အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ခံစစ်မှူး ဝီလီယံဆာလီဘာရဲ့ ဒဏ်ရာ အခြေအနေဟာ တိုးတတ် ကောင်းမွန်လာခြင်း မရှိတဲ့အတွက် ဒီကြားရက်မှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် အရေးတကြီး ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ သိရပါတယ်။

William Saliba is expected to miss Arsenal's trip to Man City and may not play again this season

Photo Credit : Daily Mail

ဒီရာသီ အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းမှာ ဂါဘရီရယ်နဲ့ အတူ တွဲဖက်ပြီး ခြေစွမ်းပြသနိုင်တဲ့ ဆလီဘာဟာ လက်ရှိမှာတော့ ကျောဒဏ်ရာ ရရှိနေကာ ဒဏ်ရာ အခြေအနေက တိုးတတ်လာခြင်း မရှိသေးတာကြောင့် (၂၇)ရက်နေ့ မန်စီးတီးအသင်းနဲ့ ထိပ်တိုက် ဆုံတွေ့ရမယ့် ပွဲစဉ်ကိုပါ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ဆလီဘာဟာ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကတည်းက အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် (၅)ပွဲဆက်တိုက် လွဲချော်ခဲ့ရသလို နောက်ဆုံး(၃)ပွဲမှာလည်း အာဆင်နယ်က အမှတ် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဆာလီဘာအနေနဲ့ မန်စီးတီးနဲ့ ပွဲစဉ်ကိုသာမကပဲ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရဦးမယ့် လန်ဒန်ဒါဘီ ပွဲစဉ်အထိပါ လွဲချော်ရနိုင်သလို ရာသီကုန်အထိပါ အနားယူရနိုင်ခြေ ရှိတယ်လို့လည်း မီဒီယာတချို့ကနေ ဖော်ပြလာပါတယ်။

Mikel Arteta's men have struggled without Saliba, drawing their last three league matches

Photo Credit : Daily Mail

လက်ရှိမှာ အာဆင်နယ်အသင်းက အမှတ်ပေး ဇယားထိပ်ကနေ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းကို ရမှတ် (၅)မှတ်အထိ ဖြတ်တောက်ထားနိုင်တယ် ဆိုပေမယ့်လည်း မန်စီးတီးထက် (၂)ပွဲ ပိုကစားထားသလို ဒီကြားရက်မှာလည်း အမြဲတမ်း ရလဒ်တွေ မကောင်းမွန်တတ်တဲ့ အီတီဟတ်ကွင်းမှာ မန်စီးတီးနဲ့ ရင်ဆိုင်ရဖို့လည်း ရှိနေတာက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူချင်နေတဲ့ အာဆင်နယ်အတွက် အခက်တွေ့နိုင်ပါတယ်။