မန်ချက်စတာမြို့အခြေစိုက်အသင်းတစ်သင်းဖြစ်တဲ့မန်စီးတီးအသင်းကတော့ယူအီးအက်ဖ်အေရဲ့Fair Play စည်းမျဉ်းကိုမသမာတဲ့လုပ်ဆောင်ချက်တွေနဲ့အတူချိုးဖောက်ခဲ့တဲ့လုပ်ရပ်ကြောင့်ချန်ပီယံလိဂ်ပြိုင်ပွဲကနေနှစ်ရာသီထုတ်ပယ်ခံရမယ့်ပြစ်ဒဏ်ကိုချမှတ်ခံခဲ့ရပါတယ်။ဒါ့အပြင်မန်စီးတီးအသင်းဟာဒဏ်ကြေးအနေနဲ့ယူရို၃၀သန်းကိုလည်းပေးဆောင်ရဦးမယ်လို့သိရှိရပါတယ်။

Photo Credit: Metro.com

     မန်စီးတီးအသင်းဟာယူအီးအက်ဖ်အေရဲ့Fair Playစည်းမျဉ်းကိုရှောင်ရှားနိုင်ဖို့အတွက်အသင်းပိုင်ရှင်ရှိတ်မန်ဆော်နဲ့နီးစပ်တဲ့အာရပ်စော်ဘွားအသိုင်းအဝိုင်းကနေစပွန်ဆာတွေများစွာကိုရယူခဲ့ပြီးတရားမဝင်နည်းလမ်းတွေနဲ့Fair Play စည်းမျဉ်းကိုချိုးဖောက်ခဲ့တာကြောင့်အခုလိုပြင်းထန်တဲ့ပြစ်ဒဏ်ကိုကျခံခဲ့ရတာပါ။

Photo Credit: Metro.com

     မန်စီးတီးအသင်းအတွက်အဆိုပါပြဿနာဟာယူအီးအက်ဖ်အေရဲ့ပြစ်ဒဏ်ချမှတ်ခံရတာတင်မကသေးပဲပရီးမီးယားလိဂ်ရဲ့ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့အက်ဖ်အေရဲ့အရေးယူမှုနဲ့ပါရင်ဆိုင်ရဦးမယ်လို့သိရပါတယ်။ထွက်ပေါ်လာတဲ့သတင်းတွေအရတော့အက်ဖ်အေဟာမန်စီးတီးအသင်းကိုလာမယ့်ရာသီမှာအမှတ်လျော့ပြစ်ဒဏ်ချမှတ်ဖို့စီစဉ်နေကြောင်းသိရှိထားရပါတယ်။