ဝက်ဖို့ဒ်အသင်းရဲ့ အသင်းခေါင်းဆောင် ဒီယာနေးကတော့ ဘယ်ဘောလုံးအသင်းမှာပဲ ဖြစ်ဖြစ် အခြောက် ကစားသမား (Gay) နဲ့ လိဂ်နှစ်မျိုးစလုံးကို ချစ်ကြိုက်တဲ့ ကစားသမား (Bi-sexual) ရှိတယ်လို့ ပြောသွားခဲ့ပြီး သူတို့ရဲ့ သရုပ်မှန် ပေါ်မှာကို စိုးရိမ်ကြတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘောလုံး ကစားသမားတွေထဲမှာ နော်ဝှေ့ချ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖာရှာနူ (Fashanu) ကတော့ သူ့ကိုယ်သူ အခြောက် ဖြစ်တယ်လို့ ဖွင့်ဟဝန်ခံခဲ့ပြီး ဝက်ဖို့ဒ် တိုက်စစ်မှူး ဒီယာနေးက ဘောလုံးအသင်းတိုင်းမှာ အခြောက် ကစားသမားတွေ ရှိတယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဇနီးသည်နဲ့ ကွာရှင်းခဲ့ပြီး ကလေး နှစ်ယောက်ရဲ့ ဖခင် ဖြစ်တဲ့ အသက် (၃၁) နှစ်အရွယ် ဒီယာနေးကတော့ လက်ရှိအချိန်ဟာ ကစားသမားတွေအနေနဲ့ အခြာက် ဖြစ်တယ် ဆိုရင် အခြောက် ဖြစ်တယ် ဆိုတာကို ဖွင့်ဟ ဝန်ခံရမယ့် အချိန် ဖြစ်တယ်လို့လည်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၁၇) နေရာ ရပ်တည်နေတဲ့ ဝက်ဖို့ဒ်အသင်းဟာ ပရီးမီးယား လိဂ် ပြန်ပွဲ ပြန်စပြီ ဆိုရင် လက်စတာစီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဝက်ဖို့ဒ် တိုက်စစ်မှူး ဒီယာနေးကတော့ ဘယ်အသင်းမှာမဆို အခြောက်တွေ ရှိတယ်လို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

BBC သတင်းမှာ ဒီယာနေးက “ဘယ်အသင်းမှာမဆို အခြောက် ကစားသမား တစ်ဦး ဒါမှမဟုတ် လိင်နှစ်မျိုးစလုံကို ချစ်ကြိုက်တဲ့ ကစားသမား တစ်ဦးတော့ ရှိကြပါတယ်။ အသင်းတွေမှာ အဲဒီလို လူတွေ ရှိတာ (၁၀၀) ရာခိုင်နှုန်း သေချာတယ်။ အခြောက် ကစားသမားတွေ ဒါမှမဟုတ် အဲဒီလို အသိုင်းအဝိုင်းက ကစားသမားတွေက ဖော်ထုတ်ခံရမှာကို စိုးရိမ်ကြတယ်။ တကယ်လို့ တစ်ယောက်ကို ဖော်ထုတ်နိုင်မယ် ဆိုရင် အများကြီး ပေါ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ ကစားသမား တစ်ယောက်ယောက်က ရှေ့ထွက်လာပြီး အခြောက်ပါလို့ ပြောမယ် ဆိုရင် ပထမအပတ်အတွင်းမှာတင်ပဲ အနည်းဆုံး ကစားသမား (၁၀၀) ကလည်း အခြောက်ပါလို့ ပြောလာကြမယ်။ သူတို့က ဒါတွေကို မရင်ဆိုင်ချင်ကြဘူး”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။