မန္စီးတီးအသင္းဟာ မေန႔ညက ကစားသြားခဲ႔တဲ႔ အက္စတြန္ဗီလာအသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂၂)အတြင္း တုိက္စစ္ပုိင္းရဲ႕အေကာင္းဆုံးေျခစြမ္းျပမႈေၾကာင့္ အေဝးကြင္းမွာ ၁ဂုိး၆ဂုိးနဲ႔ ဂုိးျပတ္အႏုိင္ရရွိခဲ႔ၿပီး ဒီႏုိင္ပြဲေၾကာင့္လည္း အမွတ္ေပးဇယားရဲ႕ဒုတိယေနရာကုိ ျပန္လည္ပုိင္ဆုိင္ႏုိင္ခဲ႔ရပါတယ္။ ဒီပြဲစဥ္မွာ မန္စီးတီးအသင္းရဲ႕တုိက္စစ္ကစားသမား ဆာဂ်ီယုိအဂူရုိက အသင္းအတြက္ ဟက္ထရစ္သြင္းဂုိးကုိ ရယူေပးခဲ႔ၿပီး အသင္းကုိ ဂုိးျပတ္အႏိုင္ရေစခဲဲ႔သလုိ လက္စတာအသင္းရဲ႕ရွုံးပြဲကုိပါ အခြင့္ေကာင္းယူႏုိင္ခဲ႔လုိ႔ အမွတ္ေပးဇယားရဲ႕ဒုတိယေနရာဆီကုိပါ ျပန္လည္တတ္လွမ္းလာခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : Flipboard

အသက္၃၁ႏွစ္အရႊယ္ရွိ ဝါရင့္အာဂ်င္တီးနားလက္ေရြးစင္ တုိက္စစ္ကစားသမား အဂူရုိဟာ အခုဆုိရင္ သူရဲ႕သြင္းဂုိးေတြေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း ပါဝင္ကစားခဲ႔တဲ႔ ႏုိင္ငံျခားကစားသမားေတြထဲကမွ သြင္းဂုိးအမ်ားဆုံး ရယူထားႏုိင္အျဖစ္ အာဆင္နယ္ကစားသမားေဟာင္းႀကီး သီယာရီအြန္နရီရဲ႕စံခ်ိန္ကုိ ေက်ာ္ျဖတ္သြားႏုိင္ခဲ႔ပါတယ္။  ဒါ့အျပင္ ဒီပြဲအတြင္းမွာ ဟက္ထရစ္သြင္းယူမႈကုိပါ ျပဳလုပ္ႏုိင္ခဲ႔တဲ႔ အဂူရုိဟာ ပရီးမီးယားလိဂ္မွာ ဟက္ထရစ္အမ်ားဆုံး ရရွိထားခဲ႔တဲ႔ နယူးကာဆဲလ္တုိက္စစ္မွဴးႀကီး အလန္ရွီးယားရဲ႕စံခ်ိန္ကုိေက်ာ္ျဖတ္ကာ ဟက္ထရစ္ေပါင္း ၁၂ႀကိမ္နဲ႔ ပရီးမီးယားလိဂ္ရဲ႕ဟက္ထရစ္အမ်ားဆုံး ကစားသမား ျဖစ္လာခဲ႔ရပါတယ္။

Photo Credit : WhatsNew2Day

ဒီလုိ စံခ်ိန္မွတ္တမ္းေကာင္းေတြ ပုိင္ဆုိင္ႏုိင္ခဲ႔တဲ႔ ေျခစြမ္းေကာင္းေတြကုိ ျပသႏုိင္ခဲ႔တဲ႔ အဂူရုိနဲ႔ပတ္သက္ၿပီး မန္စီးတီးအသင္းရဲ႕ကစားသမားေဟာင္းလည္းျဖစ္ အဂူရုိနဲ႔လည္း မန္စီးတီးမွာ တြဲဖက္ကစားခဲ႔ဖူးတဲ႔ ေနာက္ခံလူမီကာရစ္ခ်တ္က အဂူရုိကုိ ဒီေလာက္ထိေျခစြမ္းေကာင္းေတြ ျပသႏုိင္မယ္လုိ႔ မထင္ထားခဲ႔မိေၾကာင္း ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။ ရစ္ခ်တ္က “ကြ်န္ေတာ္သူနဲ႔ ေလ့က်င့္ေရးစဆင္းတုန္းကဆုိရင္ သူကအသင္းမွာ ဒီေလာက္ထိ ေျခစြမ္းျပႏုိင္မယ့္သူလုိ႔ကုိ မထင္ခဲ႔မိဘူး။ ေလ့က်င့္ခန္းလည္း ေကာင္းေကာင္းမဆုံးႏုိင္သလုိ ႀကိဳးႀကိဳးစားစားလည္း  သူမလုပ္ေဆာင္ႏုိင္ဘူး။ ဒါေပမယ့္ အသင္းအတြက္ ကစားေပးခ်ိန္မွာေတာ့ သြင္းဂုိးေတြရေအာင္ သူစြမ္းေဆာင္ႏုိင္ခဲ႔တယ္။ တကယ္ဆုိသူက ပါရမီရွင္တစ္ေယာက္လုိပါပဲ။ သူ႔အတြက္ ခက္ခက္ခဲခဲ ႀကိဳးစားမႈေတြဆုိတာ မလုိအပ္သလုိမ်ိဳးပဲ။ သူ႔လုိ ကစားသမားေကာင္းတစ္ေယာက္နဲဲ႔ တြဲဖက္ကစားခဲ႔ရတာကုိ တကယ္ဂုဏ္ယူတယ္။ သူက ကြင္းတြင္းမွာတင္မကပဲ ကြင္းျပင္ပမွာလည္း တကယ့္ကုိႏွစ္လုိဖြယ္ေကာင္းတဲ႔ ကစားသမားမ်ိဳးပါ” လုိ႔ ဖြင့္ဟေျပာဆုိသြားခဲ႔ပါတယ္။

(Unicode)

အဂူရိုကို ဒီလောက်ကောင်းမွန်လိမ့်မယ်လို့ မထင်ခဲ့မိကြောင်း မန်စီးတီးကစားသမားဟောင်း ဖွင့်ဟ

မန်စီးတီးအသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၂)အတွင်း တိုက်စစ်ပိုင်းရဲ့အကောင်းဆုံးခြေစွမ်းပြမှုကြောင့် အဝေးကွင်းမှာ ၁ဂိုး၆ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဒီနိုင်ပွဲကြောင့်လည်း အမှတ်ပေးဇယားရဲ့ဒုတိယနေရာကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့တိုက်စစ်ကစားသမား ဆာဂျီယိုအဂူရိုက အသင်းအတွက် ဟက်ထရစ်သွင်းဂိုးကို ရယူပေးခဲ့ပြီး အသင်းကို ဂိုးပြတ်အနိုင်ရစေခဲဲ့သလို လက်စတာအသင်းရဲ့ရှုံးပွဲကိုပါ အခွင့်ကောင်းယူနိုင်ခဲ့လို့ အမှတ်ပေးဇယားရဲ့ဒုတိယနေရာဆီကိုပါ ပြန်လည်တတ်လှမ်းလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Flipboard

အသက်၃၁နှစ်အရွှယ်ရှိ ဝါရင့်အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား အဂူရိုဟာ အခုဆိုရင် သူရဲ့သွင်းဂိုးတွေကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပါဝင်ကစားခဲ့တဲ့ နိုင်ငံခြားကစားသမားတွေထဲကမှ သွင်းဂိုးအများဆုံး ရယူထားနိုင်အဖြစ် အာဆင်နယ်ကစားသမားဟောင်းကြီး သီယာရီအွန်နရီရဲ့စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။  ဒါ့အပြင် ဒီပွဲအတွင်းမှာ ဟက်ထရစ်သွင်းယူမှုကိုပါ ပြုလုပ်နိုင်ခဲ့တဲ့ အဂူရိုဟာ ပရီးမီးယားလိဂ်မှာ ဟက်ထရစ်အများဆုံး ရရှိထားခဲ့တဲ့ နယူးကာဆဲလ်တိုက်စစ်မှူးကြီး အလန်ရှီးယားရဲ့စံချိန်ကိုကျော်ဖြတ်ကာ ဟက်ထရစ်ပေါင်း ၁၂ကြိမ်နဲ့ ပရီးမီးယားလိဂ်ရဲ့ဟက်ထရစ်အများဆုံး ကစားသမား ဖြစ်လာခဲ့ရပါတယ်။

Photo Credit : WhatsNew2Day

ဒီလို စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တဲ့ အဂူရိုနဲ့ပတ်သက်ပြီး မန်စီးတီးအသင်းရဲ့ကစားသမားဟောင်းလည်းဖြစ် အဂူရိုနဲ့လည်း မန်စီးတီးမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ နောက်ခံလူမီကာရစ်ချတ်က အဂူရိုကို ဒီလောက်ထိခြေစွမ်းကောင်းတွေ ပြသနိုင်မယ်လို့ မထင်ထားခဲ့မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရစ်ချတ်က “ကျွန်တော်သူနဲ့ လေ့ကျင့်ရေးစဆင်းတုန်းကဆိုရင် သူကအသင်းမှာ ဒီလောက်ထိ ခြေစွမ်းပြနိုင်မယ့်သူလို့ကို မထင်ခဲ့မိဘူး။ လေ့ကျင့်ခန်းလည်း ကောင်းကောင်းမဆုံးနိုင်သလို ကြိုးကြိုးစားစားလည်း  သူမလုပ်ဆောင်နိုင်ဘူး။ ဒါပေမယ့် အသင်းအတွက် ကစားပေးချိန်မှာတော့ သွင်းဂိုးတွေရအောင် သူစွမ်းဆောင်နိုင်ခဲ့တယ်။ တကယ်ဆိုသူက ပါရမီရှင်တစ်ယောက်လိုပါပဲ။ သူ့အတွက် ခက်ခက်ခဲခဲ ကြိုးစားမှုတွေဆိုတာ မလိုအပ်သလိုမျိုးပဲ။ သူ့လို ကစားသမားကောင်းတစ်ယောက်နဲဲ့ တွဲဖက်ကစားခဲ့ရတာကို တကယ်ဂုဏ်ယူတယ်။ သူက ကွင်းတွင်းမှာတင်မကပဲ ကွင်းပြင်ပမှာလည်း တကယ့်ကိုနှစ်လိုဖွယ်ကောင်းတဲ့ ကစားသမားမျိုးပါ” လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။