စပိန်ကွင်းလယ်ကစားသမား ဖာဘရီဂတ်ဟာ အာဆင်နယ်အသင်းရဲ့ သမိုင်းတလျှောက် အသက်အငယ်ဆုံးသော အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့သလို အွန်နရီ ဗီအာရာတို့လို အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက် ဖြစ်လာဖို့ နီးစပ်ခဲဲ့သူဖြစ်ခဲဲ့ပေမယ့်လည်း အသင်းဟောင်း ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို မလွန်ဆန်နိုင်ခဲ့လို့ အာဆင်နယ်ကို စွန့်ခွာခဲ့သလို အဲ့ဒီကနေတစ်ဆင့် အာဆင်နယ်ရဲ့ လန်ဒန်မြို့ခံအသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းကို ဆက်လက်ပြောင်းရွှေ့ခဲ့ကာ အခုတော့ လီဂူးဝမ်းကလပ် မိုနာကိုအသင်းမှာ ပါဝင်ကစားနေလျက်ရှိပါတယ်။

Photo Credit : Anadolu Agency

စပိန်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်က အာဆင်နယ်အသင်းမှာ (၈)နှစ်လောက်အထိ ပါဝင်ကစားခဲဲ့သူဖြစ်ကာ ၂၀၁၁ခုနှစ်မှာတော့ အာဆင်နယ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲဲ့ကာ (၃)နှစ်အကြာမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို တကျော့ပြန်ရောက်ရှိလာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းသား ဖြစ်လာချိန်မှာတော့ ဖာဘရီဂတ်စ်ဟာ သူရဲ့အသင်းဟောင်း အာဆင်နယ်နဲ့ မကြာခဏ ပြန်လည်ရင်ဆိုင်ခဲ့ရပြီး ဒီအသင်းနှစ်သင်းရဲ့ လန်ဒန်ဒါဘီပွဲမှာ သူရဲ့အပြုအမှုတစ်ခုကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Arsenal

အသက်(၃၂)နှစ်အရွှယ်ရှိ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်ရဲ့အိမ်ကွင်း အမ်းမရိတ်ဒ်မှာ ကစားခဲ့ရတဲ့ အာဆင်နယ်နဲဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ ပါဝင်ကစားခဲ့ရင်း လူစားလဲဲခံရချိန်မှာ အာဆင်နယ်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုရင်ဆိုင်ခဲ့ရကာ ဖာဘရီဂတ်စ်ကလည်း သူဝတ်ဆင်ထားတဲ့ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းဝတ််စုံမှာပါဝင်နေတဲ့ ချယ်လ်ဆီးအမှတ်တံဆိပ်ကို လက်နဲ့ပြန်ထိုးပြပြီး သူ့နှလုံးသားမှာ ချယ်လ်ဆီးပဲရှိတယ်ဆိုတဲ့ပုံကို ပြန်လည်ပြသသွားခဲ့ပါတယ်။ ဒီအပြုအမှုအပေါ် အာဆင်နယ်ပရိသတ်များစွာက ဖာဘရီဂတ်စ်အပေါ် ဒေါသပုန်ထခဲ့ကာ အသင်းအပေါ် သစ္စာမရှိတဲ့သူလို့ စွပ်စွဲခဲ့ရာ ဖာဘရီဂတ်စ်ဘက်ကနေ ပြန်လည်ဖြေရှင်းခဲ့ရပြီး ဒါဟာ သူ့ရင်ထဲမှာ အာဆင်နယ်ပရိသတ်တွေ ရှိနေတယ်ဆိုတာကို ပြသခြင်းသာဖြစ်တယ်လို့ သူရဲ့တွစ်တာပေါ်ကနေ ရှင်းပြသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဖာဘရီဂတ်စ်ဟာ မိုနာကိုအသင်းမှာ ပါဝင်ကစားလျက်ရှိနေပါတယ်။