MySport Myanmar

ရီးယဲလ်မက်ဒရစ်ရဲ့ အသင်းလိုက် အောင်ပွဲခံနေမှုမှာ ထပ်မံပျက်ကွက်ခဲ့ပြန်တဲ့ ဂါရတ်ဘေးလ်

ဆီဗီလာအသင်းကို (၂)ဂိုးပြတ် အရေးနိမ့်နေရာကနေ အနောက်ကနေ လိုက်ကစားရင်း ဘန်ဇီမာရဲ့ နောက်ကျအနိုင်ဂိုးနဲ့ comeback နိုင်ပွဲကို ရယူခဲ့တုန်း ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အဝတ်လဲခန်းအတွင်း အောင်ပွဲခံနေမှုမှာ အသင်းရဲ့အောင်ပွဲနဲ့ ဘာမှမဆိုင်သလို ပြုမှုနေခဲ့ပြီး အသင်းက လာလီဂါချန်ပီယံ ဖြစ်သွားချိန်မှာလည်း အသင်းရဲ့ ဆုဖလား ကိုင်မြှောက်တဲ့ အခမ်းအနားမှာ ပါဝင်ခြင်းမရှိလာခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ အခုလည်း အသင်းက ချန်ပီယံလိဂ်ဖိုင်နယ်ကို တတ်ရောက်သွားလို့ အသင်းလိုက် အောင်ပွဲခံနေချိန်မှာလည်း အသင်းသားတွေနဲ့ အတူတကွ ရှိမနေခဲ့ပြန်ပါဘူး။

Photo Credit : The Sun

ဒီနှစ်ဘောလုံးရာသီအကုန်မှာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝေးလ်စ်လက်ရွေးစင် ကစားသမား ဂါရတ်ဘေးလ်ဟာ ဒီရာသီထဲမှာလည်း အသင်းအတွက် လာလီဂါ(၅)ပွဲ ချန်ပီယံလိဂ်(၂)ပွဲသာ ပါဝင်ထားခဲ့ရပြီး တစ်ရာသီလုံးနီးပါးမှာ ဒူးဒဏ်ရာ ခြေသလုံးဒဏ်ရာနဲ့ အခုလည်း နောက်ကျောပြသာနာတွေကို ခံစားနေရတာ ဖြစ်ပါတယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ ဒဏ်ရာပြသာနာက ကြီးကြီးမားမား မဟုတ်ပေမယ့်လည်း အသင်းလိုက် အောင်ပွဲခံနေချိန်မှာ ပါဝင်ခြင်းမရှိတာ လာလီဂါချန်ပီယံ ဖြစ်နေချိန် ဆုပေးပွဲ အခမ်းအနားနဲ့ ဆုဖလား ကိုင်မြှောက်ချိန်တွေမှာ အသင်းနဲ့ ပူးပေါင်းခြင်း မရှိတာတွေက အသင်းပရိသတ်တွေအတွက် ငြိုငြင်စရာ ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Instagram

အခုလည်း ရီးယဲလ်အသင်းဟာ ဘာနေဗျူးကွင်းမှာ မန်စီးတီးအသင်းကို အံ့သြမှင်သက်လောက်စရာ comeback ကြီးနဲ့ အနိုင်ယူကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ဆီ တတ်လှမ်းသွားချိန်မှာ ဘေးလ်လိုပဲ ဒဏ်ရာတွေနဲ့ လုံးပန်းနေရတဲ့ အီဒင်ဟာဇက်ပါ အသင်းသားတွေနဲ့အတူ အောင်ပွဲခံနေခဲ့ပေမယ့် ဘေးလ်ကတော့ အောင်ပွဲခံနေတဲ့ ရီးယဲလ်ကစားသမားတွေထဲ ပါဝင်နေခြင်း မရှိခဲ့ပြန်ပါဘူး။ ဘေးလ်ဟာ သူရဂဲ့အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခြင်း မရှိပဲ သူရဲ့ instagram ပေါ်ကနေသာ ရီးယဲလ်အသင်းနဲ့ ပွဲပြီးရလဒ် twitter post ကို ပြန်တင်ပြီး “ဖိုင်နယ်ဆီသို့” ဆိုတဲ့ စာသားကို ရေးသားဖော်ပြထားရင်း အောင်ပွဲခံသွားခဲ့ပါတယ်။ အက်စပန်ညိုကို ဂိုးပြတ်အနိုင်ယူပြီး ဘာနေဗျူးမှာပဲ လာလီဂါချန်ပီယံဆုကို လက်ခံရယူနေချိန်မှာပါ ပျက်ကွက်ခဲ့တဲ့ ဘေးလ်က သူရဲ့ နောက်ကျောပြသာနာကြောင့် ဒီအခမ်းအနားကို မတတ်ရောက်နိုင်တာဖြစ်ကြောင်း ဒီလို မတတ်ရောက်နိုင်လို့ စိတ်ပျက်မိရပေမယ့်လည်း အသင်းဖော်တွေအတွက် ဂုဏ်ယူမိကြောင်း ချန်ပီယံဖြစ်ခဲ့ရတဲ့ အသင်းအတွက်လည်း ပျော်ရွှင်မိကြောင်း သူရဲ့ twitter ပေါ်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။

Exit mobile version