ယခုအပတ်အတွင်း ကစားကြမယ့် အင်္ဂလန် ဘောလုံး ပွဲစဉ်တွေထဲမှာ ချန်ပီယံရှစ် ပွဲစဉ် (၃) ပွဲ၊ လိဂ်ဝမ်း ပွဲစဉ် (၄) ပွဲ နဲ့ လိဂ်တူး ပွဲစဉ် (၃) ပွဲ၊ စုစုပေါင်း ပွဲစဉ် (၁၀) ပွဲကို ပရိသတ် (၁၀,၀၀၀) စီ ကွင်းထဲ ဝင်ရောက် ကြည့်ရူခွင့်ပေးသွားမှာ ဖြစ်တယ်လို့ အတည်ပြုချက် ထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံက ဘောလုံး ပြိုင်ပွဲတွေဟာ ပြီးခဲ့တဲ့ မတ်လကတည်းက ကိုရိုနာ ဗိုင်းရပ်ကြောင့် ပရိသတ် တစ်ဦးမှ မပါဘဲ ကွင်းပိတ် ကစားလာခဲ့တာ ဖြစ်ပြီး (၆) လခန့်အကြာ၊ ယခုလ၊ စက်တင်ဘာလမှာတော့ ချန်ပီယံရှစ် ပွဲစဉ်၊ လိဂ်ဝမ်း ပွဲစဉ် နဲ့ လိဂ်တူး ပွဲစဉ် အချို့ကို ကွင်းထဲကနေ အားပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

လိဂ်အကြီးအကဲတွေဟာ ယဉ်းကျေမှု အတွင်းရေးမှုး ဖြစ်တဲ့ အိုလီဗာ ဒေါ်ဒန် (Oliver Dowden)  နဲ့ လိဂ်မတူတဲ့ ပွဲစဉ် (၁၀) ပွဲကို  ပရိသတ် (၁၀,၀၀၀) စီ ကြည်ခွင့် ပေးဖို့ သဘောတူညီမှုတွေ ရရှိခဲ့တာကြောင့် ယခုအပတ်မှာ ပွဲစဉ် (၁၀) ပွဲကို ပရိသတ်တွေ ပွဲကြည့်ခွင့် ရရှိသွားတော့မှာပဲ ဖြစ်ပါတယ်။ အင်္ဂလန် အခြေစိုက် ချန်ပီယံရှစ် ပြိုင်ပွဲ၊ လိဂ်ဝမ်း ပြိုင်ပွဲ နဲ့ လိဂ်တူး ပြိုင်ပွဲတွေကို ပရိသတ်တွေ အကန့်အသတ်နဲ့ စတင် ကြည့်ရူခွင့် ပေးသွားတော့မှာ ဖြစ်ပေမယ့်လည်း အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကိုတော့ ဘယ်အချိန်မှာ ပရိသတ်တွေ ကွင်းထဲဝင်ကြည့်နိုင်မလဲ မသိရသေးတာ ဖြစ်ပါတယ်။

Photo Credit: TheSun

ပရိသတ် (၁၀,၀၀၀) ကွင်းထဲ ဝင်ကြည့်လို့ ရမယ့် ချန်ပီယံရှစ် ပွဲစဉ် (၃) ပွဲက လူတန်အသင်း နဲ့ ဒါဘီအသင်း ပွဲစဉ်၊ ပရက်စတန်အသင်း နဲ့ နော်ဝှချ်စီးတီးအသင်း ပွဲစဉ် နဲ့ မစ်ဒယ်ဘရောင်းအသင်း နဲ့ ဘုန်းမောက်အသင်း ပွဲစဉ် ဖြစ်ပါတယ်။ လိဂ်ဝမ်း ပွဲစဉ် (၄) ပွဲကတော့ ချာတန်အသင်း နဲ့ ဒွန်ကက်စတာအသင်း ပွဲစဉ်၊ ဘလက်ပူးလ်အသင်း နဲ့ ဆွင်ဒွန်အသင်း ပွဲစဉ်၊ နော်သမ်တန်အသင်း နဲ့ ရွရူဘူရီအသင်း ပွဲစဉ်၊ နဲ ဟူးလ်စီးတီးအသင်း နဲ့ ခရူဝီအသင်းတို့ ပွဲစဉ် ဖြစ်ပါတယ်။ လိဂ်တူး ပွဲစဉ် ပွဲစဉ် (၃) ပွဲက ဖောရက်ဂရင်း ပွဲစဉ်၊ ကာလစ်လီ ပွဲစဉ် နဲ့ မော်ကမ်ဘီ ပွဲစဉ်တို့ ဖြစ်ပြီး ပွဲစဉ် (၁၀) ပွဲကို (၁) ပွဲစီမှာ ပရိသတ် (၁၀,၀၀၀) စီ ဝင်ကြည့်နိုင်တာကြောင့် အလွန် ကောင်းတဲ့ လက္ခာဏာ ဖြစ်သလို၊ မကြာခင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ပရိသတ်တွေ ပွဲကြည့်ခွင့် ပေးလာနိုင်ပါတယ်။