MySport Myanmar

စီးရီးဘီကလပ် ကိုမိုဆီ ၂ရာသီ စာချုပ်နဲ့ ပြောင်းရွှေ့ ကစားတော့မယ့် ဖာဘရီဂတ်

ယခု နွေဈေးကွက်အတွင်းမှာ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မိုနာကိုနဲ့ လမ်းခွဲထားတဲ့ စပိန်ဝါရင့် ကွင်းလယ်လူ ဖာဘရီဂတ်က စီးရီးဘီကလပ် ကိုမိုဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် စပိန်ဝါရင့် ကွင်းလယ်လူ ဖာဘရီဂတ်က အာဆင်နယ် ၊ ဘာစီလိုနာ ၊ ချယ်လ်ဆီး စတဲ့ ဥရောပ ထိပ်သီးအသင်းတွေနဲ့အတူ အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့တဲ့ ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း သူက မိုနာကိုရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဒါပေမယ့် ဖာဘရီဂတ်က မိုနာကိုရဲ့ တာဝန်ရှိသူ တချို့နဲ့ ဆက်ဆံရေး မပြေလည်တာကြောင့် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခွင့် မရခဲ့ပဲ ယခုလ ၁ရက်နေ့မှာတင် မိုနာကိုနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကာ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်လာခဲ့ပါတယ်။

ဥရောပအသင်း တချို့က အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်နေတဲ့ ဖာဘရီဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမယ့် ဖာဘရီဂတ်ရဲ့ အသက်အရွယ်နဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် သူ့ကို အမှန်တကယ် ကမ်းလှမ်းခဲ့တဲ့ အသင်းတွေ မရှိခဲ့ပဲ စီးရီးဘီကလပ် ကိုမိုကသာ ဖာဘရီဂတ်ကို သူတို့အသင်းဆီ လာရောက် ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ဖာဘရီဂတ်ကလည်း အီတလီမြေမှာ ကစားချင်တဲ့ စိတ်ကူးကြောင့် ကိုမိုရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ကိုမိုက ဖာဘရီဂတ်ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရထားကြောင်း သိရပါတယ်။

Exit mobile version