MySport Myanmar

သူမ အနှစ်သက်ဆုံးသော ဘောလုံးသမား(၃)ဦးကို ဖော်ပြသွားခဲ့တဲ့ မီယာခါလီဖာ

(၁၈)ယောက်စုကြည့်ရတဲ့ ဇာတ်ကားများကို ရိုက်ကူးခဲ့ဖူးတဲ့ အပြာမင်းသမီးဟောင်း မီယာခါလီဖာက အာဆင်နယ်အသင်း ပရိသတ်တွေ ဖန်တီးထားတဲ့ AFTV youtube channel မှာ ပါဝင်လာခဲ့ရင်းနဲ့ သူမ အနှစ်သက်ဆုံးသော ဘောလုံးသမား(၃)ယောက်အကြောင်းကို အသေးစိတ် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : SPORTbible

ညိုကီတို့ရဲ့ အသည်းကျော်တစ်ဦးဖြစ်သူ မီယာခါလီဖာဟာ အားကစားကို ဝါသနာပါသူလည်းဖြစ်ပြီး လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းကို အားပေးသူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုလည်း AFTV နဲ့ အင်တာဗျူး ပြုလုပ်ရာ သူမ အနှစ်သက်ဆုံး ဘောလုံးသမား(၃)ဦးအကြောင်း မေးမြန်းလာခဲ့ချိန် မီယာခါလီဖာက မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းကို ပထမဆုံးနေရာကနေ ရွေးချယ်သွားခဲ့ပါတယ်။ “ကျွန်မက မိန်းကလေးဆိုတော့ Becks လို့ ပြောရမယ်။ ကျွန်မ (၁၂)နှစ်သားလောက်ကတည်းက သူစကားပြောသံကို ကြားရတိုင်းလိုလို ရယ်မော ပျော်ရွှင်ခဲ့ရတယ်” လို့ မီအာခါလီဖာက ရှင်းပြသွားပါတယ်။

Photo Credit : Twitter

ဆက်လက်ပြီး မီယာက “ဇီဒန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက(မာတာရာဇီရဲ့ ရင်ဘတ်ကို ခေါင်းနဲ့ ဝင်တိုက်ခဲ့တဲ့ အဖြစ်အပျက်) ဘောလုံးပွဲတစ်ပွဲအတွင်း ကျွန်မ မြင်ဖူးသမျှတွေထဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ပါပဲ။ ကျွန်မကတော့ ကြမ်းကြမ်းတမ်းတမ်းတွေကို သဘောကျတယ်။ ဘောလုံးမှာ ပျော့ပျော့ပျောင်းပျောင်း ဖြစ်လွန်းနေတာမျိုးကိုတော့ တကယ်မုန်းပါတယ်။ ဆိုတော့ အဲ့ဒီလို ခေါင်းနဲ့တိုက်သွားခဲ့တာက အချိန်တိုင်း အခမ်းနားဆုံးသော အခိုက်အတန့်ပါပဲ” လို့ ပြောဆိုလာခဲ့ပါတယ်။ ဘက်ခမ်း ဇီဒန်းတို့လို ဘောလုံးလောကရဲ့ အထင်ကရ ဘောလုံးသမားနှစ်ဦးကို ရွေးချယ်ထားခဲ့တဲ့ မီယာခါလီဖာဟာ သူမရဲ့ တတိယမြောက် အနှစ်သက်ဆုံး ကစားသမားကို ရွေးချယ်ရာမှာတော့ ထူးထူးခြားခြား အနေနဲ့ ဆဲလ်တစ်အသင်းရဲ့ သြစတြေးလျ ကွင်းလယ်လူ အာရွန်မွိုင်းကို ရွေးချယ်လာခဲ့ပြီး မွိုင်းက ကာဝိုင်အီလီယိုနတ်(ဘတ်စကတ်ဘောကစားသမား)လို့ပါ သုံးနှုန်းသွားခဲ့ပါတယ်။ လက်ရှိမှာ အသက်(၂၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ လက်ဘနွန်-အမေရိကန်နွယ်ဖွား မီယာခါလီဖာဟာ ၂၀၁၄ခုနှစ်မှာ အပြာနယ်ပယ်ထဲကို စတင် ဝင်ရောက်လာခဲ့ပြီး ၂၀၁၉ခုနှစ်မှာပဲ အပြာမင်းသမီးအလုပ်ကို ကျောခိုင်းခဲ့ပါတယ်။

Exit mobile version