ကဲ ကျွန်တော်တို့ပေ့ချ် ကနေ အပတ်စဉ် တင်ဆက်ပေးနေကြ ဖြစ်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ပွဲကြို ခန့်မှန်းသုံးသပ်ချက်များကို တင်ဆက်ပေးရမယ့် အချိန်အခါ ထပ်မံ ကျရောက်လာပြန်ပါပြီ။ ဒီတခါမှာတော့ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားကြီး ပက်ထရစ် အီဗရာရဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ ပွဲကြီးပွဲကောင်း အပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အတွက် ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားပါမယ်ဗျ။

Photo Credit: Sky Sports

ချယ်လ်ဆီးနဲ့ ဝုလ်ဗ် (စနေနေ့ည ၈နာရီခွဲ)

ပြီးခဲ့တဲ့ တပတ်မှာတော့ ချယ်လ်ဆီးက တကယ်ကို ကြီးမားတဲ့ နိုင်ပွဲတပွဲ ရခဲ့တာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ မိတ်ဆွေ အူဘာမီယန်းကလည်း သွင်းဂိုး ၁ဂိုး ရခဲ့သေးတယ်လေ။ ကျွန်တော်ကတော့ ဒီပွဲမှာလည်း ချယ်လ်ဆီးကပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လူတွေက ဂရေဟမ် ပေါ်တာကို အချိန်တခု ပေးဖို့တော့ လိုပါလိမ့်မယ်။ ပေါ်တာမှာ သူ့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ရှိသလို သူက သူ တွေးထားတဲ့ ပုံစံအတိုင်း ကစားနိုင်အောင် အသင်းကို လေ့ကျင့်ပေးနေသူပါ။ ဒါကြောင့် ဒီအချိန်မှာ သူက အနိုင်ရဖို့ထက် ကစားကွက်ပိုင်း ပိုကောင်းလာအောင် လုပ်ဆောင်ဖို့ပဲ အာရုံစိုက်နေမယ် ထင်ပါတယ်။ လူတွေက ဒါကို နားလည်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ပေါ်တာရဲ့ လက်အောက်မှာ ချယ်လ်ဆီးဟာ တဆင့်ပြီး တဆင့် ပိုပို ကောင်းလာဖို့ မျှော်လင့်ထားပါတယ်။ ဒီပွဲအတွက်က ချယ်လ်ဆီးပါပဲ။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၂-၀ ဝုလ်ဗ်

Photo Credit: Sky Sports

ဘရိုက်တန်နဲ့ စပါး (စနေနေ့ည ၁၁နာရီ)

လန်ဒန်ဒါဘီကို ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း သရေကျခဲ့ပြီးတဲ့နောက်မှာ ဒီပွဲက စပါးအတွက် တကယ်ကို ခက်ခဲတဲ့ ပွဲတပွဲ ဖြစ်လာမယ်လို့ ထင်ပါတယ်။ အခုချိန်မှာ ဘရိုက်တန်က အသင်းတိုင်း မရင်ဆိုင်ချင်တဲ့ အသင်းတသင်း ဖြစ်နေပါပြီ။ နည်းပြအပြောင်းအလဲ ဖြစ်သွားခဲ့တာတောင် ဘရိုက်တန်ရဲ့ ကစားပုံက အရင်လိုပါပဲ။ ပေါ်တာ ချန်ခဲ့တဲ့ နည်းစနစ်တွေ ၊ ကစားပုံတွေက သူတို့အသင်းရဲ့ အသက်သွေးကြော ဖြစ်နေဆဲပါ။ ဒီအတွက် ပေါ်တာကိုလည်း ချီးကျူးချင်ပါတယ်။ ကျွန်တော်ကတော့ ကွန်တီဟာ ဒီပွဲမှာ ရှုံးပွဲကို လိုချင်မှာ မဟုတ်ဘူး။ တကယ်လို့ သူတို့ကသာ ဒီပွဲမှာ ရှုံးနိမ့်သွားရင် ထိပ်ဆုံးက အသင်းတွေနဲ့ ရမှတ် ကွာဟချက်ဟာ ပိုပြီး ကြီးလာခဲ့ပါလိမ့်မယ်။ ဒါကြောင့် ကွန်တီက ဒီပွဲမှာ ရှုံးပွဲထက် သရေရလဒ်ကိုပဲ ပိုပြီး လိုချင်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ဘရိုက်တန် ၂-၂ စပါး

 

Photo Credit: Goal

အာဆင်နယ်နဲ့ လီဗာပူး (တနင်္ဂနွေနေ့ည ၁၀နာရီ)

ပြီးခဲ့တဲ့ တပတ်မှာ ကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ ပြသခဲ့တဲ့ အာဆင်နယ်ရဲ့ ခြေစွမ်းကြောင့် ကျွန်တော်က တကယ်ကို အံ့ဩခဲ့ရပါတယ်။ အာဆင်နယ်ရဲ့ ခြေစွမ်းက အရမ်းကို ကောင်းနေသလို သူတို့က စပါးနဲ့ပွဲမှာ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ စပါးက အခွင့်အရေး တချို့ ရခဲ့တာတောင် အဲ့ဒီပွဲရဲ့ နိုင်ပွဲက အာဆင်နယ်နဲ့ အထိုက်တန်ဆုံးပါ။ ဒီပွဲကတော့ နှစ်သင်းစလုံး အတွက် အရေးကြီးတဲ့ပွဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာလည်း အာဆင်နယ်ကပဲ ထပ်ပြီး အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ တကယ်လို့ သူတို့ကသာ ဒီပွဲမှာ နိုင်ပွဲ ရခဲ့ရင် သူတို့အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ အခိုင်အမာ ပြောလို့ ရသွားပါပြီ။

ခန့်မှန်းရလဒ် – အာဆင်နယ် ၃-၂ လီဗာပူး

Photo Credit: Goal

တခြားပွဲများအတွက် အီဗရာရဲ့ ခန့်မှန်းသုံးသပ်မှုများ

နယူးကာဆယ် ၂-၀ ဘရန့်ဖို့ဒ်

ဘုန်းမောက် ၁-၂ လက်စတာ

မန်စီးတီး ၄-၀ ဆောက်သမ်တန်

ဝက်စ်ဟမ်း ၂-၁ ဖူလ်ဟမ်

ပဲလေ့စ် ၃-၁ လိဒ်

အဲဗာတန် ၁-၀ မန်ယူ