အာဆင်နယ် နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဝီလီယံ ဂါးလက်စ်က ဒီနွေမှ ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာတဲ့ ကိုင် ဟာဗက်ဇ်က အာဆင်နယ်မှာ ဘယ်လိုမှ အံ့ဝင်ခွင်ကျ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

အသက် (၂၄)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ကွင်းလယ် နဲ့ တိုက်စစ် ကစားသမား ဟာဗက်ဇ်ဟာ ဒီနွေမှ ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် (၆၅)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိ အသင်းအတွက် (၁၂)ပွဲကစား (၁)ဂိုးသာ သွင်းယူထားနိုင်ပါတယ်။

Photo Credit : Pontianak Globe

“ကျွန်တော်ကတော ကိုင် ဟာဗက်ဇ်ကို အခုအထိ အထင်မကြီးသေးပါဘူး။ အာဆင်နယ်ကို သူပြောင်းလာကတည်းက ဘာမှ မလုပ်ဖြစ်ခဲ့သေးပါဘူး။ သူဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း မာတင် အိုဒီဂတ်က သူ့ကို ပင်နယ်တီကန်ခွင့်ပေးတာကြောင့်ပါပဲ။”

“သူက ဘာမှကို မလုပ်ဆောင်သေးပါဘူး။ ပြီးတော့ သူ ပြသာနာ ရှိနေတယ်လို့ ကျွန်တော် ထင်တယ်။ အာဆင်နယ်က ဒီကစားသမားကို ခေါ်ယူခဲ့သင့်တယ်လို့ ကျွန်တော် ဘယ်လိုမှ မထင်မိပါဘူး။ ဒါက အမှားတစ်ခု ပြုလုပ်လိုက်သလိုပါပဲ။”

Photo Credit : Sportarsh

“တိုက်စစ်ကစားသမား တစ်ယောက်အတွက် ပေါင် (၆၅)သန်းလောက်အထိ အသုံးပြုခဲ့မယ်ဆိုရင် ဒီကစားသမားက တစ်ရာသီမှာ အသင်းအတွက် (၁၅)ဂိုးလောက်တော့ သွင်းယူပေးနိုင်သင့်တယ်။ ဒါပေမယ့် ဟာဗက်ဇ်က ဒီလို လုပ်နိုင်မယ်လို့ ကျွန်တော် မထင်မိဘူး။”

“အာဆင်နယ်မှာ အချိန်မရှိပါဘူး။ ဘောလုံးရာသီက ရှည်လျားပေမယ့် ကလပ်အသင်းတွေအတွက်တော့ ချက်ချင်း ရလဒ်တွေ လိုအပ်တယ်။ ဟာဗက်ဇ်က ချယ်လ်ဆီးမှာ (၃)ရာသီ ကစားထားခဲ့လို့ ပရီးမီးယားလိဂ်အကြောင်း ကောင်းကောင်း သိနေပါပြီ။ အသင်းသစ်မှာ အခြေကျဖို့ အချိန်လိုတယ် ဆိုပေမယ့် သူက လန်ဒန်မှာ နေနေတဲ့သူမို့ ချက်ချင်း အံ့ဝင်ခွင်ကျဖြစ်ဖို့ လိုတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။