ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါလေး ကျရောက်လာပြန်ပါပြီ။ ဒီတခါမှာတော့ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားကြီး ပက်ထရစ် အီဗရာရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို တင်ဆက်ပေးသွားပါမယ်။ စလိုက်ကြရအောင်ဗျာ…။

Photo Credit: Goal

မန်စီးတီးနဲ့ ဘရိုက်တန် (စနေနေ့ည ၈နာရီခွဲ)

မန်စီးတီးက လီဗာပူးနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲမှာ ရလဒ်ကောင်း တခုကို ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် သူတို့က ဒီပွဲမှာ နိုင်သွားလိမ့်မယ်လို့ ထင်ပါတယ်။ မန်စီးတီးက ဘရိုက်တန်ကို အနိုင်ယူနိုင်ပါလိမ့်မယ်။ မန်စီးတီးက လီဗာပူးနဲ့ပွဲမှာ အတော်လေးကို ကံဆိုးခဲ့တာပါ။ ကျွန်တော့်အမြင်မှာတော့ သူတို့အသင်း သွင်းသွားတဲ့ သွင်းဂိုးဟာ ပြစ်ဒဏ်ဘော မဟုတ်ပါဘူး။ ဒါက VARဟာ ဘောလုံးလောကကို မတိုးတက်စေဘူး ဆိုတဲ့ အတွေးတွေကို ပိုမို ခိုင်မာလာစေခဲ့တဲ့ အကြောင်းပြချက်တွေထဲက တခုပါ။

ခန့်မှန်းရလဒ် – မန်စီးတီး ၂-၀ ဘရိုက်တန်

Photo Credit: Goal

ချယ်လ်ဆီးနဲ့ မန်ယူ (စနေနေ့ည ၁၁နာရီ)

ဒီပွဲက အတော်လေးကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပွဲတပွဲပါ။ နည်းပြနှစ်ယောက်စလုံးက တော်တဲ့ နည်းပြတွေ ဖြစ်သလို သူတို့နှစ်သင်းရဲ့ အခြေအနေတွေကလည်း ဆင်တူနေတာကြောင့် ဒီပွဲဟာ ဘာမဆို ဖြစ်သွားနိုင်တဲ့ ပွဲမျိုးပါ။ ချယ်လ်ဆီးမှာ တူဟယ်လ် ရှိနေတုန်းက လူတိုင်းဟာ ဒီရာသီကတော့ ချယ်လ်ဆီး အတွက် ကပ်ဆိုးတခုလို ဖြစ်လိမ့်မယ် ဆိုပြီး ပြောခဲ့ကြပေမယ့် ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာတော့ ချယ်လ်ဆီးရဲ့ အခြေအနေက တိုးတက်လာပါတယ်။ ချယ်လ်ဆီးနဲ့ ယူနိုက်တက် နှစ်သင်းစလုံးက ထိပ်ဆုံးကို ပြန်ရောက်အောင် ကြိုးစားနေကြတဲ့ အသင်းတွေပါ။ ဒါပေမယ့် သူတို့တွေက အချိန်ယူဖို့ လိုအပ်နေပါသေးတယ်။ တန်ဟက်ဂ်က ပရီးမီးယားလိဂ် အကြောင်းကို သိလာပါပြီ။ ချယ်လ်ဆီးကလည်း ဂရေဟမ် ပေါ်တာရဲ့ လက်အောက်မှာ တိုးတက်လာတာကြောင့် ဒီပွဲက ခန့်မှန်းဖို့ ခက်ခဲတဲ့ ပွဲပါ။ ဒါပေမယ့် ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်ကိုပဲ အားပေးပါမယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၁-၂ မန်ယူ

Photo Credit: Goal

ဆောက်သမ်တန်နဲ့ အာဆင်နယ် (တနင်္ဂနွေနေ့ည ၇နာရီခွဲ)

ဒီပွဲမှာလည်း အာဆင်နယ်ကပဲ နိုင်သွားပါလိမ့်မယ်။ အာဆင်နယ်က အခုချိန်မှာ အတော်လေး ကောင်းတဲ့ အရှိန်အဟုန် တခုကို တည်ဆောက်ထားနိုင်သလို သူတို့တွေက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်တိုက် နိုင်နေဖို့ လိုတယ် ဆိုတာကို သိထားကြပါတယ်။ အခုမှာ ရာသီအစပဲ ရှိသေးပေမယ့် အာဆင်နယ်က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပါပြီ။

ခန့်မှန်းရလဒ် – ဆောက်သမ်တန် ၀-၂ အာဆင်နယ်

Photo Credit: Goal

စပါးနဲ့ နယူးကာဆယ် (တနင်္ဂနွေနေ့ည ၁၀နာရီ)

ဒီပွဲက စပါးရဲ့ ပေါက်ကွဲအားကို မြင်ရမယ့်ပွဲပါ။ စပါးက ဒီပွဲမှာ အနိုင်ယူဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်က စပါးရဲ့ ပေးဂိုးများနေတဲ့ အချက်ကို သဘောမကျပါဘူး။ ဒါကြောင့် ဒီပွဲမှာ နယူးကာဆယ်ဘက်ပဲ နေချင်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၁-၂ နယူးကာဆယ်

Photo Credit: Goal

တခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

နော်တင်ဟမ် ဖောရက်စ် ၀-၃ လီဗာပူး

အဲဗာတန် ၁-၁ ပဲလေ့စ်

ဝုလ်ဗ် ၂-၁ လက်စတာ

ဗီလာ ၂-၁ ဘရန့်ဖို့ဒ်

လိဒ် ၁-၀ ဖူလ်ဟမ်

ဝက်စ်ဟမ်း ၁-၀ ဘုန်းမောက်