မေန႔ညကေတာ့ အက္ေအဖလား ပဥၥမအဆင့္ၿပိဳင္ပြဲရဲ႕ ပြဲစဥ္၃ပြဲ က်င္းပသြားခဲ႔ၿပီး မီေဝါပြဲစဥ္တစ္ပြဲမွာပဲ အျပည့္အဝ ေပ်ာ္ရႊင္ခဲ႔ရၿပီးေတာ့ ဒါဘီနဲ႔မန္စီးတီးတုိ႔က ပါးပါးေလးစီ ထိခုိက္ခဲ႔ရပါတယ္။ ဒီညမွာလည္း ေနာက္ထပ္ အက္ေအဖလားပြဲစဥ္ ၃ပြဲက ရွိေနေသးတာမုိ႔ ဒီပြဲေတြရဲ႕ အေျခအေနေတြကုိ သုံးသပ္ေပးသြားခ်င္ပါတယ္။

ဘရစၥတုိး နဲ႔ ဝုလ္ဗ္

၂သင္းလုံးကေတာ့ ေနာက္ဆုံးပြဲစဥ္ေတြမွာ ရလဒ္ေတြ ေတာက္ေလွ်ာက္ေကာင္းမြန္ထားၿပီး ရွုံးပြဲမရွိထားၾကပါဘူး။ ဘရစၥတုိးကေတာ့ လိဂ္ခ်န္ပီယံရွစ္မွာ အဆင့္၅ေနရာမွာ ရွိေနၿပီးေတာ့ ပရီးမီးယားလိဂ္ကုိ တတ္လွမ္းလာဖုိ႔ ဟန္ျပင္ေနတဲ႔အသင္းပါ။ ဝုလ္ဗ္ကလည္း ပရီးမီးယားလိဂ္မွာ အေျခအေနအေကာင္းဆုံးရွိေနတဲ႔ အသင္းတစ္သင္းပါ။ တန္းဆင္းဖုိ႔လည္း ရုန္းစရာမလုိ ဥေရာပဝင္ခြင့္ကလည္း ေဝးကြာေနတဲ႔ အေျခအေနမ်ိဳးမွာေတာ့ အက္ေအဖလားလုိ႔ ျပည္တြင္းဖလားလမ္းေၾကာင္းမွာ ေနရာတစ္ခုေလာက္ထိ ေရာက္ရွိေအာင္ စြမ္းေဆာင္ပါလိမ့္မယ္။ ၁ဂုိးသြင္းတာနဲ႔ အျပည့္နီးပါးေပ်ာ္ရႊင္ရမယ့္ ဝုလ္ဗ္ကုိပဲ သေဘာက်မိပါတယ္။

ဒြန္ကတ္စတာ နဲ႔ ခရစၥတယ္ပဲေလ့စ္

ဒြန္ကတ္စတာကေတာ့ လိဂ္ဝမ္းကလပ္ျဖစ္ၿပီး ခ်န္ပီယံရွစ္ကုိ တန္းျပန္တတ္လာႏုိင္ဖုိ႔ ႀကိဳးပမ္းေနတဲ႔အသင္းပါ။ ပဲေလ့စ္ကေတာ့ ပရီးမီးယားလိဂ္မွာ အဆင့္၁၃ထိကုိ ေရာက္ေနတယ္ဆုိေပမယ့္ တန္းဆင္းဇုန္နဲ႔က ၃မွတ္ကြာဟေနပါတယ္။ ဒီေတာ့ အက္ေအဖလားကုိ သူတုိ႔အာရုံစုိက္ပါ့မလားဆုိတာ စဥ္းစားစရာပါ။ ဒါေပမယ့္ ဒီလုိအေျခအေနနဲ႔ပဲ လန္ဒန္ၿမိဳ႕ခံကလပ္ စပါးအသင္းကုိ သူတုိ႔ျဖဳတ္ခ်ႏုိင္ခဲ႔ပါတယ္။ ဒီေတာ့ ဒြန္ကတ္စတာကုိလည္း ပဲေလ့စ္တုိ႔ ေက်ာ္ျဖတ္ႏုိင္ပါတယ္။ ဒါေပမယ့္ အိမ္ကြင္းမွာဆုိ ပုံစံျပေနတဲ႔ ဒြန္ကတ္စတာတုိ႔ေၾကာင့္ ပဲေလ့စ္တုိ႔ ဂုိးျပတ္ဖုိ႔ ရုန္းကန္ရႏုိင္ပါတယ္။ ဂုိးလည္းနည္းႏုိင္ပါတယ္။

ဆြမ္ဆီး နဲ႔ ဘရန္ဖုိဒ့္

ခ်န္ပီယံရွစ္ကလပ္၂သင္းရဲ႕ဆုံေတြ႕မႈပါ။ ဒီရာသီမွာ ၂ႀကိမ္ေတြ႕ဆုံခဲ႔ဖူးၿပီးေတာ့ ဆြမ္ဆီးကပဲ ၂ႀကိမ္လုံးကုိ အႏုိင္ယူထားခဲ႔ပါတယ္။ လက္ရွိ Form အရေတာ့ ဧည့္သည္ဘရန္ဖုိဒ့္က အသာရေနပါတယ္။ တစ္ေယာက္အထာ တစ္ေယာက္သိေနတဲ႔ အသင္းမ်ိဳးလုိ႔ ထိန္းထိန္းသိမ္းသိမ္း ကစားၿပီး အခြင့္ေရးရမွသာ အလစ္ေခ်ာင္းတုိက္စစ္ဆင္တာမ်ိဳးေတြ ျပဳလုပ္ႏုိင္ပါတယ္။ ဒါေၾကာင့္ ဂုိးနည္းႏုိင္ၿပီး ဆြမ္ဆီးပဲ အသာရႏုိင္မယ္လုိ႔ ယူဆမိပါတယ္။

(Unicode)

မနေ့ညကတော့ အက်အေဖလား ပဥ္စမအဆင့်ပြိုင်ပွဲရဲ့ ပွဲစဉ်၃ပွဲ ကျင်းပသွားခဲ့ပြီး မီဝေါပွဲစဉ်တစ်ပွဲမှာပဲ အပြည့်အဝ ပျော်ရွှင်ခဲ့ရပြီးတော့ ဒါဘီနဲ့မန်စီးတီးတို့က ပါးပါးလေးစီ ထိခိုက်ခဲ့ရပါတယ်။ ဒီညမှာလည်း နောက်ထပ် အက်အေဖလားပွဲစဉ် ၃ပွဲက ရှိနေသေးတာမို့ ဒီပွဲတွေရဲ့ အခြေအနေတွေကို သုံးသပ်ပေးသွားချင်ပါတယ်။

ဘရစ္စတိုး နဲ့ ဝုလ်ဗ်

၂သင်းလုံးကတော့ နောက်ဆုံးပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျှောက်ကောင်းမွန်ထားပြီး ရှုံးပွဲမရှိထားကြပါဘူး။ ဘရစ္စတိုးကတော့ လိဂ်ချန်ပီယံရှစ်မှာ အဆင့်၅နေရာမှာ ရှိနေပြီးတော့ ပရီးမီးယားလိဂ်ကို တတ်လှမ်းလာဖို့ ဟန်ပြင်နေတဲ့အသင်းပါ။ ဝုလ်ဗ်ကလည်း ပရီးမီးယားလိဂ်မှာ အခြေအနေအကောင်းဆုံးရှိနေတဲ့ အသင်းတစ်သင်းပါ။ တန်းဆင်းဖို့လည်း ရုန်းစရာမလို ဥရောပဝင်ခွင့်ကလည်း ဝေးကွာနေတဲ့ အခြေအနေမျိုးမှာတော့ အက်အေဖလားလို့ ပြည်တွင်းဖလားလမ်းကြောင်းမှာ နေရာတစ်ခုလောက်ထိ ရောက်ရှိအောင် စွမ်းဆောင်ပါလိမ့်မယ်။ ၁ဂိုးသွင်းတာနဲ့ အပြည့်နီးပါးပျော်ရွှင်ရမယ့် ဝုလ်ဗ်ကိုပဲ သဘောကျမိပါတယ်။

ဒွန်ကတ်စတာ နဲ့ ခရစ္စတယ်ပဲလေ့စ်

ဒွန်ကတ်စတာကတော့ လိဂ်ဝမ်းကလပ်ဖြစ်ပြီး ချန်ပီယံရှစ်ကို တန်းပြန်တတ်လာနိုင်ဖို့ ကြိုးပမ်းနေတဲ့အသင်းပါ။ ပဲလေ့စ်ကတော့ ပရီးမီးယားလိဂ်မှာ အဆင့်၁၃ထိကို ရောက်နေတယ်ဆိုပေမယ့် တန်းဆင်းဇုန်နဲ့က ၃မှတ်ကွာဟနေပါတယ်။ ဒီတော့ အက်အေဖလားကို သူတို့အာရုံစိုက်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ ဒါပေမယ့် ဒီလိုအခြေအနေနဲ့ပဲ လန်ဒန်မြို့ခံကလပ် စပါးအသင်းကို သူတို့ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒီတော့ ဒွန်ကတ်စတာကိုလည်း ပဲလေ့စ်တို့ ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမယ့် အိမ်ကွင်းမှာဆို ပုံစံပြနေတဲ့ ဒွန်ကတ်စတာတို့ကြောင့် ပဲလေ့စ်တို့ ဂိုးပြတ်ဖို့ ရုန်းကန်ရနိုင်ပါတယ်။ ဂိုးလည်းနည်းနိုင်ပါတယ်။

ဆွမ်ဆီး နဲ့ ဘရန်ဖိုဒ့်

ချန်ပီယံရှစ်ကလပ်၂သင်းရဲ့့ ဆုံတွေ့မှုပါ။ ဒီရာသီမှာ ၂ကြိမ်တွေ့ဆုံခဲ့ဖူးပြီးတော့ ဆွမ်ဆီးကပဲ ၂ကြိမ်လုံးကို အနိုင်ယူထားခဲ့ပါတယ်။ လက်ရှိ Form အရတော့ ဧည့်သည်ဘရန်ဖိုဒ့်က အသာရနေပါတယ်။ တစ်ယောက်အထာ တစ်ယောက်သိနေတဲ့ အသင်းမျိုးလို့ ထိန်းထိန်းသိမ်းသိမ်း ကစားပြီး အခွင့်ရေးရမှသာ အလစ်ချောင်းတိုက်စစ်ဆင်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် ဂိုးနည်းနိုင်ပြီး ဆွမ်ဆီးပဲ အသာရနိုင်မယ်လို့ ယူဆမိပါတယ်။