ဒီတစ်ပတ်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်နားထားမှာဖြစ်ပြီးတော့ ပြည်တွင်းရှံးထွက်ပြိုင်ပွဲဲကြီးတစ်ခုဖြစ်တဲ့ အက်အေဖလား စတုတ္ထအဆင့်ပြိုင်ပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်။ အခု စတုတ္ထအဆင့်မှာတော့ ပရီးမီးယားလိဂ်က အသင်းတွေအချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုတွေ ပါဝင်လာခဲ့ပြီဖြစ်လို့ ဘောလုံးချစ်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းနေမှာ သေချာပါတယ်။ ဒါကြောင့် ဒီပွဲတွေအကြောင်းကို သုံးသပ်လေ့လာချင်ပါတယ်ခင်ဗျာ။
Photo Credit : Getty Images
ဘရန့်ဖိုဒ့် နဲ့ လက်စတာ (ညရနာရီ၁၅မိနစ်)
လိဂ်ချန်ပီယံရှစ်အသင်း ဘရန့်ဖိုဒ့်ကတော့ သူတို့ရဲ့နောက်ဆုံး အိမ်ကွင်း ရပွဲအတွင်းမှာ ရပွဲလုံးကို အနိုင်ရထားခဲ့ပါတယ်။ လက်စတာက ဒီပွဲဲပြီးတာနဲဲ့ ကြားရက်မှာ လက်စတာနဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲဲစဉ်ကို ဆင်နွဲရဦးမှာဖြစ်တဲ့အပြင် ပထမအကျော့မှာလည်း သရေကျထားတာဖြစ်လို့ အခု ဘရန်ဖိုဒ့်နဲ့ပွဲကို အာရုံစိုက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ တစ်ဂိုးတည်းသွင်းရင် အပြည့်အဝပျော်ရမှာ မဟုတ်လို့ လက်စတာကို ငြင်းပယ်ထားချင်ပါတယ်။
Photo Credit : Getty Images
ဘန်လေ နဲ့ နော်ဝစ်ချ် (ည၉နာရီခွဲ)
လက်စတာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကို ဆက်တိုက်အနိုင်ယူလိုက်တဲဲ့ ဘန်လေကတော့ ခြေပြန်စွာလာခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲဲ့ အဆင့်၁၃ကိုတောင် ရောက်ရှိလာခဲ့ပါတယ်။ နော်ဝစ်ကတော့ အမှတ်ပေးဇယားအောက်မှာ ဆက်လက်ရှိနေသေးတာကြောင့် အက်အေဖလားကို အာရုံလာဖွယ်မရှိပါဘူး။ ဘန်လေကိုပဲ ရွေးချယ်ချင်ပါတယ်။
Photo Credit : Getty Images
ဆောက်သမ်တန် နဲ့ စပါး (ည၉နာရီခွဲ)
မကြာသေးခင်ကမှ ပရီးမီးယားလိဂ်မှာ တွေ့ဆုံထားခဲ့တဲ့ အသင်းနှစ်သင်းကတော့ အခု အက်အေဖလားမှာ ပြန်ဆုံနေပါပြီ။ အဲ့ဒီအချိန်က စပါးကို ဆောက်သမ်တန်က အနိုင်ယူခဲ့သလို လက်ရှိသူတို့ရဲ့ Form ကလည်း အကောင်းဆုံးအနေအထားမှာ ရှိလို့နေပါတယ်။ ဒါပေမယ့် ရှံးထွက်ဖလားပွဲတွေမှာဆိုရင် စွမ်းဆောင်ရည်ကောင်းတတ်တဲ့ မော်ရင်ဟိုရဲ့စပါးအသင်းကလည်း အက်အေဖလားကို ရယူနိုင်ဖို့အတွက် ဒီပွဲကို အာရုံစိုက်လာနိုင်လို့ ပွဲကကြည့်ကောင်းနိုင်ပြီးတော့ ဧည့်သည်အသင်း ကပ်နိုင်သွားဖွယ်ရှိပါတယ်။
Photo Credit : Getty Images
ဝက်စ်ဟမ်း နဲ့ ဝက်ဘရွန်း (ည၉နာရီခွဲဲ)
လက်ရှိမှာ ဝက်စ်ဟမ်းက ချန်ပီယံရှစ်ဆီ တန်းမဆင်းရအောင် ရုန်းကန်နေရသလို ဝက်ဘရွန်းကလည်း ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိနိုင်အောင် ကြိုးစားနေရတာဖြစ်လို့ နှစ်သင်းလုံးရဲ့ အက်အေဖလားအပေါ် အလေးထားမှုက နည်းပါးနိုင်ပါတယ်။ ဒါပေမယ့် တစ်ဂိုးနဲ့နိုင်မယ်ဆိုရင် အပြည့်အဝနီးပါး ပျော်ရွှင်ရမယ့် အိမ်ရှင်အသင်းကိုပဲ စိတ်တိုင်းကျမိပါတယ်။
Photo Credit : Getty Images
ဟားလ်စီးတီး နဲ့ ချယ်လ်ဆီး (ည၁၂နာရီ)
ရလဒ်တည်ငြိမ်မှုမရှိလှတဲ့ ချယ်လ်ဆီးအသင်းရဲဲ့လန်ဒန်ဒါဘီမှာ နိုင်ပွဲရအောင်မယူနိုင်မှုတွေက ဒီပွဲမှာ ပေါက်ကွဲအားတစ်ခု ဖြစ်လာနိုင်ပါတယ်။ ချန်ပီယံရှစ်အသင်း ဟားလ်စီးတီး ချန်ပီယံရှစ်ရဲ့ အမှတ်ပေးဇယားမှာ အလယ်အလတ်အဆင့်သာရှိနေသလို နောက်ဆုံးအိမ်ကွင်း၂ပွဲဲဆက်လည်း အရေးနိမ့်လို့ထားပါတယ်။ အရန်တွေ လူငယ်တွေနဲဲ့သာ ပွဲထွက်လာနိုင်ပေမယ့် ၂ဂိုးလောက်တော့ ပြတ်သွားနိုင်လို့ ချယ်လ်ဆီးနဲ့ပဲ အတူနေထိုင်ကြည့်လိုက်ချင်ပါတယ်။
(Zawgyi)
အက်အေဖလား စတုတ္ထအဆင့် စနေ့ညပွဲစဉ်များရဲ့ ပွဲကြိုခန့်မှန်းသုံးသပ်ချက်
ဘရန့်ဖိုဒ့် နဲ့ လက်စတာ (ည၇နာရီ၁၅မိနစ်)
ဘန်လေ နဲ့ နော်ဝစ်ခ်ျ (ည၉နာရီခွဲ)
ရလဒ်တည်ငြိမ်မှုမရှိလှတဲ့ ချယ်လ်ဆီးအသင်းရဲ့လန်ဒန်ဒါဘီမှာ နိုင်ပွဲရအောင်မယူနိုင်မှုတွေက ဒီပွဲမှာ ပေါက်ကွဲအားတစ်ခု ဖြစ်လာနိုင်ပါတယ်။ ချန်ပီယံရှစ်အသင်း ဟားလ်စီးတီး ချန်ပီယံရှစ်ရဲ့ အမှတ်ပေးဇယားမှာ အလယ်အလတ်အဆင့်သာရှိနေသလို နောက်ဆုံးအိမ်ကွင်း၂ပွဲဆက်လည်း အရေးနိမ့်လို့ထားပါတယ်။ အရန်တွေ လူငယ်တွေနဲ့သာ ပွဲထွက်လာနိုင်ပေမယ့် ၂ဂိုးလောက်တော့ ပြတ်သွားနိုင်လို့ ချယ်လ်ဆီးနဲ့ပဲ အတူနေထိုင်ကြည့်လိုက်ချင်ပါတယ်။