ယေန႔ညမွာေတာ့ အဂၤလန္နိုင္ငံရဲ့သက္တမ္း အရင့္ဆုံးၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ အက္ဖ္ေအဖလား ၿပိဳင္ပြဲကို ယွဥ္ၿပိဳင္ကစားၾကမွာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ ကၽြန္ေတာ္က ပရိသတ္ေတြ သေဘာက်မယ့္ ပြဲစဥ္တခ်ိဳ႕ကို သုံးသပ္တင္ျပေပးသြားခ်င္ပါတယ္။
Photo Credit: Metro.com
ဝုဗ္နဲ႔ ယူနိုက္တက္
အာဆင္နယ္အသင္းကို အေဝးကြင္းမွာ ေလာေလာလတ္လတ္ ရွုံးနိမ့္ထားတဲ့ ယူနိုက္တက္အသင္းဟာ ေနာက္ထပ္ ခက္ခဲတဲ့ အေဝးကြင္းပြဲစဥ္တစ္ပြဲကို ၾကဳံေတြ႕ရမွာပဲ ျဖစ္ပါတယ္။ ဝုဗ္အသင္းဟာ အစဥ္အလာအရ ယူနိုက္တက္ အသင္းကို မယွဥ္နိုင္ဘူးဆိုေပမယ့္ ေနာက္ပိုင္း ပြဲစဥ္ေတြမွာေတာ့ ယူနိုက္တက္အသင္းကို အသာစီးရရွိေအာင္ ကစားျပထားနိုင္ပါတယ္။ ဒီတစ္ေခါက္ပြဲစဥ္ဟာလည္း ဝုဗ္အသင္းရဲ့ အိမ္ကြင္းမွာ ကစားရမွာျဖစ္တာေၾကာင့္ ယူနိုက္တက္အသင္းအတြက္ ခက္ခဲဦးမွာျဖစ္ၿပီး ဝုဗ္အသင္းအေနနဲ႔ က်ဥ္းေျမာင္းတဲ့ရလဒ္တစ္ခုနဲ႔အတူ ယူနိုက္တက္ကို နိုင္သြားလိမ့္မယ္လို႔ ခန႔္မွန္းမိပါတယ္။
Photo Credit: Metro.com
မန္စီးတီးနဲ႔ ေပါ့တ္ဗယ္လီ
ပရီးမီးယားလိဂ္ဖလားကို ရယူဖို႔အတြက္ မျဖစ္နိုင္ေတာ့တဲ့ မန္စီးတီးအတြက္ အက္ဖ္ေအဖလားေအာင္ျမင္မွုဟာ စိတ္ထြက္ေပါက္တစ္ခု ျဖစ္လာနိုင္ပါတယ္။ ကာရာေဘာင္းဖလားမွာလည္း ၿမိဳ႕ခံၿပိဳင္ဘက္ ယူနိုက္တက္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ မန္စီးတီးတို႔က ဒီပြဲစဥ္ကို က်ိန္းေသေပါက္ အာ႐ုံစိုက္သြားမွာပါ။ မန္စီးတီးအသင္းကေတာ့ ဒီပြဲစဥ္ကို က်ိန္းေသ ဂိုးျပတ္အနိုင္ရရွိမယ္လို႔ ခန႔္မွန္းထားပါတယ္။
Photo Credit: Metro.com
လက္စတာနဲ႔ဝီဂန္
ယခုႏွစ္ေဘာလုံးရာသီမွာ တည္ၿငိမ္ၿပီး ေကာင္းမြန္တဲ့ေျခစြမ္းေတြနဲ႔အတူ ခ်န္ပီယံလိဂ္ ဝင္ခြင့္တစ္ေနရာစာကို ရယူဖို႔အတြက္ အသင့္ ျဖစ္ေနတဲ့ လက္စတာအသင္းဟာ ဝီဂန္အသင္းကို အိမ္ကြင္းမွာ အနိုင္ရဖို႔အတြက္ မခက္ခဲေလာက္ပါဘူး။ ဗာဒီမပါဝင္နိုင္ေပမယ့္ မက္ဒီဆင္ ၊ ပီရက္ဇ္တို႔ ဦးေဆာင္တဲ့ ကြင္းလယ္ပိုင္းက အသင္းတိုင္းကို ဂိုးသြင္းယူနိုင္ပါတယ္။ ဒီပြဲမွာလည္း လက္စတာအသင္းက အနိုင္ရသြားဦးမွာပါ။
ယနေ့ညမှာတော့ အင်္ဂလန်နိုင်ငံရဲ့သက်တမ်း အရင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က ပရိသတ်တွေ သဘောကျမယ့် ပွဲစဉ်တချို့ကို သုံးသပ်တင်ပြပေးသွားချင်ပါတယ်။
Photo Credit: Metro.com
ဝုဗ်နဲ့ ယူနိုက်တက်
အာဆင်နယ်အသင်းကို အဝေးကွင်းမှာ လောလောလတ်လတ် ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်အသင်းဟာ နောက်ထပ် ခက်ခဲတဲ့ အဝေးကွင်းပွဲစဉ်တစ်ပွဲကို ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ ဝုဗ်အသင်းဟာ အစဉ်အလာအရ ယူနိုက်တက် အသင်းကို မယှဉ်နိုင်ဘူးဆိုပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာတော့ ယူနိုက်တက်အသင်းကို အသာစီးရရှိအောင် ကစားပြထားနိုင်ပါတယ်။ ဒီတစ်ခေါက်ပွဲစဉ်ဟာလည်း ဝုဗ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် ယူနိုက်တက်အသင်းအတွက် ခက်ခဲဦးမှာဖြစ်ပြီး ဝုဗ်အသင်းအနေနဲ့ ကျဉ်းမြောင်းတဲ့ရလဒ်တစ်ခုနဲ့အတူ ယူနိုက်တက်ကို နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။
Photo Credit: Metro.com
မန်စီးတီးနဲ့ ပေါ့တ်ဗယ်လီ
ပရီးမီးယားလိဂ်ဖလားကို ရယူဖို့အတွက် မဖြစ်နိုင်တော့တဲ့ မန်စီးတီးအတွက် အက်ဖ်အေဖလားအောင်မြင်မှုဟာ စိတ်ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ကာရာဘောင်းဖလားမှာလည်း မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် မန်စီးတီးတို့က ဒီပွဲစဉ်ကို ကျိန်းသေပေါက် အာရုံစိုက်သွားမှာပါ။ မန်စီးတီးအသင်းကတော့ ဒီပွဲစဉ်ကို ကျိန်းသေ ဂိုးပြတ်အနိုင်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။
Photo Credit: Metro.com
လက်စတာနဲ့ဝီဂန်
ယခုနှစ်ဘောလုံးရာသီမှာ တည်ငြိမ်ပြီး ကောင်းမွန်တဲ့ခြေစွမ်းတွေနဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာစာကို ရယူဖို့အတွက် အသင့် ဖြစ်နေတဲ့ လက်စတာအသင်းဟာ ဝီဂန်အသင်းကို အိမ်ကွင်းမှာ အနိုင်ရဖို့အတွက် မခက်ခဲလောက်ပါဘူး။ ဗာဒီမပါဝင်နိုင်ပေမယ့် မက်ဒီဆင် ၊ ပီရက်ဇ်တို့ ဦးဆောင်တဲ့ ကွင်းလယ်ပိုင်းက အသင်းတိုင်းကို ဂိုးသွင်းယူနိုင်ပါတယ်။ ဒီပွဲမှာလည်း လက်စတာအသင်းက အနိုင်ရသွားဦးမှာပါ။