မယ့် UEFA Nations League ဘောလုံးပြိုင်ပွဲအတွက် စပိန်လက်ရွေးစင်အသင်းကနေ ကစားသမားရွေးချယ်မှု ပြုလုပ်လာခဲ့ရာ ဘာစီလိုနာအသင်းရဲ့ဆယ်ကျော်သက်အရွှယ် တိုက်စစ်ကစားသမားလေး အန်ဆူဖာတီနဲ့ မန်စီးတီးအသင်းရဲ့နောက်ခံကစားသမားလေး အဲရစ်ဂါဆီယာတို့နှစ်ယောက်လုံး ပထမဆုံးအကြိမ်အဖြစ်နဲ့ ရွေးချယ်ခံခဲ့ရသလို ဝုလ်ဗ်အသင်းမှာ ခြေစွမ်းပြနေတဲ့ အဒမ်မာထရာအိုရေးလည်း လူစာရင်းအတွင်း ပါဝင်လာခဲ့ရပါတယ်။

Photo Credit : Twitter

ဖာတီနဲ့ ဂါဆီယာတို့နှစ်ယောက်လုံးဟာ ဒီနှစ်ဘောလုံးရာသီမှာ သူတို့ရဲ့သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့အတူ ပွဲထွက်ကစားခွင့်တွေ အထိုက်အလျောက် ရရှိခဲ့ကြပြီး အသိအမှတ်ပြုချင်စရာကောင်းတဲ့ ခြေစွမ်းတွေကိုလည်း ပြသထားနိုင်တာကြောင့် သူတို့ကို စပိန်လက်ရွေးစင်နည်းပြ လူးဝစ်အင်းနရစ်ကနေ ရွေးချယ်လာခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဖာတီ ဂါဆီယာတို့လို လာမာစီယာ အကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်တဲ့ ဝုလ်ဗ်တောင်ပံတိုက်စစ်ကစားမား ထရာအိုရေးမှာလည်း စပိန်အသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး သူရဲ့စပိန်လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကစားပေးရဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

အသက်(၂၄)နှစ်အရွှယ်ရှိ တောင်ပံကစားသမား ထရာအိုရေးဟာ မာလီနိုင်ငံသားအဖြစ် ခံယူနိုင်သူဖြစ်ပေမယ့်လည်း စပိန်အသင်းကိုပဲ ရွေးချယ်ခဲ့သလို စပိန်အသင်းကလည်း သူ့ကို ယူရို-၂၀၂၀ ခြေစစ်ပွဲတွေအတွက် အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းရွေးချယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ဒဏ်ရာပြသာနာကြောင့် အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့ရပြီး အခုချိန်ထိ လက်ရွေးစင်အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားပေးထားရခြင်း မရှိသေးပဲ ယူ-၁၆ ယူ-၁၇ ယူ-၁၉ ယူ-၂၁အသင်းတွေအတွက် ပါဝင်ပေးထားခဲ့ရပါတယ်။ ဂျာမနီ ယူကရိန်းအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် စပိန်အသင်းက အသင်းရဲ့လူစာရင်းအဖြစ် ဂိုးသမားမှာ ဒီဂီယာ ကယ်ပါနဲ့ ဆိုင်မွန် နောက်တန်းမှာ နာဗက်စ် ကာဗာဂျယ် ရာမို့စ် ပါအူတောရက်စ် လော်ရန်တေး ဂါရာ ရယ်ဂီလွန်နဲ့ ဂါဆီယာ အလယ်တန်းမှာ ဖာဘီယန် သီယာဂို ဘူးစကတ်စ် ရိုဒရီ မာရီနို အယ်လ်မို အော်စကာရိုဒရီဂွက်ဇ်နဲ့ တိုက်စစ်မှာတော့ ရိုဒရီဂို အိုယာဇာဘယ် ထရာအိုရေး အဆန်စီယို ဖာတီနဲ့ ဖာရန်တောရက်စ်တို့ကို ရွေးချယ်ထားခဲ့ပြီး အသက်ငယ်ရွှယ်တဲ့ ကစားသမားလေးတွေ ပါဝင်လာခဲ့ကြသလို ဝါရင့်ကစားသမားကြီးတချို့ကို ထည့်သွင်းလို့ထားပါတယ်။