အာဆင်နယ်အသင်းနဲ့ လမ်းခွဲလိုက်ပြီးနောက်ပိုင်းကတည်းက အခြားသော ဘောလုံးကလပ်အသင်းတွေမှာ နည်းပြအဖြစ် ဆောင်ရွှက်ခြင်းမပြုတော့သလို အာဆင်နယ်ကို ပြန်လည်ကိုင်တွယ်ဖို့လည်း အစီအစဉ်မရှိတော့တဲ့ အာဆင်နယ်ရဲ့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ပြီးခဲ့တဲ့လပိုင်းအတွင်း လီဗာပူးလ်အသင်းက ဝက်ဖိုဒ့်အသင်းကို (၃)ဂိုးပြတ်နဲ့ ဂိုးပြတ်ရှံးနိမ့်ခဲ့ရခြင်းအပေါ် ဝမ်းမြောက်ပျော်ရွှင်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီလိုလီဗာပူးလ်ရှံးပွဲတွေ့လိုက်ခြင်းကြောင်း အာဆင်နယ်ရဲ့ ရှံးပွဲမရှိမှတ်တမ်းမှာလည်း ဆက်လက်တည်တံ့သွားခဲ့ပါတယ်။

Photo Credit : Liverpool FC

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၇)အထိ ရှံးပွဲမရှိအောင် တောက်လျှောက်ကစားနိုင်ခဲ့ပေမယ့် မတ်လ(၁)ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ကစားရချိန်မှာတော့ (၃)ဂိုး ဂိုးမရှိနဲ့ကို ပြတ်ပြတ်သားသား အရေးနိမ့်ခဲ့ကာ လီဗာပူးလ်ရဲ့ ရှံးပွဲမရှိစံချိန် ပြတ်တောက်သွားခဲ့ရပါတယ်။ ဒါကြောင့် အင်္ဂလန်မှာ အာဆင်နယ်အသင်းပြီးရင် နောက်ထပ် ရှံးပွဲမရှိ အသင်းတစ်သင်း ပေါ်ထွက်လာမယ့်ကိစ္စကနေ လုံးဝရပ်တန့်သွားခဲ့ရပြီး အာဆင်နယ်ကပဲ ပရီးမီးယားလိဂ်ရဲ့ တစ်သင်းတည်းသော ရှံးပွဲမရှိအသင်းအဖြစ် ဆက်လက်ရပ်တည်သွားခဲ့ပါတယ်။

Photo Credit : Daily Express

အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်းဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်မှာ (၂၆)ပွဲအထိကို အနိုင်ရယူခဲ့ကာ (၁၂)ပွဲကို သရေကျခဲ့ရင်း ရမှတ်(၉၀)နဲ့ ရှံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းကလည်း ဒီရာသီမှာ ဝက်ဖိုဒ့်အသင်းကို မရှံးနိမ့်ခင် ပွဲစဉ်(၂၅)ပွဲကို အနိုင်ရခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာပဲ သရေကျခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်း ရှံးပွဲတွေ့ခဲ့တဲ့အပေါ် အာဆင်ဝင်းဂါးက “ဟုတ်ကဲ့ လီဗာပူးလ်အသင်း ရှံးပွဲကို မြင်လိုက်ရတာက အရမ်းကို စိတ်ကျေနပ်စရာကောင်းပါတယ်။ ကျွန်တော်တို့တွေက အမြဲတမ်းပဲ တစ်ခုတည်းရှိနေမယ့် အရာတွေကို ဖန်တီးချင်ကြတာမလား။ လီဗာပူးလ်အသင်းရဲ့ ဒီရာသီမှာ စွမ်းဆောင်ခဲ့မှုတွေက အာဆင်နယ်ရဲ့ စံချိန်ကို မှီနိုင်လောက်စရာပါပဲ။ ဒါပေမယ့် အခုဖြစ်ရပ်ကတော့ ဒီလိုစံချိန်မျိုးကို ရယူနိုင်ဖို့ မလွယ်ကူဘူးဆိုတာကို ပြသလိုက်သလိုပါပဲ။ ကျွန်တော်ဆို အဲ့ဒီနေ့မှာပဲ အာဆင်နယ်အသင်း ပရိသတ်တွေကနေ မက်ဆေ့ချ်တွေများစွာကိုတောင် ရရှိခဲ့ပါသေးတယ်” လို့ ရှင်းလင်းပြောဆိုလို့သွားခဲ့ပါတယ်။