ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ ကွင်းလယ်လူ ဖာဘရီဂတ်စ်က သူ့အသင်းဟောင်း ချယ်လ်ဆီအနေနဲ့ လက်ရှိမှာ အခြေအနေတွေ ဆိုးရွှားနေပြီး အဆင့် ရပ်တည်ချက် ခပ်ဆိုးဆိုးနဲ့ ရာသီသိမ်းသွားရဖို့ ရှိနေပေမယ့်လည်း လာမယ့် ရာသီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံပါ ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ သောမတ်စ်တူဟယ်လ် ဂရေဟမ်ပေါ်တာတို့ကို အသင်းနည်းပြ ရာထူးတွေကနေ ထုတ်ပယ်ခဲ့ပြီး လက်ရှိမှာ အသင်းရဲ့ legend player ဟောင်း ဖရန့်လမ်းပတ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးထားရာ လမ်းပတ်လက်ထက်မှာပဲ ချယ်လ်ဆီးက (၆)ပွဲဆက်တိုက်အထိကို ရှုံးပွဲဆက်နေရပါတယ်။ တန်းဆင်းဇုန်နားက ကလပ်အသင်းတွေနဲ့ပါ ရမှတ် မတိမ်းမယိမ်း ဖြစ်လာရတဲ့အထိ အခြေအနေ ဆိုးရွှားနေတဲ့ ချယ်လ်ဆီးက လာမယ့် ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကိုပါ သိမ်းပိုက်သွားနိုင်တယ်လို့ ကစားသမားဟောင်း ဖာဘရီဂတ်စ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

Cesc Fabregas believes Chelsea can win the Premier League next season

Photo Credit : The Sun

“လွန်ခဲ့တဲ့ (၆)နှစ်ခန့်က ကျွန်တော်တို့ ချယ်လ်ဆီးအသင်းမှာ တကယ့်ကို ဆိုးရွှားလှတဲ့ ရာသီတစ်ခု ရှိခဲ့ရတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုရင် အဲ့ဒီတုန်းက ကျွန်တော်တို့တွေ အဆင့်(၁၀)သာ ရပ်တည်နိုင်ခဲ့တယ်။ မော်ရင်ဟို ထွက်သွားတယ်။ ဟစ်ဒင့် ရောက်လာတယ်။ အဲ့ဒီမှာ သူက လော့တပ်ချိဖ်တို့ အေဘရာဟမ်တို့လို လူငယ် ကစားသမားတွေကို ကစားခွင့်ပေးတယ်။ နောက်ရာသီအတွက် ဘောလုံးအတွေ့အကြုံတွေ ပေးလာတယ်။ နောက်ပြီး ဧပြီလမှာပဲ သူတို့ ကွန်တီကို လက်မှတ်ထိုးလိုက်တာ ကျွန်တော် မှတ်မိနေသေးတယ်။ ကွန်တီက လေ့ကျင့်ရေးကွင်းကို ရောက်လာပြီး တစ်ယောက်ချင်းစီနဲ့ စကားပြောတယ်။”

He won the trophy in 2017 after a terrible previous season

Photo Credit : The Sun

“သူက ကျွန်တော်တို့နဲ့အတူ ဘာတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားလဲဆိုတာ ပြောဆိုတယ်။ ကျွန်တော်တို့ လန်းလန်းဆန်းဆန်းနဲ့ပဲ စတင်နိုင်ခဲ့တယ်။ ပရီးမီးယားလိဂ်ဖလားကို ဂွာဒီယိုလာ ကလော့တို့နဲ့ ယှဉ်ပြိုင်ပြီး ရယူခဲ့တယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ဆိုလိုချင်တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ (၆)နှစ်တုန်းက ဖြစ်ပေါ်ခဲ့တာ။ ကျွန်တော့်ကိုယ်တွေ့ပဲ။ ဒီလို ကာရိုက်တာမျိုးရှိတဲ့ လူတစ်ဦးကိုသာ ခေါ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဒီလူက အသင်းမှာ ရှိနေတဲ့ ဘယ်သူ့ကိုမဆို ရှင်းလင်း ပြတ်သားတဲ့ အကြံညဏ်တွေ ပေးနိုင်လိမ့်မယ်။ နောက်ပြီး ဒါကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။” လို့ ဖာဘရီဂတ်စ်က ပြောဆိုသွားခဲ့ပါတယ်။