Caught Offside သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းအတွက် မဖြစ်မနေ ခေါ်ယူအားဖြည့်သွားရမယ့် ကစားသမားအဖြစ် လက်စတာစီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ယိုရီတီလေမန်းစ်ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Arsenal ready for Youri Tielemans bargain transfer this summer as contract  enters final year - Paper Round - Eurosport

Photo Credit : Eurosport

အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ သောမတ်စ်ပါတေး ဂရန်းနစ်ချာကာတို့လို ကစားသမားတွေ ရှိနေတဲ့အပြင် မိုဟာမက်အယ်လ်နီနီကလည်း အသင်းနဲ့ တစ်နှစ်သက်တမ်း တိုးထားပေမယ့်လည်း အသင်းရဲ့ ကွင်းလယ်အတွက် ထိပ်တန်းကွင်းလယ်လူတစ်ဦးကို ထပ်မံအားဖြည့်သွားချင်နေပါတယ်။ ဒီနေရာအတွက် တီလေမန်းစ် ရူဘင်နေးဗက်စ် အာသာမယ်လ်လိုတို့ကို ချိန်ရွှယ်ထားခဲ့ပေမယ့် နေးဗက် မယ်လ်လိုတို့ထက် တီလေမန်းစ်ကိုသာ အာဆင်နယ်ဘက်က ပိုမိုအလိုရှိလာခဲ့တဲ့အပြင် အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်ပါ သတ်မှတ်ထားခဲ့ပါတယ်။

Photo Credit : CaughtOffside

အသက်(၂၅)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်ကစားသမား တီလေမန်းစ်ဟာ အန်ဒါလက်ချ် မိုနာကိုအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီး ၂၀၁၉ခုနှစ်မှာ လက်စတာကို တစ်ရာသီအငှားနဲ့ ရောက်ရှိလာခဲ့သလို နောက်တစ်နှစ်မှာ လက်စတာဆီ အပြီးသတ် ရောက်ရှိလာခဲ့ပါတယ်။ holding midfielder တစ်ဦးဖြစ်တဲ့ တီလေမန်းစ်ဟာ ပြေးအား ဘောလုံးပေးပို့မှုတွေပါ ကောင်းမွန်တာ မဟုတ်ပဲ အဝေးကန်ချက်တွေပါ ကောင်းမွန်သူဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာလည်း လက်စတာအသင်း အက်အေချန်ပီယံ ဖြစ်စေခဲ့ရတဲ့ တစ်လုံးတည်းသောသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ တီလေမန်းစ်ဟာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်တည်းသာ ကျန်ရှိနေတော့ပြီး လက်စတာဘက်က သက်တမ်းထပ်တိုးချင်နေပေမယ့် ကစားသမားကတော့ သူရဲ့အနာဂတ်အတွက် စဉ်းစားနေဆဲသာ ရှိနေသလို တကယ်လို့ တီလေမန်းစ်သာ လက်စတာနဲ့ သက်တမ်းတိုးဖို့ ပယ်ချခဲ့မယ်ဆိုရင် လက်စတာအနေနဲ့ ဒီဈေးကွက်ထဲမှာပဲ တီလေမန်းစ်ကို မဖြစ်မနေ ရောင်းချရတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ တီလေမန်းစ်ကို အာဆင်နယ်ဘက်က ပစ်မှတ်ထားနေတာဖြစ်သလို အခြားသော ကလပ်အသင်းတွေကလည်း အပြိုင်စိတ်ဝင်စားနေလို့ အာဆင်နယ်အနေနဲ့ သူတို့ရဲ့ main target ကို အရခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။