ဥရောပမှာရော ကမ္ဘာပေါ်မှာပါ သက်တမ်းအရင့်ဆုံး ဘောလုံးပြိုင်ပွဲကြီးတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ အက်အေဖလားပြိုင်ပွဲကတော့ ဒီတစ်ပတ်မှာပဲ စတုတ္ထအဆင့်ကို ကျင်းပပြီးသွားခဲ့ပြီဖြစ်လို့ ပဥ္စမအဆင့်အတွက် မဲခွဲမှုတွေကို ပြုလုပ်ခဲ့ရာမှာ စတုတ္ထအဆင့်ပြိုင်ပွဲတုန်းက လိဂ်ဝမ်းကလပ် ရှရူးဘူရီအသင်းနဲ့ ကစားခဲ့ရင်း အနိုင်အရှံးမပေါ်ခဲ့လို့ အန်ဖီးလ်ကွင်းမှာ ပြန်ကန်ပွဲကစားဖို့ရှိနေတဲ့ လီဗာပူးလ်အသင်းက ဒီပြန်ကန်ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းနဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ပဥ္စမအဆင့်ပွဲကို ဆင်နွဲသွားရဖွယ်ရှိနေပါတယ်။
Photo Credit : Football.London
မဲခွဲမှုရလဒ်တွေအရ အက်အေဖလားရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ မန်စီးတီးအသင်းက ရှက်ဖီးဝင့်စ်ဒေးအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရတော့မှာဖြစ်ကာ ထရန်မဲအသင်းကို ၆ဂိုးပြတ်နဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ သူတို့အသင်းရဲ့ ကစားသမားဟောင်းဝိန်းရူနီ ပါဝင်လို့နေတဲ့ ဒါဘီကောင်တီ ဒါမှမဟုတ် နော့သမ်တန် နှစ်သင်းထဲက တစ်သင်းသင်းနဲ့ အဝေးကွင်းမှာပဲ တွေ့ဆုံရမှာဖြစ်ပါတယ်။ ၁ဂိုးစီသရေကျခဲ့လို့ ပြန်ကန်ရဦးမယ့် ဆောက်သမ်တန်နဲ့ စပါးအသင်းတို့ထဲက အနိုင်ရတဲ့အသင်းကတော့ နော်ဝစ်ချ်နဲ့ ပဥ္စမအဆင့်မှာ ဆုံတွေ့ရမှာဖြစ်သလို ဒီနေ့မှာ ဘုန်းမောက်ကို အနိုင်ယူခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ပဥ္စမအဆင့်အဖြစ် ပို့စ်မောက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။ မဲခွဲမှုရလဒ် အပြည့်အစုံကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
Photo Credit : Squawka
ရှက်ဖီးဝင့်စ်ဒေး နဲ့ မန်စီးတီး
ရက်ဒင်း(သို့)ကာဒစ် နဲ့ ရှက်ဖီးယူနိုက်တက်
ချယ်လ်ဆီး နဲ့ ရှရူးဘူရီ(သို့)လီဗာပူးလ်
ဝက်ဘရွွန်း နဲ့ နယူးကာဆဲလ်(သို့)အောက်စဖိုဒ့်
လက်စတာ နဲ့ ဘာမင်ဂမ်(သို့)ကိုဗင်ထရီ
ဆောက်သမ်တန်(သို့)စပါး နဲ့ နော်ဝစ်ချ်စီးတီး
ပို့စ်မောက် နဲ့ အာဆင်နယ်
ဒီပွဲတွေကိုတော့ လာမယ့်မတ်လ ၃ရက်နဲ့၅ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။
(Zawgyi)
အက်အေဖလား ပဉ္စမအဆင့်မှာ ထိပ်တိုက်ဆုံတွေ့ရဖွယ်ရှိတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်
ဥရောပမှာရော ကမ္ဘာပေါ်မှာပါ သက်တမ်းအရင့်ဆုံး ဘောလုံးပြိုင်ပွဲကြီးတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ အက်အေဖလားပြိုင်ပွဲကတော့ ဒီတစ်ပတ်မှာပဲ စတုတ္ထအဆင့်ကို ကျင်းပပြီးသွားခဲ့ပြီဖြစ်လို့ ပဉ္စမအဆင့်အတွက် မဲခွဲမှုတွေကို ပြုလုပ်ခဲ့ရာမှာ စတုတ္ထအဆင့်ပြိုင်ပွဲတုန်းက လိဂ်ဝမ်းကလပ် ရှရူးဘူရီအသင်းနဲ့ ကစားခဲ့ရင်း အနိုင်အရှံးမပေါ်ခဲ့လို့ အန်ဖီးလ်ကွင်းမှာ ပြန်ကန်ပွဲကစားဖို့ရှိနေတဲ့ လီဗာပူးလ်အသင်းက ဒီပြန်ကန်ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ချယ်လ်ဆီးအသင်းနဲ့ စတမ်းဖိုဒ့်ဘရစ်ခ်ျကွင်းမှာ ပဉ္စမအဆင့်ပွဲကို ဆင်နွဲသွားရဖွယ်ရှိနေပါတယ်။
Photo Credit : Squawka
ဝက်ဘရွန်း နဲ့ နယူးကာဆဲလ်(သို့)အောက်စဖိုဒ့်
ဆောက်သမ်တန်(သို့)စပါး နဲ့ နော်ဝစ်ခ်ျစီးတီး