၂၀၂၁ခုနှစ်ရဲ့ နွေရာသီ ဘောလုံးသမား အပြောင်းအရွှေ့စျေးကွက်ကတော့ ပိတ်သိမ်းလို့ သွားခဲ့ပါပြီ။ ကလပ်အသင်းတိုင်းက ကစားသမားသစ် ခေါ်ယူမှုတွေ ကစားသမား ရောင်းချမှုတွေကို အပြိုင်အဆိုင် လုပ်ဆောင်ခဲ့ကြပြီး တချို့အသင်းတွေကလည်း ထင်သလောက် အင်အားဖြည့်တင်းမှုတွေကို မလုပ်ဆောင်နိုင်ပဲ ကစားသမားသစ် အနည်းအကျဉ်းနဲ့သာ စျေးကွက်ပိတ်ခဲ့ရပါတယ်။ ဒါပေမယ့် တကယ်လို့များ စျေးကွက်ပိတ်သွားချိန်မှာ အသင်းအတွက် ကစားသမား ခေါ်ယူချင်နေသေးတယ်ဆိုရင် အဆင်ပြေနိုင်မယ့် Free Agent အသင်းလက်မဲ့ ကစားသမားတွေ ရှိနေသေးပြီး သူတို့ကိုတော့ အချိန်မရွေး ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

Photo Credit : 90Min

ပထမဆုံး ဂိုးသမားပိုင်းမှာဆိုရင်တော့ Free Agents ဖြစ်နေတဲ့ နာမည်ကျော်ဂိုးသမားတွေက သိပ်များများစားစား ရှိမနေပဲ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ အာဂျင်တီးနားဂိုးသမား ဆာဂျီယိုရိုမဲရိုးနဲ့ စပိန်လာလီဂါရဲ့ ဝါရင့်ဂိုးသမားကြီး မိုရာတို့သာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ ဂိုးသမားတွေအဖြစ် ပါဝင်လို့နေပြီး အသက်အရွှယ်နဲ့ အတွေ့အကြုံအရ ရိုမဲရိုးကို ကလပ်အသင်းတွေက ပိုမိုအလိုရှိလာနိုင်ပါတယ်။

Photo Credit : Twitter

ခံစစ်ပိုင်းမှာဆိုရင်တော့ Free Agents ကစားသမားတွေ စုပုံလို့နေပြီး ဗဟိုခံစစ်မှာဆိုရင်ပဲ ဂျရုန်းဘိုတန် ဒေးဗစ်လူးဝစ်ဇ် မူစတာဖီနဲ့ မန်ဂါလာတို့လို နာမည်ကြီး ခံစစ်မှူးတွေ ရှိနေသလို နောက်ခံအစွန်ပိုင်းတွေမှာဆိုရင်လည်း မနေ့ကမှ စပါးနဲ့ လမ်းခွဲထားတဲ့ အော်ရီယာ ယူနိုက်တက်ကစားသမားဟောင်း ရာဖေးလ် အသက်လက်တီကို ကစားသမားဟောင်းကြီး ဟွမ်ဖရန်တို့လည်း ရှိနေပါတယ်။

Photo Credit : Sky Sports

ကွင်းလယ်မှာဆိုရင်တော့ ဂျက်ဝီရှိုင်းယား ချယ်လ်ဆီးကစားသမားဟောင်း ရာမီရက်ဇ် အဲဗာတန်နဲ့ မန်စီးတီး ကစားသမားဟောင်း ဂျက်ရော့ဒ်ဝဲလ်နဲ့ စီးရီးအေ ဝါရင့်ကစားသမား အဆာမိုတို့ ရှိနေပါတယ်။ ကွင်းလယ်တိုက်စစ်ပိုင်းမှာဆိုရင် ဘင်အာဖာ မာကိုမာရင် မက်စ်မေယာနဲ့ ပက်စ်တိုရီတို့လို ပရိသတ်တွေ ရင်းနှီးပြီးသား ကစားသမားတွေ ရှိနေပါတယ်။

Photo Credit : ESPN

တောင်ပံတိုက်စစ်ပိုင်းမှာ ဆော်လမွန်ကာလူး ကယ်ဗင်မီရာလက်စ် ဖရန့်ရစ်ဘာရီတို့လို ဝါရင့်ကစားသမားကြီးတွေ ရှိနေသလို တိုက်စစ်ပိုင်းမှာဆိုရင်လည်း ကားလို့စ်တဲဗက်ဇ် ဖယ်ကာအို စတာရစ်ချ် ဘိုနီ အန်ဒီကာရိုး မန်ဇူကစ်ဇ် အက်ဒါ ဂျီအိုဗန်ကိုနဲ့ ဒေါ့ဆန်းတို့စ်တို့လို နာမည်ကျော် Free Agents တိုက်စစ်ကစားသမားတွေ များစွာရှိလို့နေပါတယ်။