MySport Myanmar

L’Equipe ရဲ့ 2022 team of the year မှာ ဗန်ဒိုက် ဝေါ်ကာတို့ ပါဝင်နေခြင်းအပေါ် ဝေဖန်နေကြ

နာမည်ကျော် ပြင်သစ်သတင်းစာ L’Equipe ကနေ ထုတ်ပြန်လာခဲ့တဲ့ ၂၀၂၂ခုနှစ်ရဲ့ နေရာအလိုက် အကောင်းဆုံး ဘောလုံးသမား (၁၁)ယောက် (တစ်နှစ်တာရဲ့ အကောင်းဆုံးအသင်း)မှာ လီဗာပူးလ် နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်နဲ့ မန်စီးတီးနောက်ခံလူ ကိုင်လ်ဝေါ်ကာတို့ ပါဝင်နေခြင်းအပေါ် ဘောလုံးပရိသတ်တွေက အံ့အားသင့်နေပြီး ဝေဖန်မှုတွေပါ ပြုလုပ်လာခဲ့ကြပါတယ်။

Photo Credit : Goal

ပြင်သစ်နိုင်ငံမှာသာမကပဲ ကမ္ဘာတစ်ဝန်းမှာပါ နာမည်ကြီးနေတဲ့ L’Equipe သတင်းစာရဲ့ 2022 team of the year ၂၀၂၂ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းကို ထုတ်ပြန်လာခဲ့ရာ ကမ္ဘာ့ဖလားချန်ပီယံ လီယွန်နယ်မက်ဆီ ၊ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုရှင် ကီလီယန်အမ်ဘာပေနဲ့ 2022 Ballon d’Or ဆုရှင် ကာရန်ဘန်ဇီမာတို့ ပါဝင်လာခဲ့ပေမယ့် နောက်တန်း(၄)ယောက်အတွင်း ညာခြမ်းမှာ ဝေါ်ကာကို ရွေးထားခြင်းနဲ့ ဗဟိုခံစစ်နေရာမှာ ဗန်ဒိုက်ကို ရွေးချယ်ထားခြင်းတို့အပေါ် ဘောလုံးပရိသတ်တွေက လက်မခံနိုင်ကြပဲ ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ လုပ်ဆောင်လာကြပါတယ်။

L’Equipe ရဲ့ 2022 team of the year

ဂိုး – ကော်တိုရစ်(ရီးယဲလ်မက်ဒရစ်/ဘယ်လ်ဂျီယံ)

ခံစစ် – ဝေါ်ကာ(မန်စီးတီး/အင်္ဂလန်) ဗန်ဒိုက်(လီဗာပူးလ်/နယ်သာလန်) ဂါဗာဒီယော့(လိုက်ပ်ဇစ်/ခရိုအေးရှား) သီအိုဟာနန်ဒက်ဇ်(အေစီမီလန်/ပြင်သစ်)

ကွင်းလယ် – မိုဒရစ်(ရီးယဲလ်မက်ဒရစ်/ခရိုအေးရှား) ကတ်စီမဲရိုး(မန်ချက်စတာယူနိုက်တက်/ဘရာဇီးလ်)

တောင်ပံ – မက်ဆီ(ပီအက်စ်ဂျီ/အာဂျင်တီးနား) ဒီဘရိုင်းနား(မန်စီးတီး/ဘယ်လ်ဂျီယံ)

တိုက်စစ် – ဘာပေ(ပီအက်စ်ဂျီ/ပြင်သစ်) ဘန်ဇီမာ(ရီးယဲလ်မက်ဒရစ်/ပြင်သစ်)

Photo Credit : Daily Mail

ဒီ ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး “VVD(ဗန်ဒိုက်)က ပရီးမီးယားလိဂ်မှာ အကောင်းဆုံး CB မဖြစ်သေးပါဘူး။ သူရဲ့စံနှုန်းများအရဆိုရင် ဒီရွေးချယ်မှုမှာ ချန်လှပ်ခံခဲ့ရသင့်တယ်။ ဝေါ်ကာရောပါ။ ရီးစ်ဂျိမ်းစ်က ဒဏ်ရာကြောင့် ပွဲတွေ သိပ်မကစားရဘူးဆိုရင်တောင် ကျွန်တော်ကတော့ ဝေါ်ကာထက် ကန်ဆယ်လိုကိုပဲ ရွေးချယ်ပါမယ်” “ဗန်ဒိုက်က ကျွန်တော် အကြိုက်ဆုံး ကစားသမားဆိုပေမယ့်လည်း ဒီအသင်းမှာတော့ မပါဝင်သင့်ပါဘူး” “ဗန်ဒိုက် ပါလာတယ်ဟုတ်လား။ ပရိသတ်တစ်ယောက်အနေနဲ့ သူက အဆင့်အတန်း မမီဘူးဆိုတာကို သိနေပါတယ်” လို့ ဝေဖန်မှုတွေ ပြုလုပ်ထားခဲ့ကြပါတယ်။

Exit mobile version