ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်မှု အစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတပတ် ပရီးမီးယားလိဂ်ပွဲတွေမှာ ချယ်လ်ဆီးနဲ့ အာဆင်နယ် ၊ စပါးနဲ့ လီဗာပူးတို့လို ပွဲကောင်းတွေ ရှိနေပြီး ဒီတခါမှာတော့ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်နဲ့ ပြင်သစ် ဂန္တဝင် ဘယ်နောက်ခံလူ ပက်ထရစ် အီဗရာရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက် ပေးသွားချင်ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးနဲ့ အာဆင်နယ် (တနင်္ဂနွေနေ့ည ၆နာရီ ၃၀မိနစ်)

ချယ်လ်ဆီးနဲ့ ပတ်သတ်ပြီး ဘာတွေ ဖြစ်နေလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ သူတို့အသင်းမှာ တိုးတက်မှု ရှိလာတာ သေချာပါတယ်။ သူတို့က တကယ်ကောင်းတဲ့ နည်းပြတယောက်ကိုလည်း ရထားတာပါ။ ဒါပေမယ့် သူတို့တွေက အခုချိန်အထိ ဘယ်လို ကစားရမလဲ ဆိုတာကို သေချာ မသိသေးပုံပါပဲ။ ခင်ဗျားတို့ကတော့ နည်းပြက ကစားစေချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ဖို့ ဆိုရင် အချိန်တော့ ယူရဦးမှာပေါ့လို့ ပြောချင် ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကစားသမားတွေဟာ ဒီထက် ပိုကောင်းတဲ့ ကစားပုံမျိုး ပြသသင့်တယ်လို့ မြင်ပါတယ်။ ဒါက လန်ဒန်ဒါဘီပါ။ အာဆင်နယ်က ခြေချော်သွားပေမယ့် ပုံစံကောင်း ပြန်ရနေသလို သွင်းဂိုးတွေ အများကြီးလည်း သွင်းယူထားနိုင်ပါတယ်။ အာဆင်နယ်က ဒီပွဲမှာ ချယ်လ်ဆီးထက် ပိုပြီး ပြင်ဆင်မှုတွေ ကောင်းမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီပွဲရဲ့ အနိုင်ရလဒ်ကို အာဆင်နယ်ကပဲ ရသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၁-၃ အာဆင်နယ်

Photo Credit: Sky Sports

စပါးနဲ့ လီဗာပူး (တနင်္ဂနွေနေ့ည ၁၁နာရီ)

ဒီနေရာမှာ ကျွန်တော်က လီဗာပူးသာ ရှုံးပွဲတွေ့သွားရင် ဘာဖြစ်မလဲ ဆိုတာကို အရင်ဆုံး ပြောချင်ပါတယ်။ တကယ်လို့ လီဗာပူးသာ ဒီပွဲမှာ ရှုံးသွားရင် သူတို့အသင်းရဲ့ ချန်ပီယံ မျှော်လင့်ချက်က ပြီးဆုံးသွားပါပြီ။ တကယ်လို့ လီဗာပူးက အနိုင်ရခဲ့မယ် ဆိုရင်တော့ သူတို့ရဲ့ ချန်ပီယံ မျှော်လင့်ချက်က ဆက်ပြီး အသက်ဝင်နေပါဦးမယ်။ လီဗာပူးရဲ့ ခံစစ်ကြောင်းကတော့ အားနည်းချက်တွေ ရှိနေပါတယ်။ ဒီပွဲက ပွဲကောင်း တပွဲ ဖြစ်လာမယ်လို့ ထင်ပါတယ်။ စပါးက နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးနဲ့အတူ အနိုင်ရထားပါတယ်။ အဲ့ဒီပွဲမှာ သူတို့ရဲ့ ကစားပုံ ဆိုးရွားခဲ့တာကြောင့် ဝေဖန်မှု တချို့ ရှိခဲ့ပေမယ့် သူတို့တွေက အနိုင်ရလဒ်ကို အရယူနိုင်ခဲ့ပါတယ်။ လူတွေကလည်း စပါးနဲ့ ပတ်သတ်ပြီး နည်းနည်းလေး စိတ်လျှော့ဖို့ လိုပါတယ်။ ဒီရာသီရဲ့ စပါးရဲ့ ရပ်တည်မှုက လက်ခံလို့ ရတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ ကွန်တီနဲ့ စပါးဘက်မှာပဲ နေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ဒီရာသီ လီဗာပူးရဲ့ ခြေစွမ်းကို ယုံကြည်လို့ မရလို့ပါ။ ဒါက ထူးတော့ ထူးဆန်းပါတယ်။ ပုံမှန်ဆိုရင် လူတိုင်းက ကလော့ပ်ရဲ့ အသင်းကို ယုံကြည်ကြတာပါပဲ။ ဒါပေမယ့် ဒီရာသီမှာတော့ သူတို့အသင်းက ဘာဖြစ်လို့ ဖြစ်သွားမှန်းကို မသိပါဘူး။

ခန့်မှန်းရလဒ် – စပါး ၂-၁ လီဗာပူး

Photo Credit: Sky Sports

အခြားပွဲများအတွက် အီဗရာရဲ့ ခန့်မှန်း သုံးသပ်ချက်များ

နော်တင်ဟမ် ဖောရက်စ် ၁-၀ ဘရန့်ဖို့ဒ်

ဝုလ်ဗ် ၀-၂ ဘရိုက်တန်

မန်ချက်စတာ စီးတီး ၃-၁ ဖူလ်ဟမ်

လိဒ်ယူနိုက်တက် ၂-၁ ဘုန်းမောက်

အဲဗာတန် ၁-၂ လက်စတာ စီးတီး

အက်စ်တွန်ဗီလာ ၀-၂ မန်ယူ

ဆောက်သမ်တန် ၀-၃ နယူးကာဆယ်

ဝက်စ်ဟမ်း ၁-၁ ခရစ္စတယ် ပဲလေ့စ်