မနေ့ညကတော့ အက်အေဖလားရဲဲ့စတုတ္ထအဆင့်ပွဲစဉ်တွေများစွာကို ယှဉ်ပြိုင်ကစားခဲ့ပြီးြဖြစ်ပြီး လက်စတာ ချယ်လ်ဆီးအသင်းတို့ကတော့ နောက်တစ်ဆင့်ကို တတ်လှမ်းနိုင်ခဲ့ကာ စပါးကတော့ ဆောက်သမ်တန်ကို သရေကျခဲ့လို့ နောက်ထပ်ပြန်ကန်ပွဲတစ်ပွဲကို ထပ်ကစားရဦးမှာဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ အက်အေဖလားရဲ့လက်ကျန်ပွဲစဉ်တွေကို ဆက်လက်ကျင်းပမှာဖြစ်ပြီး လီဗာပူးလ် မန်စီးတီးနဲ့ ယူနိုက်တက်တို့ပွဲတွေဖြစ်တာမို့ ပရိသတ်တွေလည်း စိတ်ဝင်စားနေကြမှာပါ။ ဒီပွဲတွေအကြောင်းကို ဆွေးနွေးလိိုက်ရအောင်ဗျာ။

Photo Credit : Getty Images

မန်စီးတီး နဲ့ ဖူလ်ဟမ် (ညရနာရီခွဲ)

မန်စီးတီးက ကြားရက်မှာ လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲဲရှိနေတယ်ဆိုပေမယ့် ပထမအကျော့လောက်ကတည်းက အဖြေပေါ်ပြီးသားဖြစ်နေလို့ ဒီပွဲကို အာရုံစိုက်လာနိုင်မှာပါ။ ဖူလ်ဟမ်ကလည်း ချန်ပီယံရှစ်မှာ အဆင့်၃နေရာကို ရောက်ရှိနေတဲ့ အသင်းဆိုပေမယ့် ပရီးမီးယားလိဂ်ကို ပြန်ရောက်လာဖို့က အမှားခံလို့မရတဲ့ အနေအထားဖြစ်နေလို့ မန်စီးတီးကို အကောင်းဆုံးတုန့်ပြန်ဖို့ မလွယ်ပါဘူး။ မန်စီးတီးအနိုင်ပြတ်သားပါလိမ့်မယ်။

Photo Credit : Getty Images

ထရန်မဲ နဲ့ ယူနိုက်တက် (ည၉နာရီခွဲ)

ပြန်ကန်ပွဲတွေနဲ့ စတုတ္ထအဆင့်ကို ရောက်လာတဲ့အသင်းနှစ်သင်းဆိုပေမယ့် လူအင်အား အသင်းအနေအထားအရတော့ ယူနိုက်တက်က သာပါတယ်။ ရလဒ်တွေအရဆိုရင်လည်း ထရန်မဲက နောက်ဆုံးကစားထားတဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွှားထားပြီး ၂ပွဲဆက် ရှံးထားရတဲ့ ယူနိုက်တက်အသင်းထက်ကို ပိုဆိုးနေတာမို့ ဒီပွဲတော့ အဝေးကွင်းမှာ ယူနိုက်တက်တို့ ၂ဂိုးပြတ်လောက်နဲ့ အနိုင်ရဖွယ်ရှိပါတယ်။

Photo Credit : Getty Images

ရှရူးဘူရီ နဲ့ လီဗာပူးလ် (ည၁၁နာရီခွဲ)

လီဗာပူးလ်ကတော့ အက်အေဖလားကို လျော်လိုက်ဖို့အစီအစဉ် မရှိလောက်ပဲ လူငယ်တွေ အရန်ကစားသမားကောင်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်လာနိုင်ပါတယ်။ အိမ်ရှင်အသင်းကလည်း လိဂ်ဝမ်းမှာတောင် အဆင့်က အလယ်အလတ်လောက်ပဲရှိတာဖြစ်လို့ လီဗာပူးလ်ကို တုန့်ပြန်ကစားနိုင်ဖို့ ခဲယဉ်းနိုင်ပါတယ်။ ၂ဂိုးသွင်းရင် အပြည့်အဝအောင်မြင်မယ့် ဧည့်သည်လီဗာပူးလ်ဘက်ကနေသာ နေထိုင်သွားချင်ပါတယ်။

(Zawgyi)

အက္ေအဖလား စတုတၳအဆင့္ တနဂၤေႏြညပြဲစဥ္မ်ားရဲ႕ ပြဲႀကိဳခန္႔မွန္းသုံးသပ္ခ်က္

မေန႔ညကေတာ့ အက္ေအဖလားရဲဲ႕စတုတၳအဆင့္ပြဲစဥ္ေတြမ်ားစြာကုိ ယွဥ္ၿပိဳင္ကစားခဲ႔ၿပီးျျဖစ္ၿပီး လက္စတာ ခ်ယ္လ္ဆီးအသင္းတုိ႔ကေတာ့ ေနာက္တစ္ဆင့္ကုိ တတ္လွမ္းႏုိင္ခဲ႔ကာ စပါးကေတာ့ ေဆာက္သမ္တန္ကုိ သေရက်ခဲ႔လုိ႔ ေနာက္ထပ္ျပန္ကန္ပြဲတစ္ပြဲကုိ ထပ္ကစားရဦးမွာျဖစ္ပါတယ္။ ဒီေန႔ညမွာေတာ့ အက္ေအဖလားရဲ႕လက္က်န္ပြဲစဥ္ေတြကုိ ဆက္လက္က်င္းပမွာျဖစ္ၿပီး လီဗာပူးလ္ မန္စီးတီးနဲ႔ ယူနုိက္တက္တုိ႔ပြဲေတြျဖစ္တာမုိ႔ ပရိသတ္ေတြလည္း စိတ္ဝင္စားေနၾကမွာပါ။ ဒီပြဲေတြအေၾကာင္းကုိ ေဆြးေႏြးလိုိက္ရေအာင္ဗ်ာ။

Photo Credit : Getty Images

မန္စီးတီး နဲ႔ ဖူလ္ဟမ္ (ည၇နာရီခြဲ)

မန္စီးတီးက ၾကားရက္မွာ လိဂ္ဖလားဆီမီးဖုိင္နယ္ ဒုတိယအေက်ာ့ပြဲဲရွိေနတယ္ဆုိေပမယ့္ ပထမအေက်ာ့ေလာက္ကတည္းက အေျဖေပၚၿပီးသားျဖစ္ေနလုိ႔ ဒီပြဲကုိ အာရုံစုိက္လာႏုိင္မွာပါ။ ဖူလ္ဟမ္ကလည္း ခ်န္ပီယံရွစ္မွာ အဆင့္၃ေနရာကုိ ေရာက္ရွိေနတဲ႔ အသင္းဆုိေပမယ့္ ပရီးမီးယားလိဂ္ကုိ ျပန္ေရာက္လာဖုိ႔က အမွားခံလုိ႔မရတဲ႔ အေနအထားျဖစ္ေနလုိ႔ မန္စီးတီးကုိ အေကာင္းဆုံးတုန္႔ျပန္ဖုိ႔ မလြယ္ပါဘူး။ မန္စီးတီးအႏုိင္ျပတ္သားပါလိမ့္မယ္။

Photo Credit : Getty Images

ထရန္မဲ နဲ႔ ယူႏုိက္တက္ (ည၉နာရီခြဲ)

ျပန္ကန္ပြဲေတြနဲ႔ စတုတၳအဆင့္ကုိ ေရာက္လာတဲ႔အသင္းႏွစ္သင္းဆုိေပမယ့္ လူအင္အား အသင္းအေနအထားအရေတာ့ ယူႏုိက္တက္က သာပါတယ္။ ရလဒ္ေတြအရဆုိရင္လည္း ထရန္မဲက ေနာက္ဆုံးကစားထားတဲ႔ အိမ္ကြင္းပြဲစဥ္ေတြမွာ ရလဒ္ေတြ ဆုိးရႊားထားၿပီး ၂ပြဲဆက္ ရွံးထားရတဲ႔ ယူႏုိက္တက္အသင္းထက္ကုိ ပုိဆုိးေနတာမုိ႔ ဒီပြဲေတာ့ အေဝးကြင္းမွာ ယူႏုိက္တက္တုိ႔ ၂ဂုိးျပတ္ေလာက္နဲ႔ အႏုိင္ရဖြယ္ရွိပါတယ္။

Photo Credit : Getty Images

ရွရူးဘူရီ နဲ႔ လီဗာပူးလ္ (ည၁၁နာရီခြဲ)

လီဗာပူးလ္ကေတာ့ အက္ေအဖလားကုိ ေလ်ာ္လုိက္ဖုိ႔အစီအစဥ္ မရွိေလာက္ပဲ လူငယ္ေတြ အရန္ကစားသမားေကာင္းေတြနဲ႔ ဆက္လက္တုိက္ပြဲဝင္လာႏုိင္ပါတယ္။ အိမ္ရွင္အသင္းကလည္း လိဂ္ဝမ္းမွာေတာင္ အဆင့္က အလယ္အလတ္ေလာက္ပဲရွိတာျဖစ္လုိ႔ လီဗာပူးလ္ကုိ တုန္႔ျပန္ကစားနုိင္ဖုိ႔ ခဲယဥ္းႏုိင္ပါတယ္။ ၂ဂုိးသြင္းရင္ အျပည့္အဝေအာင္ျမင္မယ့္ ဧည့္သည္လီဗာပူးလ္ဘက္ကေနသာ ေနထုိင္သြားခ်င္ပါတယ္။