MySport Myanmar

ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ အလှမ်းဝေးနေသေးတဲ့ မန်စီးတီးကို အီဗရာ လှောင်ပြောင်

အယ်တီဟတ်မှာ ရီးယဲလ်အသင်းကို (၄)ဂိုး (၃)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဘာနေဗျူးမှာပါ မာရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် (၅)ဂိုး (၃)ဂိုး ဖြစ်လာခဲ့ရပေမယ့် ဒီအခြေအနေကို ထိန်းမထားနိုင်ခဲ့ပဲ ပွဲပြီးခါနီးလေးမှာ ခွင့်ပြုခဲ့ရတဲ့ ရိုဒရီဂိုရဲ့ သွင်းဂိုးတွေအပြင် ဘန်ဇီမာရဲ့ အချိန်ပို ပင်နယ်တီသွင်းဂိုးနဲ့ နှစ်ကျော့ပေါင်းရလဒ် (၅)ဂိုး (၆)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရလို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကနေပါ လှည့်ပြန်သွားခဲ့ရပါတယ်။

Photo Credit : Gazeti App

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၂)နှစ်ဆက်တိုက်အထိ ဗိုလ်လုပွဲအဆင့်ကို တတ်လှမ်းနိုင်ဖို့ အရမ်းနီးစပ်ခဲ့ရပေမယ့်လည်း ရီးယဲလ်အသင်းကို နာကျင်အချိန်ပို ဂိုးတွေအပါအဝင် သွင်းဂိုး(၃)ဂိုးထိ ခွင့်ပြုခဲ့ရင်းနဲ့ ချန်ပီယံလိဂ်ကနေ ဆီမီးအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမအကျော့ရလဒ်အရရော ဒုတိယအကျော့ ပွဲပြီးခါနီး ရလဒ်ကြောင့်ပါ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ဆီ (၂)နှစ်ဆက်တိုက် တတ်လှမ်းပြီး ပရီးမီးယားလိဂ်မှာပါ အပြိုင်အဆိုင် ဖြစ်လို့နေတဲ့ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်မှာလည်း All English Final အဖြစ် ထပ်မံရင်ဆိုင်ရလုနီးပါး ဖြစ်ခဲ့ရတဲ့ မန်စီးတီးအသင်းဟာ ဒီအခွင့်အရေးကောင်းကို မရယူနိုင်ခဲ့ပဲ သူတို့အသင်း အလိုချင်ဆုံး ဖြစ်နေရတဲ့ ချန်ပီယံလိဂ်ဖလားကို နောက်တစ်ကြိမ် လက်လွတ်လိုက်ရတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့ထားခဲ့ရတဲ့ မန်စီးတီးအသင်းကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ ပက်ထရစ်အီဗရာက ယူနိုက်တက်ရဲ့ legend ကြီး ဘော်ဘီချာတန်ရဲ့ ဓါတ်ပုံတစ်ပုံနဲ့အတူ troll ပြီး လှောင်ပြောင်သရော်သွားခဲ့ပါတယ်။ အီဗရာဟာ သူ troll ထားတဲ့ ဓါတ်ပုံမှာ သူနဲ့ ဘော်ဘီချာတန်တို့ ချန်ပီယံလိဂ်ဆုဖလားကြီးကို ကြည့်ရှုနေတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဒီပုံထဲမှာလည်း အီဗရာက “ဆာဘော်ဘီ စီးတီးရဲ့နာမည်ကို ထပ်စစ်ကြည်လို့ရမလား” လို့ မေးမြန်းနေပုံနဲ့ ဘော်ဘီချာတန် “မတွေ့ဘူးကွ။ ဒီမှာ မတွေ့သေးဘူး” လို့ ပြန်လည်ဖြေဆိုနေတဲ့ပုံကို edit ထားပါတယ်။ ဒီ troll photo ရဲ့ အောက်မှာလည်း “ကျွန်တော်နဲ့ ဆာဘော်ဘီတို့ ဘယ်နှစ်လောက် စစ်ဆေးရမယ်လို့ ထင်ပါသလဲ။ (၁)နှစ်လား (၅)နှစ်လား အနှစ်(၉၀)လား” ဆိုတဲ့ သရော်ထားတဲ့ စာတစ်ခုကိုပါ ရေးသားဖော်ပြသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖိုင်နယ်အဆင့်ဆီသာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် တတ်လှမ်းနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရဆဲ ဖြစ်ပါတယ်။

Exit mobile version