လီဗာပူးလ္အသင္းကေတာ့ ၿပီးခဲ႔တဲ႔ေဘာလုံးရာသီမွာ ဥေရာပခ်န္ပီယံလိဂ္ဖလားကုိ ပုိင္ဆုိင္ရယူခဲ႔ၿပီးေနာက္ ဒီႏွစ္ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကုိပါ ဆက္လက္သိမ္းပုိက္ႏုိင္ဖို႔အတြက္ အစြမ္းကုန္ႀကိဳးပမ္းလ်က္ရွိေနၿပီး ဒီရာသီ ပရီးမီးယားလိဂ္ပြဲစဥ္(၂၀) ကစားခဲ႔ၿပီးတဲ႔ေနာက္မွာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ကစားခဲ႔ရတဲ႔ ပြဲစဥ္တစ္ပြဲကုိပဲ သေရက်ခဲ႔ရကာ က်န္တဲ႔ပြဲ(၁၉)အကုန္လုံးကုိ အႏုိင္ရယူခဲ႔တဲ႔အျပင္ ဒုတိယေနရာက လက္စတာအသင္းကုိ ရမွတ္၁၃မွတ္အထိ ျဖတ္ေတာက္ထားႏုိင္လုိ႔ ရွုံးပြဲမရွိခ်န္ပီယံ ျဖစ္လာဖုိ႔ေတာင္ အေျခအေန အေတာ္ေကာင္းေနရပါတယ္။

Photo Credit : Getty Images

အခုလုိ ပြဲအမ်ားစုကုိ အႏုိင္ရေအာင္ ကစားထားႏုိင္ခဲ႔တာေၾကာင့္ လီဗာပူးလ္အေနနဲ႔ ၂၀၀၃-၃၀၀၄ ေဘာလုံးရာသီတုန္းက အာဆင္နယ္အသင္း ပုိင္ဆုိင္ခဲ႔တဲ႔ စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုျဖစ္ေသာ ပရီးမီးယားလိဂ္ ရွံးပြဲမရွိခ်န္ပီယံ ေနာက္တစ္သင္းမ်ား ထြက္ေပၚလာႏုိင္ေတာ့မလားဆုိၿပီး လူအမ်ားစုက တြက္ဆထားခဲ့ေပမယ့္လည္း လီဗာပူးလ္အသင္းရဲ႕ဂႏၱဝင္ေနာက္ခံကစားသမားေဟာင္း ေဖးလ္တြမ္ဆင္ကေတာ့ သူရဲ႕အသင္းအေနနဲ႔ အာဆင္နယ္လုိ ရွုံးပြဲမရွိခ်န္ပီယံျဖစ္လာဖုိ႔က ခက္ခဲလြန္းတာေၾကာင့္ ျဖစ္ႏုိင္ဖြယ္မရွိေလာက္ဘူးလုိ႔ သူရဲ႕ထင္ျမင္ခ်က္ကုိ ထုတ္ေဖာ္ေျပာဆုိသြားခဲ႔ပါတယ္။

Photo Credit : Getty Images

တြမ္ဆင္က “အာဆင္နယ္လုိ ရွုံးပြဲမရွိ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္လာလိမ့္မယ္လုိ႔ ကြ်န္ေတာ္မထင္ပါဘူး။ သူတုိ႔ရဲ႕ခ်န္ပီယံခရီးလမ္းမွာ ေျခေခ်ာ္မႈေတြေတာ့ ျဖစ္ႏုိင္ဖြယ္ရွိေနေသးလုိ႔ပါပဲ။ လက္ရွိမွာ ပြဲကစားခြင့္ေတြ သိပ္မက်န္ေတာ့ဘူးဆုိေပမယ့္လည္း ဒီလုိစံခ်ိန္ေကာင္းတစ္ခုနဲဲ႔ ခ်န္ပီယံဆုကုိ ပုိင္ဆုိင္ဖုိ႔ဆုိတာကေတာ့ ျမင္ရခက္ႏုိင္ပါတယ္။ အာဆင္နယ္အေနနဲ႔ ရွုံးပြဲမရွိ ခ်န္ပီယံျဖစ္ခဲ႔ရတာကလည္း သေရပြဲပမာဏေတြ အရမ္းမ်ားျပားခဲ့ရင္းနဲ႔ ဒီစံခ်ိန္ကုိ ပုိင္ဆုိင္ခဲ႔ရတာပါ။ ေနာက္ၿပီး ဒီတစ္ပတ္မွာ ကစားသြားရမယ့္ စပါးနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္း စပါးကုိ အႏုိင္ရလုိက္ရုံနဲဲ႔ ခ်န္ပီယံျဖစ္သြားၿပီလုိ႔လည္း ေျပာလုိ႔မရေသးပါဘူး။ လက္ရွိမွာ ပရီးမီးယားလိဂ္ပြဲေပါင္း ၁၇ပြဲက်န္ရွိေနေသးလုိ႔ က်န္တဲ႔ပြဲေတြမွာ ဘယ္လုိရလဒ္ေတြ ပုိင္ဆုိင္ဦးမလဲဆုိတာ ေစာင့္ၾကည့္ရမွာပါ” လုိ႔ ဖြင့္ဟေျပာဆုိသြားခဲ႔ပါတယ္။ လီဗာပူးလ္အသင္းက အခု ဇန္နဝါရီလမွာ စပါး မန္ခ်က္စတာယူႏုိက္တက္ ဝုလ္ဗ္ ဝက္စ္ဟမ္းတုိ႔နဲ႔ ပြဲက်ပ္ေတြ ေတာက္ေလွ်ာက္ရင္ဆုိင္ရမွာျဖစ္လုိ႔ ေျခေခ်ာ္မႈေတြ ရွိလာႏုိင္မလားဆုိတာ တကယ့္ကုိ စိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။

(Unicode)

ရှုံးပွဲမရှိချန်ပီယံ ဖြစ်လာနိုင်ဖွယ်မရှိဘူးလို့ လီဗာပူးလ်အသင်းသားဟောင်း ဖွင့်ဟလာခဲ့

လီဗာပူးလ်အသင်းကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ရယူခဲ့ပြီးနောက် ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ ဆက်လက်သိမ်းပိုက်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးပမ်းလျက်ရှိနေပြီး ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂၀) ကစားခဲ့ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲကိုပဲ သရေကျခဲ့ရကာ ကျန်တဲ့ပွဲ(၁၉)အကုန်လုံးကို အနိုင်ရယူခဲ့တဲ့အပြင် ဒုတိယနေရာက လက်စတာအသင်းကို ရမှတ်၁၃မှတ်အထိ ဖြတ်တောက်ထားနိုင်လို့ ရှုံးပွဲမရှိချန်ပီယံ ဖြစ်လာဖို့တောင် အခြေအနေ အတော်ကောင်းနေရပါတယ်။

Photo Credit : Getty Images

အခုလို ပွဲအများစုကို အနိုင်ရအောင် ကစားထားနိုင်ခဲ့တာကြောင့် လီဗာပူးလ်အနေနဲ့ ၂၀၀၃-၃၀၀၄ ဘောလုံးရာသီတုန်းက အာဆင်နယ်အသင်း ပိုင်ဆိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုဖြစ်သော ပရီးမီးယားလိဂ် ရှံးပွဲမရှိချန်ပီယံ နောက်တစ်သင်းများ ထွက်ပေါ်လာနိုင်တော့မလားဆိုပြီး လူအများစုက တွက်ဆထားခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းရဲ့ဂန္တဝင်နောက်ခံကစားသမားဟောင်း ဖေးလ်တွမ်ဆင်ကတော့ သူရဲ့အသင်းအနေနဲ့ အာဆင်နယ်လို ရှုံးပွဲမရှိချန်ပီယံဖြစ်လာဖို့က ခက်ခဲလွန်းတာကြောင့် ဖြစ်နိုင်ဖွယ်မရှိလောက်ဘူးလို့ သူရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

တွမ်ဆင်က “အာဆင်နယ်လို ရှုံးပွဲမရှိ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ သူတို့ရဲ့ချန်ပီယံခရီးလမ်းမှာ ခြေချော်မှုတွေတော့ ဖြစ်နိုင်ဖွယ်ရှိနေသေးလို့ပါပဲ။ လက်ရှိမှာ ပွဲကစားခွင့်တွေ သိပ်မကျန်တော့ဘူးဆိုပေမယ့်လည်း ဒီလိုစံချိန်ကောင်းတစ်ခုနဲဲ့ ချန်ပီယံဆုကို ပိုင်ဆိုင်ဖို့ဆိုတာကတော့ မြင်ရခက်နိုင်ပါတယ်။ အာဆင်နယ်အနေနဲ့ ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့ရတာကလည်း သရေပွဲပမာဏတွေ အရမ်းများပြားခဲ့ရင်းနဲ့ ဒီစံချိန်ကို ပိုင်ဆိုင်ခဲ့ရတာပါ။ နောက်ပြီး ဒီတစ်ပတ်မှာ ကစားသွားရမယ့် စပါးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း စပါးကို အနိုင်ရလိုက်ရုံနဲဲ့ ချန်ပီယံဖြစ်သွားပြီလို့လည်း ပြောလို့မရသေးပါဘူး။ လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၇ပွဲကျန်ရှိနေသေးလို့ ကျန်တဲ့ပွဲတွေမှာ ဘယ်လိုရလဒ်တွေ ပိုင်ဆိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းက အခု ဇန်နဝါရီလမှာ စပါး မန်ချက်စတာယူနိုက်တက် ဝုလ်ဗ် ဝက်စ်ဟမ်းတို့နဲ့ ပွဲကျပ်တွေ တောက်လျှောက်ရင်ဆိုင်ရမှာဖြစ်လို့ ခြေချော်မှုတွေ ရှိလာနိုင်မလားဆိုတာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။