ပီအက္စ္ဂ်ီအသင္းရဲ႕ျပင္သစ္လက္ေရြးစင္ လူငယ္တုိက္စစ္မွဴးေလး ကီလီယန္အမ္ဘာေပကုိ ေခၚယူခ်င္ေနတဲ႔ အသင္းေတြထဲမွာ ရီးရဲလ္မက္ဒရစ္နဲဲ႔အၿပိဳင္ လီဗာပူးလ္အသင္းလည္း ပါဝင္လုိ႔ေနၿပီး လာမယ့္ေႏြေစ်းကြက္မွာ ေခၚယူဖြယ္ရွိေနပါတယ္။ ဘာေပအေနနဲ႔ သူရဲ႕ေဘာလုံးသမားဘဝကုိ ျမင့္တင္ႏုိင္ဖုိ႔အတြက္ေရာ သူေလးစားအားက်ရတဲ႔ ဇီဒန္းရဲ႕လက္ေအာက္မွာ ကစားဖုိ႔အတြက္ ရီးရဲလ္မက္ဒရစ္အသင္းကုိပဲ ေရြးခ်ယ္ဖြယ္ရွိေနေပမယ့္ ဘာေပရဲ႕အသင္းေဖာ္ေဟာင္း ဖာဘင္ဟုိကေတာ့ ဘာေပကုိ လီဗာပူးလ္အသင္းဆီမွာပဲ လာေရာက္ကစားေစခ်င္တယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။

Photo Credit : The Sun

ဖာဘင္ဟုိနဲ႔ ဘာေပတုိ႔ႏွစ္ေယာက္ဟာ မုိနာကုိအသင္းမွာ တြဲဖက္ကစားခဲ႔ဖူးသူေတြျဖစ္ၿပီး အဲ႔ဒီအခ်ိန္တုန္းကလည္း မုိနာကုိအသင္းဟာ ဘာနာဒုိေဆးဗား ဘာေပ ဖာဘင္ဟုိ ေသာမတ္လူမာ ဘာကာယုိကုိ မန္ဒီတုိ႔လုိ ကစားသမားေကာင္းေတြကုိ ပုိင္ဆုိင္ထားတဲ႔အျပင္ နည္းျပယာဒင္းရဲ႕လက္ေအာက္မွာ အထူးေျခစြမ္းျပႏုိင္ခဲ႔ကာ ၂၀၁၇-၂၀၁၈ ေဘာလုံးရာသီ ျပင္သစ္လီဂူးဖလားကုိ ပုိင္ဆုိင္ႏုိင္ခဲ႔သလုိ ခ်န္ပီယံလိဂ္မွာလည္း မန္စီးတီးအသင္းကုိ ကြာတားမွာျဖဳတ္ခ်ခဲ႔ကာ ဆီမီးဖုိင္နယ္အထိကုိ တတ္လွမ္းခဲ႔ပါတယ္။ အဲ႔ဒီကေနတစ္ဆင့္ ဘာေပက ပီအက္စ္ဂ်ီကုိေရာက္သြားခဲ႔ၿပီး ဖာဘင္ဟုိကေတာ့ လီဗာပူးလ္ကုိ ေျပာင္းေရႊ႕႔သြားခဲ႔သြားခဲ႔ပါတယ္။

Photo Credit : Getty Images

ဖာဘင္ဟုိက ဘာေပကုိ မ်ားမၾကာခင္ အခ်ိန္တစ္ခုမွာ ဘလြန္းဒီေအာဆုကုိ သူရဲ႕အသင္းေဖာ္ေနမာထက္ေတာင္ အရင္ရယူႏုိင္မယ့္သူလုိ႔ ခ်ီးက်ဴးသြားခဲ႔ၿပီး လီဗာပူးလ္မွာ လာေရာက္ကစားဖုိ႔ကုိလည္း တုိက္တြန္းေျပာဆုိသြားခဲ႔ပါတယ္။ ဘာေပဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ၿပိဳင္ပြဲစုံသြင္းဂုိးေပါင္း ၁၈ဂုိးရယူထားႏုိင္ခဲ႔ၿပီး အသင္းနဲ႔အတူ လီဂူးဖလားကုိ ထပ္မံရယူႏုိင္ဖုိ႔ အေျခအေနေကာင္းလ်က္ရွိေနပါတယ္။ ဒီလုိ ေျခစြမ္းေကာင္းေတြ ျပသထားႏုိင္တဲ႔ ဘာေပဟာ လက္ရွိေဘာလုံးေလာကရဲ႕တန္ဖုိးအျမင့္မားဆုံးေသာ ေဘာလုံးသမားတစ္ေယာက္ျဖစ္ေနတာေၾကာင့္မုိ႔ သူ႔ကုိေခၚယူမယ္ဆုိရင္ ေျပာင္းေရႊ႕ေၾကးကုိ ေပါင္သန္းသုံးရာနီးပါးေလာက္အထိ သုံးစြဲလာရႏုိင္တာက လီဗာပူးလ္အတြက္ပါမကပဲ ရီးရဲလ္မက္ဒရစ္ အက်ပ္ရုိက္လာႏုိင္ပါတယ္။ ဒါေၾကာင့္လည္း လီဗာပူးလ္က အသင္းရဲဲ႕တုိက္စစ္ပုိင္းကုိ အင္အားျဖည့္တင္းဖုိ႔ ဘာေပတစ္ဦးတည္းသာမကပဲ ေနာက္ထပ္ျပင္သစ္တုိက္စစ္ကစားသမား အူစမန္ဒမ္ဘီလီကုိလည္း ဘာစီလုိနာအသင္းကေန ေခၚယူသြားဖုိ႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

(Unicode)

လီဗာပူးလ်မှာ ပြန်လည်တွဲဖက်ကစားဖွယ်ရှိနေကြတဲ့ မိုနာကိုကစားသမားဟောင်းနှစ်ဦး

ပီအက်စ်ဂျီအသင်းရဲ့ပြင်သစ်လက်ရွေးစင် လူငယ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ရီးရဲလ်မက်ဒရစ်နဲဲ့အပြိုင် လီဗာပူးလ်အသင်းလည်း ပါဝင်လို့နေပြီး လာမယ့်နွေစျေးကွက်မှာ ခေါ်ယူဖွယ်ရှိနေပါတယ်။ ဘာပေအနေနဲ့ သူရဲ့ဘောလုံးသမားဘဝကို မြင့်တင်နိုင်ဖို့အတွက်ရော သူလေးစားအားကျရတဲ့ ဇီဒန်းရဲ့လက်အောက်မှာ ကစားဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းကိုပဲ ရွေးချယ်ဖွယ်ရှိနေပေမယ့် ဘာပေရဲ့အသင်းဖော်ဟောင်း ဖာဘင်ဟိုကတော့ ဘာပေကို လီဗာပူးလ်အသင်းဆီမှာပဲ လာရောက်ကစားစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

ဖာဘင်ဟိုနဲ့ ဘာပေတို့နှစ်ယောက်ဟာ မိုနာကိုအသင်းမှာ တွဲဖက်ကစားခဲ့ဖူးသူတွေဖြစ်ပြီး အဲ့ဒီအချိန်တုန်းကလည်း မိုနာကိုအသင်းဟာ ဘာနာဒိုဆေးဗား ဘာပေ ဖာဘင်ဟို သောမတ်လူမာ ဘာကာယိုကို မန်ဒီတို့လို ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့အပြင် နည်းပြယာဒင်းရဲ့လက်အောက်မှာ အထူးခြေစွမ်းပြနိုင်ခဲ့ကာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ ပြင်သစ်လီဂူးဖလားကို ပိုင်ဆိုင်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း မန်စီးတီးအသင်းကို ကွာတားမှာဖြုတ်ချခဲ့ကာ ဆီမီးဖိုင်နယ်အထိကို တတ်လှမ်းခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ဘာပေက ပီအက်စ်ဂျီကိုရောက်သွားခဲ့ပြီး ဖာဘင်ဟိုကတော့ လီဗာပူးလ်ကို ပြောင်းရွှေ့့သွားခဲ့သွားခဲ့ပါတယ်။

Photo Credit : Getty Images

ဖာဘင်ဟိုက ဘာပေကို များမကြာခင် အချိန်တစ်ခုမှာ ဘလွန်းဒီအောဆုကို သူရဲ့အသင်းဖော်နေမာထက်တောင် အရင်ရယူနိုင်မယ့်သူလို့ ချီးကျူးသွားခဲ့ပြီး လီဗာပူးလ်မှာ လာရောက်ကစားဖို့ကိုလည်း တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း ၁၈ဂိုးရယူထားနိုင်ခဲ့ပြီး အသင်းနဲ့အတူ လီဂူးဖလားကို ထပ်မံရယူနိုင်ဖို့ အခြေအနေကောင်းလျက်ရှိနေပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဘာပေဟာ လက်ရှိဘောလုံးလောကရဲ့တန်ဖိုးအမြင့်မားဆုံးသော ဘောလုံးသမားတစ်ယောက်ဖြစ်နေတာကြောင့်မို့ သူ့ကိုခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးကို ပေါင်သန်းသုံးရာနီးပါးလောက်အထိ သုံးစွဲလာရနိုင်တာက လီဗာပူးလ်အတွက်ပါမကပဲ ရီးရဲလ်မက်ဒရစ် အကျပ်ရိုက်လာနိုင်ပါတယ်။ ဒါကြောင့်လည်း လီဗာပူးလ်က အသင်းရဲဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဘာပေတစ်ဦးတည်းသာမကပဲ နောက်ထပ်ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကိုလည်း ဘာစီလိုနာအသင်းကနေ ခေါ်ယူသွားဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။