ဒီတစ္ပတ္ ေသာၾကာ စေနနဲ႔ တနဂၤေႏြ ၃ရက္မွာေတာ့ အက္ေအဖလား ပဥၥမအဆင့္ၿပိဳင္ပြဲရဲ႕ ပြဲစဥ္ေပါင္း၇ပြဲကုိ ယွဥ္ၿပိဳင္ကစားခဲ႔ၾကၿပီး ဒီေန႔ညမွာေတာ့ ဒီတစ္ပတ္အက္ေအဖလားရဲ႕ ပြဲႀကီးပြဲေကာင္းျဖစ္တဲ့ ခ်ယ္လ္ဆီးနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းတုိ႔ရဲ႕ပြဲကုိ ဆက္လက္ယွဥ္ၿပိဳင္သြားၾကမွာျဖစ္ပါတယ္။

ေသာၾကာေန႔က ယွဥ္ၿပိဳင္ကစားခဲ႔တဲ႔ က်ဴပီအာနဲ႔ဝက္ဖို႔ဒ္တုိ႔ပြဲမွာေတာ့ ဧည့္သည္က်ဴပီအာက တစ္ဂုိးတည္းအႏုိင္ရခဲ႔ပါတယ္။ စေနေန႔ညမွာ ကစားခဲ႔တဲ႔ ပြဲစဥ္၃ပြဲမွာေတာ့ ဘရုိက္တန္က ဒါဘီေကာင္တီကုိ ၂ဂုိး၁ဂုိး ၊ မီေဝါက ဝင္ဘယ္ဒန္ကုိ ၁ဂုိး ဂိုးမရွိ ၊ မန္စီးတီးက နယူးပုိ႔တ္ကုိ ၁ဂိုး၄ဂုိးတုိ႔နဲ႔ အသီးသီးအႏုိင္ရခဲ႔ၿပီး ကြာတားဖုိင္နယ္ကုိ တတ္ေရာက္သြားခဲ႔ၾကပါတယ္။ တနဂၤေႏြေန႔မွာ ကစားသြားခဲ႔တဲ႔ ေနာက္ထပ္ပြဲ၃ပြဲမွာေတာ့ ဝုလ္ဗ္က ဘရစၥတုိးကုိ ၁ဂုိး ဂုိးမရွိ ၊ ခရစၥတယ္ပဲေလ့စ္အသင္းက ဒြန္ကတ္စတာကုိ ၂ဂုိး ဂုိးမရွိ ၊ ဆြမ္ဆီးက ဘရန္ဖုိဒ့္ကုိ ၄ဂုိး၁ဂုိးတုိ႕နဲ အႏုိင္ရခဲ႔ၿပီး ကြာတားဖုိင္နယ္ကုိ ေရာက္ရွိသြားခဲ႔ပါတယ္။

လက္ရွိမွာေတာ့ ကြာတားဖုိင္နယ္ကုိ အသင္းေပါင္း က တတ္ေရာက္လုိ႔ေနၿပီျဖစ္ၿပီး ဒီညမွာလည္း ခ်ယ္လ္ဆီးနဲ႔ယူႏုိက္တက္အသင္းထဲက ဘယ္အသင္း ကြာတားကုိ တတ္သြားမလဲဆုိတာ စိတ္ဝင္စားစရာေကာင္းပါတယ္။ ၂သင္းလုံးရဲ႕ ဒီႏွစ္ရာသီအတြက္ ျဖစ္ႏုိင္ေျခအရွိဆုံးဖလားမွာ အက္ေအဖလား ျဖစ္ေနတာေၾကာင့္ ဒီပြဲကုိ အႀကိတ္အနယ္ ရင္ဆုိင္ၾကမွာပါ။ ဒီပြဲၿပီးတာနဲ႔ အက္ေအဖလားရဲ႕ ကြာတားဖုိင္နယ္ မဲခြဲမႈကုိလည္း ျပဳလုပ္သြားမွာျဖစ္လုိ႔ ဘယ္အသင္းေတြ ထိပ္တုိက္ေတြ႕သြားၾကဦးမလဲဆုိတာ ရင္ခုန္စရာပါ။ အသင္းေပါင္း၈သင္းအနက္ ထူးထူးျခားျခား ပါဝင္လာခဲ႔တဲ႔ ခ်န္ပီယံရွစ္ကလပ္အသင္း၂သင္းျဖစ္တဲ႔ မီေဝါနဲ႔ဆြမ္ဆီးတုိ႔မွာလည္း ထပ္ၿပီးမထင္ထားတာေတြ လုပ္ျပႏုိင္ဦးမလားဆုိတာကလည္း စိတ္ဝင္စားစရာေကာင္းေနပါတယ္ခင္ဗ်ာ။

(Unicode)

ဒီတစ်ပတ် သောကြာ စနေနဲ့ တနင်္ဂနွေ ၃ရက်မှာတော့ အက်အေဖလား ပဥ္စမအဆင့်ပြိုင်ပွဲရဲ့ ပွဲစဉ်ပေါင်းရပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒီနေ့ညမှာတော့ ဒီတစ်ပတ်အက်အေဖလားရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲကို ဆက်လက်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

သောကြာနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကျူပီအာနဲ့ဝက်ဖို့ဒ်တို့ပွဲမှာတော့ ဧည့်သည်ကျူပီအာက တစ်ဂိုးတည်းအနိုင်ရခဲ့ပါတယ်။ စနေနေ့ညမှာ ကစားခဲ့တဲ့ ပွဲစဉ်၃ပွဲမှာတော့ ဘရိုက်တန်က ဒါဘီကောင်တီကို ၂ဂိုး၁ဂိုး ၊ မီဝေါက ဝင်ဘယ်ဒန်ကို ၁ဂိုး ဂိုးမရှိ ၊ မန်စီးတီးက နယူးပို့တ်ကို ၁ဂိုး၄ဂိုးတို့နဲ့ အသီးသီးအနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို တတ်ရောက်သွားခဲ့ကြပါတယ်။ တနင်္ဂနွေနေ့မှာ ကစားသွားခဲ့တဲ့ နောက်ထပ်ပွဲ၃ပွဲမှာတော့ ဝုလ်ဗ်က ဘရစ္စတိုးကို ၁ဂိုး ဂိုးမရှိ ၊ ခရစ္စတယ်ပဲလေ့စ်အသင်းက ဒွန်ကတ်စတာကို ၂ဂိုး ဂိုးမရှိ ၊ ဆွမ်ဆီးက ဘရန်ဖိုဒ့်ကို ၄ဂိုး၁ဂိုးတို့နဲ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိသွားခဲ့ပါတယ်။

လက်ရှိမှာတော့ ကွာတားဖိုင်နယ်ကို အသင်းပေါင်း က တတ်ရောက်လို့နေပြီဖြစ်ပြီး ဒီညမှာလည်း ချယ်လ်ဆီးနဲ့ယူနိုက်တက်အသင်းထဲက ဘယ်အသင်း ကွာတားကို တတ်သွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ၂သင်းလုံးရဲ့ ဒီနှစ်ရာသီအတွက် ဖြစ်နိုင်ခြေအရှိဆုံးဖလားမှာ အက်အေဖလား ဖြစ်နေတာကြောင့် ဒီပွဲကို အကြိတ်အနယ် ရင်ဆိုင်ကြမှာပါ။ ဒီပွဲပြီးတာနဲ့ အက်အေဖလားရဲ့ ကွာတားဖိုင်နယ် မဲခွဲမှုကိုလည်း ပြုလုပ်သွားမှာဖြစ်လို့ ဘယ်အသင်းတွေ ထိပ်တိုက်တွေ့သွားကြဦးမလဲဆိုတာ ရင်ခုန်စရာပါ။ အသင်းပေါင်း၈သင်းအနက် ထူးထူးခြားခြား ပါဝင်လာခဲ့တဲ့ ချန်ပီယံရှစ်ကလပ်အသင်း၂သင်းဖြစ်တဲ့ မီဝေါနဲ့ဆွမ်ဆီးတို့မှာလည်း ထပ်ပြီးမထင်ထားတာတွေ လုပ်ပြနိုင်ဦးမလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်ခင်ဗျာ။