ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ မစ်‌ဂျေးလန်နဲ့ ပွဲစဉ်မှာတော့ လီဗာပူးအသင်းဟာ ၂ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထိုပွဲစဉ်မှာတော့ လီဗာပူး ကစားသမား ဖာဘင်ဟို ဟာ ဒူးကောက်ကြော ဒဏ်ရာ ရရှိခဲ့တယ်လို့ ကလော့ပ်က ပြောကြားပြီးနောက်မှာတော့ လီဗာပူးအသင်းရဲ့ ခံစစ်ပြဿနာက ပိုမိုကြီးမားလာပါတယ်။ ဘရာဇီးကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဖာဘင်ဟို ဟာ ထိုပွဲမှာ ဗန်ဒိုက်နဲ့ နဲ့ မာတစ် မပါဝင်နိုင်တဲ့ အတွက် နောက်တန်း ခံစစ်နေရာကို ဝင်ရောက် ကစားပေးခဲ့ရပါတယ်။ ဖာဘင်ဟိုကို မိနစ် ၃၀ အရောက်မှာ ရွိင်းစ် ဝီလီယံ နဲ့ လူစားလဲ ခဲ့ရပါတယ်။ ၅၅ မိနစ် အရောက်မှာတော့ ဂျိုတာက ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ထိုဂိုးဟာ လီဗာပူးအသင်း အတွက်တော့ ပြိုင်ပွဲစုံ ဂိုး ၁၀၀၀၀ ပြည့်မြောက်တဲ့ သွင်းဂိုးလည်း ဖြစ်လာပါတယ်။ ၉၃ မိနစ် အရောက်မှာတော့ ဆာလတ် က အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူခဲ့ပါတယ်။

Photo Credit: Sky Sports

ယခုလ အစောပိုင်းလောက်က အဲဗာတန်နဲ့ မာဆေးလ်ဆိုဒ် ဒါဘီ ပွဲစဉ်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့တဲ့ နယ်သာလန် ကြယ်ပွင့် ဗန်ဒိုက် ကို လက်လွှတ်လိုက်ရပြီးကတည်းက ကလော့ပ် အနေနဲ့ အဓိက ကစားသမားကို လက်လွှတ်ထားရသလို ဖြစ်နေပါတယ်။ အခုတစ်ခါမှာလည်း ဖာဘင်ဟို ရဲ့ ဒဏ်ရာ ပြဿနာ နဲ့ ပတ်သက်ပြီး ပြင်းထန်လား မပြင်းထန်ဘူးလားဆိုတာ သေချာမသိသေးဘူးလို့ ဆိုထားပါတယ်။ “ ကျွန်တော် မသိပါဘူ။ သူ ဒူးကောက်ကြော ဒဏ်ရာ ရခဲ့ပါတယ်။ ဒါက သိပ်တော့ မကောင်းပါဘူး။ သူ တအားကြီးတော့ မထိခိုက်သွားပါဘူး။ သူက ဆက်ကစားနိုင်သေးတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဒါက တာတိုပြေးပွဲမှ မဟုတ်တာ။ ဒါကြောင့် ဒါက အကူအညီ မဖြစ်ပါဘူး။ ကျွန်တော်တို့ စစ်ဆေးပြီးသွားရင် သိရပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ အခြေအနေ မကောင်းပါဘူး ”

Photo Credit: Sky Sports

ကလော့ပ် အနေနဲ့ ဒုတိယပိုင်း အရောက်မှာ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို လူစားလဲခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာ ပြဿနာကြောင့် လူစားလဲတာ မဟုတ်ကြောင်း ပြန်လည် ရှင်းပြသွားခဲ့ပါတယ်။ “ ကျွန်တော်တို့ အနေနဲ့ နောက်တစ်ပိုင်းမှာ ဟန်ဒါဆန် နဲ့ ပတ်သက်ပြီး အပြောင်းအလဲ တစ်ခုခု လုပ်ရတော့မယ်။ သူကတော့ သူ အဆင်ပြေနေပါတယ် ဆိုပြီး ပြောပေမယ့် ပွဲမကစားမီ အစီစဉ်က သူ့ကို ၄၅ မိနစ်ပဲ ပေးကစားဖို့ပါ။ ဒါမှသာ စနေနေ့မှာ ကစားမယ့် ဝက်စ်ဟမ်း နဲ့ ပွဲစဉ်မှာ သူ အဆင်ပြေမှာပါ ”

Photo Credit: Sky Sports

မာဆေးလ်ဆိုဒ်ဒါဘီ ပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့ မာတစ် ကို ဝက်စ်ဟန်း နဲ့ ပွဲစဉ်မှာ ပြန်ပါလာနိုင်မယ်လို့ မျှော်လင့် ရပေမယ့် ကလော့ပ်ကတော့ အာမ မခံနိုင်ဘူးလို့ ဆိုပါတယ်။ “ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ အဲ့ဒီ ပွဲက ကျွန်တော်တို့ အတွက် ဒီရာသီ နောက်ဆုံးပွဲစဉ်ဖြစ်မယ်ဆိုရင် ၊ ကျွန်တော်တို့ အတွက် ဒီပွဲက နောက်ဆုံး ကစားရမယ့် ပွဲစဉ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ သူ့ကို အဲ့ဒီပွဲမှာ ပေးကစားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက် သုံးရက်ကြာမှာ ထပ် ကစားရမယ်။ ကျွန်တော်တို့ ကစားသမားတွေ ထပ်လိုအပ် ပါတယ် ”

Photo Credit: Sky Sports

လူငယ် ကစားသမား ဝီလီယံကိုတော့ ဝက်စ်ဟန်း နဲ့ ပွဲစဉ်မှာ နေရာပေး ကစားသွားမှာ ဖြစ်ပြီးတော့ ဂျိုး ဂိုးမက်ဇ် နဲ့ တွဲဖက် ကစားစေသွားမယ်လို့ ဆိုပါတယ်။ ဝီလီယံဟာ ချန်ပီယံလိဂ် ပွဲစဉ်မှာ ၆၇ မိနစ် ကစားခဲ့ရပြီး ဘောလုံး ဖြတ်လုမှု တစ်ကြိမ်၊ ဘောလုံး ကြားဖြတ်ယူမှု တစ်ကြိမ်နဲ့ ဘောလုံး ပိုင်ဆိုင်မှု သုံးကြိမ် ရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ လာမယ့် ဝက်စ်ဟမ်း နဲ့ ပွဲစဉ်ကတော့ သူ့အတွက် အတွေ့ အကြုံကောင်းတွေ အများကြီး ပေးနိုင်မယ်လို့ ထင်ပါတယ်။