ပရီးမီးယားလိဂ် ကလပ်အသင်း ဝုလ်ဗ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကမှ အသင်းကနေ ထုတ်ပယ်လိုက်တဲ့ နည်းပြဘရူနိုလာ့ချ်နေရာမှာ အစားထိုးသွားဖို့အတွက် ဒီရက်ပိုင်းလေးမှာပဲ ဆီဗီလာအသင်းကနေ လမ်းခွဲထားခဲ့ရတဲ့ နည်းပြဂျူလီယန်လိုပက်တယ်ဂီကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။

Julen Lopetegui will meet with Wolves' chairman over the weekend

Photo Credit : The Sun

စပိန်လက်ရွေးစင်အသင်း ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဆီဗီလာအသင်းတို့ ကိုင်တွယ်ထားခဲ့ဖူးသူ စပိန်လူမျိုး ဘောလုံးနည်းပြ လိုပက်တယ်ဂီဟာ ဆီဗီလာက ဒေါ့မွန်ကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃)အပြီးမှာပဲ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ နည်းပြဘဝအတွင်း ဆုဖလား အောင်မြင်မှုတွေ ကြီးကြီးမားမား ရယူနိုင်ခဲ့ခြင်းမရှိတဲ့ အသက်(၅၆)နှစ်အရွယ် နည်းပြလိုပက်တယ်ဂီဟာ ဆီဗီလာကိုတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ယူရိုပါလိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး သူကိုယ်တိုင်ခဲ့တဲ့ နှစ်တိုင်းလိုလိုမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Bola

ဒါပေမယ့်လည်း လိုပက်တယ်ဂီဟာ ဒီရာသီမှာ ဆီဗီလာအသင်းကို လာလီဂါပြိုင်ပွဲအတွင်း (၇)ပွဲ ကစားထားပြီးချိန်မှာ နိုင်ပွဲ(၁)ပွဲတည်းသာရအောင် စွမ်းဆောင်ထားပြီး အသင်းကလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာမှာ ရပ်တည်နေတာဖြစ်လို့ ဒီအခြေအနေတွေကို အလျင်အမြန် ပြန်လည် တည်မတ်ဖို့အတွက် လိုပက်တယ်ဂီကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်သွားခဲ့တဲ့ လိုပက်တယ်ဂီကို နည်းပြလက်မဲ့ ဖြစ်နေတဲ့ ဝုလ်ဗ်အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စိတ်ဝင်စားလာခဲ့ပြီး ဆက်သွယ်မှုတွေလည်း ပြုလုပ်လာခဲ့ရာ ဒီတစ်ပတ် weekend အပြီးမှာ လိုပက်တယ်ဂီက ဝုလ်ဗ်အသင်းဥက္ကဌနဲ့ ဆုံတွေ့ရင်း ဝုလ်ဗ်နည်းပြရာထူးအတွက် ဆွေးနွေးသွားကြတော့မှာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရလည်း လိုပက်တယ်ဂီဟာ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းက ဝုလ်ဗ်အသင်းကို ကိုင်တွယ်ဖို့ နီးစပ်ခဲ့သေးပေမယ့် အကြောင်းကြောင်းတွေကြောင့် အသင်းကို ကိုင်တွယ်ဖို့ ပယ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတစ်ကြ်ိမ်မှာတော့ လိုပက်တယ်ဂီကိုယ်တိုင်က နောက်ထပ် အသင်းတစ်သင်းကို ဆက်လက် ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေတာကြောင့် ဝုလ်ဗ်နည်းပြရာထူးကို လက်ခံသွားဖွယ် ရှိနေပါတယ်။