မန္ယူ ဘယ္ေနာက္ခံကစားသမားေဟာင္း အီဗရာကေတာ့ မန္ယူအသင္းမွာ သူ ကစားခဲ့စဥ္က သူ႔ရဲ႕ အေျခအေန နဲ႔ လက္ရွိ ေပါ့ဘာရဲ႕ အေျခအေနကုိ ႏႈိင္းယွဥ္ၿပီး ေပါ့ဘာအေနနဲ႔ မန္ယူအသင္းကေန ထြက္သြားသင့္ၿပီလုိ႔ ေျပာသြားပါတယ္။ ေနာက္ခံလူ အီဗရာဟာ မန္ယူအသင္းမွာ ကစားခဲ့စဥ္က မန္ယူ ပရိသတ္ တစ္ဦးကုိ ေျခေထာက္နဲ႔ ကန္ခဲ့တာေၾကာင့္ အသင္းနဲ႔ ျပႆနာ တက္သြားခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ မန္ယူအသင္းကေန ထြက္သြားရတဲ့ အဆင့္အထိေတာင္ ေရာက္ရွိသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: SkySports

ကြင္းလယ္လူ ေပါ့ဘာဟာ ၿပီးခဲ့တဲ့ (၂၀၁၆) ခုႏွစ္ ေႏြရာသီ အေျပာင္းအေရြ႕ ေစ်းကြက္မွာ မန္ယူအသင္းကို ေပါင္ (၈၉) သန္းနဲ႔ ေရာက္ရွိလာျပီး ပထမရာသီမွာ ေျခစြမ္းျပခဲ့ေပမဲ့ ဒုတိယရာသီမွာ ဒဏ္ရာျပႆနာနဲ႔ စတင္လုံပန္းခဲ့ရပါတယ္။ ေပါ့ဘာဟာ လက္ရွိမွာ မန္ယူအသင္းအတြက္ ပဲြထြက္မကစားႏုိင္လ်က္ ရွိၿပီး မန္ယူ ေနာက္ခံလူေဟာင္း အီဗရာကေတာ့ ေပါ့ဘာ ပဲြထြက္ ကစားရင္ပဲ ျဖစ္ျဖစ္၊ မကစားရင္ပဲ ျဖစ္ျဖစ္၊ အျပစ္တင္ခံရေနတယ္လုိ႔ SkySports မွာ ေျပာဆုိသြားခဲ့ပါတယ္။

Photo Credit: SkySports

SkySports အီဗရာက “ေပါ့က ကစားရင္ အျပစ္တင္ခံရတယ္။ မကစားရင္ အျပစ္တင္ခံရတယ္။ ကြ်န္ေတာ္ နားလည္ပါတယ္။ ဒါေပမဲ့ ကုိယ္က အသင္းအတြက္ ျပႆန ျဖစ္ေနၿပီ ဆုိရင္ ဥပမာ ေပးပါမယ္။ ကြ်န္ေတာ္ ပရိသတ္တစ္ဦးကုိ ေျခနဲ႔ ကန္မိခဲ့တဲ့ အခ်ိန္ကဆုိရင္ ပုိင္ရွင္ နဲ႔ နည္းျပက ကြ်န္ေတာ့္ဆီကုိ လာၿပီး ဘာလုပ္မလဲလုိ႔ ေမးတာေပါ့။ ကြ်န္ေတာ္က အသင္းက ထြက္ပါမယ္လုိ႔ ေျပာပါတယ္။ အခုအခ်ိန္က ေပါ့ဘာအေနနဲ႔ အသင္းက ထြက္ရမယ့္ အခ်ိန္ပါ”လုိ႔ ေျပာပါတယ္။

{Unicode}

မန်ယူ ဘယ်နောက်ခံကစားသမားဟောင်း အီဗရာကတော့ မန်ယူအသင်းမှာ သူ ကစားခဲ့စဉ်က သူ့ရဲ့ အခြေအနေ နဲ့ လက်ရှိ ပေါ့ဘာရဲ့ အခြေအနေကို နှိုင်းယှဉ်ပြီး ပေါ့ဘာအနေနဲ့ မန်ယူအသင်းကနေ ထွက်သွားသင့်ပြီလို့ ပြောသွားပါတယ်။ နောက်ခံလူ အီဗရာဟာ မန်ယူအသင်းမှာ ကစားခဲ့စဉ်က မန်ယူ ပရိသတ် တစ်ဦးကို ခြေထောက်နဲ့ ကန်ခဲ့တာကြောင့် အသင်းနဲ့ ပြဿနာ တက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ မန်ယူအသင်းကနေ ထွက်သွားရတဲ့ အဆင့်အထိတောင် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: SkySports

ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ မန်ယူအသင်းကို ပေါင် (၈၉) သန်းနဲ့ ရောက်ရှိလာပြီး ပထမရာသီမှာ ခြေစွမ်းပြခဲ့ပေမဲ့ ဒုတိယရာသီမှာ ဒဏ်ရာပြဿနာနဲ့ စတင်လုံပန်းခဲ့ရပါတယ်။ ပေါ့ဘာဟာ လက်ရှိမှာ မန်ယူအသင်းအတွက် ပွဲထွက်မကစားနိုင်လျက် ရှိပြီး မန်ယူ နောက်ခံလူဟောင်း အီဗရာကတော့ ပေါ့ဘာ ပွဲထွက် ကစားရင်ပဲ ဖြစ်ဖြစ်၊ မကစားရင်ပဲ ဖြစ်ဖြစ်၊ အပြစ်တင်ခံရနေတယ်လို့ SkySports မှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: SkySports

SkySports အီဗရာက “ပေါ့က ကစားရင် အပြစ်တင်ခံရတယ်။ မကစားရင် အပြစ်တင်ခံရတယ်။ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ်က အသင်းအတွက် ပြဿန ဖြစ်နေပြီ ဆိုရင် ဥပမာ ပေးပါမယ်။ ကျွန်တော် ပရိသတ်တစ်ဦးကို ခြေနဲ့ ကန်မိခဲ့တဲ့ အချိန်ကဆိုရင် ပိုင်ရှင် နဲ့ နည်းပြက ကျွန်တော့်ဆီကို လာပြီး ဘာလုပ်မလဲလို့ မေးတာပေါ့။ ကျွန်တော်က အသင်းက ထွက်ပါမယ်လို့ ပြောပါတယ်။ အခုအချိန်က ပေါ့ဘာအနေနဲ့ အသင်းက ထွက်ရမယ့် အချိန်ပါ”လို့ ပြောပါတယ်။