အာဆင်နယ်အသင်းမှာ နှစ်ပေါင်းဆယ်နှစ်နီးပါးလောက်အထိ ဖြတ်သန်းခဲ့ဖူးတဲ့ ဒိန်းမတ်တိုက်စစ်မှူး နီကလစ်ဘန်တနာဟာ ဘောလုံးကစားသမားဘဝကနေ တရားဝင်အနားယူကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသေးပေမယ့်လည်း သူရဲ့ဘောလုံးသမားဘဝကို ရှေ့ဆက်ဖို့ အစီအစဉ်မရှိတော့ပဲ သူရဲဲ့အလန်းစားချစ်သူဖြစ်တဲ့ မော်ဒယ်အလှမယ်လေးနဲ့အတူ Reality TV Show တစ်ခုကို ရိုက်ကူးတင်ဆက်သွားတော့မှာဖြစ်တယ်လို့ ဗြိတိန်သတင်းမီဒီယာကြီး The Sun ကနေ ဖော်ပြလို့သွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်၃၂နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား ဘန်တနာဟာ သူရဲ့မွေးရပ်မြေက ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ ဒိန်းမတ်ထိပ်သီးကလပ် ကိုပင်ဟေဂင်အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပေမယ့် ပြီးခဲ့တဲ့လကမှ အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး သူရဲ့အသက်မွေးကြောင်း အလုပ်အကိုင်ကိုပါ ပြောင်းလဲလုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဘန်တနာဟာ သူရဲ့ချစ်သူဖြစ်တဲ့ ဒိန်းမတ်မော်ဒယ် ဖီလိုင်းရက်စ်လက်စတော့ဖ်နဲ့အတူ သူတို့နှစ်ယောက်ရဲ့ Relationship နဲ့ပတ်သက်ပြီး Reality TV Show တစ်ခုကို ရိုက်ကူးသွားတော့မှာဖြစ်ကာ လာမယ့်နွေဦးလောက်မှာ ထုတ်လွှင့်ပြသဖွယ်ရှိနေပါတယ်။

Photo Credit : Daily Mail

ဘန်တနာဟာ အာဆင်နယ်အသင်းရဲ့ လူငယ်အသင်းမှာ ပါဝင်ကစားရင်းနဲ့ ၂၀၀၅ခုနှစ်မှာပဲ အာဆင်နယ်စီနီယာအသင်းအတွက် ပါဝင်ကစားခွင့်ရခဲ့ကာ အာဆင်နယ်ကစားသမားအဖြစ် ဖြတ်သန်းနေတဲ့ ၉နှစ်တာအတွင်းမှာ ဘာမင်ဂမ် ဆန်းဒါလန်း ဂျုဗင်တပ်စ်အသင်းတွေမှာ အငှားနဲ့ပါ သွားရောက်ကစားဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဘန်တနာဟာ ဝုလ်ဘတ် နော်တင်ဟမ်ဖောရက်စ် ရိုစင်ဘော့နဲ့ ကိုပင်ဟေဂင်အသင်းတွေမှာ ဆက်တိုက်ကစားခဲ့ရပြီး နောက်ဆုံးကလပ်ဖြစ်တဲ့ ကိုပင်ဟေဂင်နဲ့ ၆ပွဲသာ ကစားခဲ့ရပြီးနောက်မှာ အသင်းနဲ့ လက်တွဲဲဖြုတ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ဘန်တနာက သူရဲ့ချစ်သူရက်စ်လက်စတော့ဖ်နဲ့ တွဲဲဖက်ပြီး သူတို့နှစ်ယောက်ရဲ့လက်တွေ့ဘဝအကြောင်းနဲ့ပတ်သက်ကာ တီဗီအစီအစဉ်တစ်ခု ရိုက်ကူးမှာဖြစ်ပါတယ်။ ဘန်တနာတို့စုံတွဲဟာ အရမ်းဖက်ရှင်ကြပြီး လိုက်ဖက်ညီလှတဲ့ အတွဲဖြစ်လို့ ဒိန်းမတ်ရဲ့ဘက်ခမ်းစုံတွဲလို့ပါ တင်စားခေါ်ဆိုခံနေရပါတယ်။

(Zawgyi)

တီဗီစတားဘဝကုိ ေျပာင္းလဲေရာက္ရွိလာခဲ႔တဲ႔ အာဆင္နယ္ကစားသမားေဟာင္း ဘန္တနာ

အာဆင္နယ္အသင္းမွာ ႏွစ္ေပါင္းဆယ္ႏွစ္နီးပါးေလာက္အထိ ျဖတ္သန္းခဲ့ဖူးတဲ႔ ဒိန္းမတ္တုိက္စစ္မွဴး နီကလစ္ဘန္တနာဟာ ေဘာလုံးကစားသမားဘဝကေန တရားဝင္အနားယူေၾကာင္း ထုတ္ျပန္ေၾကညာျခင္းမရွိေသးေပမယ့္လည္း သူရဲ႕ေဘာလုံးသမားဘဝကုိ ေရွ႕ဆက္ဖုိ႔ အစီအစဥ္မရွိေတာ့ပဲ သူရဲဲ႕အလန္းစားခ်စ္သူျဖစ္တဲ႔ ေမာ္ဒယ္အလွမယ္ေလးနဲ႔အတူ Reality TV Show တစ္ခုကုိ ရုိက္ကူးတင္ဆက္သြားေတာ့မွာျဖစ္တယ္လိ႔ု ၿဗိတိန္သတင္းမီဒီယာႀကီး The Sun ကေန ေဖာ္ျပလုိ႔သြားခဲ႔ပါတယ္။

Photo Credit : Daily Mail

အသက္၃၂ႏွစ္အရႊယ္ရွိၿပီျဖစ္တဲ႔ ဒိန္းမတ္လက္ေရြးစင္ေဟာင္း တုိက္စစ္ကစားသမား ဘန္တနာဟာ သူရဲ႕ေမြးရပ္ေျမက ေဘာလုံးအသင္းတစ္သင္းျဖစ္တဲ႔ ဒိန္းမတ္ထိပ္သီးကလပ္ ကုိပင္ေဟဂင္အသင္းမွာ ပါဝင္ကစားေနတာျဖစ္ေပမယ့္ ၿပီးခဲ႔တဲ႔လကမွ အသင္းနဲ႔ လမ္းခြဲခဲ႔တာျဖစ္ၿပီး သူရဲ႕အသက္ေမြးေၾကာင္း အလုပ္အကုိင္ကုိပါ ေျပာင္းလဲလုပ္ကုိင္ဖုိ႔ ဆုံးျဖတ္လုိက္တာျဖစ္ပါတယ္။ ဘန္တနာဟာ သူရဲ႕ခ်စ္သူျဖစ္တဲ႔ ဒိန္းမတ္ေမာ္ဒယ္ ဖီလုိင္းရက္စ္လက္စေတာ့ဖ္နဲ႔အတူ သူတုိ႔ႏွစ္ေယာက္ရဲ႕ Relationship နဲ႔ပတ္သက္ၿပီး Reality TV Show တစ္ခုကုိ ရုိက္ကူးသြားေတာ့မွာျဖစ္ကာ လာမယ့္ေႏြဦးေလာက္မွာ ထုတ္လႊင့္ျပသဖြယ္ရွိေနပါတယ္။

Photo Credit : Daily Mail

ဘန္တနာဟာ အာဆင္နယ္အသင္းရဲ႕ လူငယ္အသင္းမွာ ပါဝင္ကစားရင္းနဲ႔ ၂၀၀၅ခုႏွစ္မွာပဲ အာဆင္နယ္စီနီယာအသင္းအတြက္ ပါဝင္ကစားခြင့္ရခဲ႔ကာ အာဆင္နယ္ကစားသမားအျဖစ္ ျဖတ္သန္းေနတဲ႔ ၉ႏွစ္တာအတြင္းမွာ ဘာမင္ဂမ္ ဆန္းဒါလန္း ဂ်ဳဗင္တပ္စ္အသင္းေတြမွာ အငွားနဲ႔ပါ သြားေရာက္ကစားျဖစ္ခဲ႔ပါတယ္။ အဲ႔ဒီေနာက္မွာ ဘန္တနာဟာ ဝုလ္ဘတ္ ေနာ္တင္ဟမ္ေဖာရက္စ္ ရုိစင္ေဘာ့နဲ႔ ကုိပင္ေဟဂင္အသင္းေတြမွာ ဆက္တုိက္ကစားခဲ႔ရၿပီး ေနာက္ဆုံးကလပ္ျဖစ္တဲ႔ ကုိပင္ေဟဂင္နဲ႔ ၆ပြဲသာ ကစားခဲ႔ရၿပီးေနာက္မွာ အသင္းနဲ႔ လက္တြဲဲျဖဳတ္ခဲ႔တာျဖစ္ပါတယ္။ အခုေတာ့ ဘန္တနာက သူရဲ႕ခ်စ္သူရက္စ္လက္စေတာ့ဖ္နဲ႔ တြဲဲဖက္ၿပီး သူတုိ႔ႏွစ္ေယာက္ရဲ႕လက္ေတြ႕ဘဝအေၾကာင္းနဲ႔ပတ္သက္ကာ တီဗီအစီအစဥ္တစ္ခု ရုိက္ကူးမွာျဖစ္ပါတယ္။ ဘန္တနာတုိ႔စုံတြဲဟာ အရမ္းဖက္ရွင္ၾကၿပီး လုိက္ဖက္ညီလွတဲ႔ အတြဲျဖစ္လုိ႔ ဒိန္းမတ္ရဲ႕ဘက္ခမ္းစုံတြဲလုိ႔ပါ တင္စားေခၚဆုိခံေနရပါတယ္။