




လီဗာပူးလ်အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြနေတဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဖာဘင်ဟိုကတော့ သူ့ရဲ့ ကလပ် အသင်းဖော်ဟောင်းဖြစ်သူ အမ်ဘာပေဟာ သူ့ရဲ့ နိုင်ငံအသင်းဖော် နေမာထက်အရင် ရွှေဘောလုံးဆုကို ရလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

Photo Credit: Standard.com

ဖာဘင်ဟိုနဲ့ အမ်ဘာပေတို့ဟာ ပြင်သစ် ကလပ် မိုနာကိုအသင်းမှာ အတူတကွ ကစားခဲ့ဖူးသူတွေဖြစ်ပြီး ဖာဘင်ဟို ၊ အမ်ဘာပေ ၊ ဘာနာဒိုဆေးလ်ဗား ၊ သောမတ်စ်လီမာတို့ရဲ့ အတွဲအဖက်နဲ့အတူ မိုနာကိုအသင်းဟာ ပြင်သစ် လီဂူးမှာ ပီအက်စ်ဂျီအသင်းရဲ့ အောင်မြင်မှုတွေကို ဖောက်ထွက်နိုင်ခဲ့ဖူးပါတယ်။

Photo Credit: Standard.com

ဖာဘင်ဟိုက အမ်ဘာပေဟာ နေမာထက် အရင် ရွှေဘောလုံးဆုကို ရရှိလိမ့်မယ်လို့ ဆိုသွားခဲ့ပြီး အခွင့်အရေးရလာရင် လီဗာပူးလ်ထံ လာရောက်ကစားဖို့အတွက် အမ်ဘာပေကို ဖိတ်ခေါ်သွားမယ်လို့ ဆိုသွားခဲ့ပါတယ်။ အမ်ဘာပေနဲ့ ပတ်သတ်ပြီး ဖာဘင်ဟိုက “အမ်ဘာပေဟာ နေမာထက်အရင် ရွှေဘောလုံးဆုကို ရရှိပါလိမ့်မယ်။ ကျွန်တော်က သူ့ကို လီဗာပူးလ်ဆီ လာကစားဖို့ ဖိတ်ခေါ်ချင်ပါတယ် ” လို့ ဖွင့်ဟသွားခဲ့တာပါ။