မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဆာအဲလက်စ်ဖာဂူဆန်ကြီး တပည့်ဟောင်း အင်္ဂလန် လက်ရွေးစင်ဟောင်း ကွင်းလယ်လူ တွမ်ကလီဗာလေဟာ အသက် (၃၃)နှစ်အရွယ်မှာပဲ သူရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်သွားခဲ့ပါတယ်။

Photo Credit : Belfast Telegraph

အသက် (၁၁)နှစ်သားအရွယ် ၂၀၀၀ခုနှစ်ကမှ မန်ယူနိုက်တက် လူငယ် အကယ်ဒမီဆီကို စတင် ရောက်ရှိလာခဲ့တဲ့ ကလီဗာလေဟာ (၈)နှစ်လောက် လူငယ်အသင်းမှာ ကျင်လည်ခဲ့ရပြီး လက်စတာ ဝက်ဖို့ဒ် ဝီဂန်အသင်းတွေမှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ မစတင်ခင်မှာ ယူနိုက်တက် ကွင်းလယ်က legend player ကြီး ပေါလ်စခိုး ကစားသမားဘဝကနေ အနားယူသွားရာ ကလီဗာလေအတွက်ပါ လမ်းပွင့်သွားခဲ့ပါတယ်။ အဲ့ဒီ ဘောလုံးရာသီမှာပဲ ကလီဗာလေက ယူနိုက်တက်အတွက် ပွဲတော်တော် ကစားလာရပြီး ၂၀၁၂-၁၃ ၊ ၂၀၁၃-၁၄ ဘောလုံးရာသီတွေမှာပါ ဆက်တိုက် ကစားခွင့်တွေ ရရှိလာခဲ့ပါတယ်။

Photo Credit :  talkSPORT

၂၀၁၂-၁၃ ဘောလုံးရာသီမှာတော့ ကလီဗာလေက ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ ယူနိုက်တက်က နည်းပြ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီးနောက် ကလီဗာလေရဲ့ အနာဂတ်ဟာလည်း ဝေဝါးလာခဲ့ရာ နောက်ဆုံးမှာတော့ ဗီလာဆီ အငှား ဝက်ဖို့ဒ်ဆီ အငှားနဲ့ နောက်ဆုံး ဝက်ဖို့ဒ်ဆီကိုသာ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဝက်ဖို့ဒ်မှာ ၂၀၁၇ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ ပါဝင်ကစားခဲ့တဲ့ ကလီဗာလေဟာ ဒဏ်ရာ ပြသာနာတွေရဲ့ နှိပ်စက်မှုဒဏ်တွေကြောင့် ဇူလိုင် (၁)ရက်နေ့မှာပဲ သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အဆုံးသတ်လိုက်ကြောင်း တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : SportsJOE

ကလီဗာလေဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက်ကိုလည်း ၂၀၁၂ခုနှစ် နဲ့ ၂၀၁၃ခုနှစ်တွေမှာ (၁၃)ပွဲအထိ ပါဝင်ကစားပေးခဲ့ဖူးပြီး ကလပ်အသင်း ကစားသမားဘဝအတွင်း ပွဲပေါင်း (၃၇၉)ပွဲကစား (၃၅)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို လက်စတာနဲ့ လိဂ်ဝမ်း အမှတ်ပေးဖလား ၊ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။