လာမယ့် weekend မှာ ပြင်သစ်နိုင်ငံ Stade de France ဘောလုံးကွင်းကြီးမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြမယ့် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့နဲ့ ပတ်သက်ပြီး ဒီအသင်းနှစ်သင်းမှာ ပါဝင်ကစားခဲ့ဖူးကြတဲ့ ကစားသမားတွေရဲ့ အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။ ဒီရာသီရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ရှိထားတဲ့ အသင်းနှစ်သင်းမှာ ဘယ်ကစားသမားတွေ ပါဝင်ခဲ့ကြဖူးလဲဆိုတာ ဆက်လက်လေ့လာကြည့်ပါခင်ဗျာ။

ဇာဗီအလွန်ဆို

Alonso, McManaman and eight more to feature for both LFC and Real -  Liverpool FC

စပိန်ကွင်းလယ်လူ အလွန်ဆိုက လီဗာပူးလ်အသင်းနဲ့ရော ရီးယဲလ်အသင်းနဲ့ပါ ချန်ပီယံလိဂ်ဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ဖူးသူဖြစ်ပြီး နှစ်သင်းလုံးရဲ့ ပရိသတ်အချစ်တော် ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ အလွန်ဆိုဟာ ၂၀၀၉ခုနှစ်ကမှ လီဗာပူးလ်ကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

မိုက်ကယ်အိုဝင်

Champions League - Real Madrid vs Liverpool: Owen: When Real Madrid have to  win, they do | MARCA in English

တချိန်တုန်းက ငှက်မြန်လေးလို့ တင်စားခေါ်ဆိုခံခဲ့ရတဲ့ အိုဝင်ဟာ အသက်(၁၇)နှစ်အရွှယ်မှာပဲ လီဗာပူးလ်အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီး ၂၀၀၁ခုနှစ်မှာလည်း Ballon d’Or ဆုကိုပါ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၄ခုနှစ်မှာ အိုဝင်ဟာ သူရဲ့ အင်္ဂလန်အသင်းဖော် ဒေးဗစ်ဘက်ခမ်းရှိရာ ရီးယဲလ်အသင်းကို ပေါင်(၈)သန်းနဲ့ ရောက်ရှိလာခဲ့ပြီး တစ်ရာသီသာ ပါဝင်ခဲ့ရကာ အင်္ဂလန်ကို ပြန်သွားခဲ့ရပါတယ်။

မက်နာမန်

Alonso, McManaman and eight more to feature for both LFC and Real -  Liverpool FC

လက်ရှိမှာ အိုဝင်နဲ့အတူ pundit အဖြစ် ဆောင်ရွှက်နေတဲ့ မက်နာမန်ကလည်း အိုဝင်လိုပဲ လီဗာပူးလ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့ရင်းကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ တောင်ပံကစားသမားကြီး မက်နာမန်ဟာ ရီးယဲလ်အသင်းမှာတော့ ချန်ပီယံလိဂ်ဖလားကို (၂)နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပြီး လက်ရှိမှာ အသက်(၅၀)အရွှယ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒူးဒက်

Jerzy Dudek's all-time XI features the best of Liverpool and Real Madrid |  JOE.co.uk

ပိုလန်ဂိုးသမားဟောင်းကြီး ဒူးဒက်ဟာ လီဗာပူးလ်အသင်းမှာ နာမည်ကျော်ကြားလာခဲ့တဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ရိန်နာကြောင့် နေရာပျောက်လာခဲ့ရတဲ့ ဒူးဒက်ဟာ ၂ဝဝရခုနှစ်မှာ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ပြီး ရီးယဲလ်မှာလည်း (၄)နှစ်တာအတွင်း (၁၂)ပွဲ ပါဝင်ခဲ့ရကာ ၂၀၁၁ခုနှစ်မှာပဲ ဘောလုံးသမားဘဝကို အဆုံးသတ်သွားခဲ့ပါတယ်။

ဖာဘင်ဟို

He was never a midfielder' - Inside Fabinho's forgotten Real Madrid loan  spell | Goal.com Singapore

လက်ရှိ လီဗာပူးလ်အသင်းမှာ ပါဝင်ကစားနေသူ ဖာဘင်ဟိုဟာလည်း အခုလို လူသိများတဲ့ ကစားသမားတစ်ဦး မဖြစ်လာခင်တုန်းက ပေါ်တူဂီကလပ် ရီယိုအာဗီအသင်းကနေ ရီးယဲလ်မက်ဒရစ် အရန်အသင်းစီကို တစ်ရာသီအငှားနဲ့ လာရောက်ကစားခဲ့ဖူးသလို ရီးယဲလ်စီနီယာအသင်းအတွက်ကိုလည်း တစ်ပွဲပါဝင်ကစားသွားခဲ့ပါသေးတယ်။

မိုရီယန်တေးစ်

Alonso, McManaman and eight more to feature for both LFC and Real -  Liverpool FC

စပိန်တိုက်စစ်မှူးကြီး ဖာနန်ဒိုမိုရီယန်တေးစ်ကတော့ ရီးယဲလ်အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ဖူးသူဖြစ်ပြီး အသင်းနဲ့လည်း ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ၂၀၀၅ခုနှစ် ဇန်နဝါရီလမှာတော့ မိုရီယန်တေးစ်ဟာ ရီးယဲလ်ကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီး အင်္ဂလန်မြေမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရာကနေ စပိန်ကိုသာ ပြန်လည်ပြောင်းရွှေ့ခဲ့ရပါတယ်။