MySport Myanmar

နောက်ခံလူ ကိုအာဒီ အပါအဝင် ကစားသမားသစ်(၃)ဦးကို ခေါ်ယူသွားမယ့် အဲဗာတန်

အဲဗာတန်အသင်းဟာ နွေဈေးကွက် မပိတ်သိမ်းခင်မှာပဲ ဝုလ်ဗ်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ကော်နာကိုအာဒီ အပါအဝင် လိုင်လီအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား အာမာဒူအိုနာနာနဲ့ ကစားသမားဟောင်း ဂါနာဂေယီတို့ သုံးဦးစလုံးကို ခေါ်ယူသွားနိုင်တော့မယ်လို့ သိရှိရပါတယ်။

Photo Credit : 90Min

ဖရန့်လမ်းပတ်ရဲ့ အဲဗာတန်အသင်းဟာ ဒီနှစ်နွေဈေးကွက်အတွင်း ဘန်လေ ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ တာကောစကီး တောင်ပံကစားသမား မက်နီးလ်နဲ့ စပို့တင်းလစ္စဘွန်း ဘယ်နောက်ခံလူ ဗာနာဂရီတို့ကို ခေါ်ယူထားခဲ့ပေမယ့် စျေးကွက်မပိတ်ခင်မှာ နောက်ထပ် ကစားသမားအင်အား ဖြည့်တင်းမှုတွေကို ထပ်မံ လုပ်ဆောင်သွားချင်နေပါတယ်။ လက်ရှိမှာတော့ အဲဗာတန်က အသင်းရဲ့ခံစစ်မှာ ဂေါ့ဖရီ ဒဏ်ရာရသွားခဲ့သလို ယယ်ရီမီနာကလည်း 100% fit ဖြစ်မနေတာကြောင့် ဝုလ်ဗ်နောက်ခံလူ ကိုအာဒီကို ခေါ်ယူဖို့ အပီအပြင် ကြိုးပမ်းလာခဲ့ပြီး အပြောင်းအရွှေ့ အထမြောက်လာဖို့လည်း အခြေအနေကောင်းလာခဲ့ပါတယ်။

Photo Credit : Chronicle Live

အသက်(၂၉)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံလူ ကိုအာဒီဟာ ဝုလ်ဗ်အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်ပြီး ဈေးကွက်အတွင်းမှာ ဘာသတင်းမှ ထွက်ပေါ်နေသူ မဟုတ်ပေမယ့်လည်း ရုတ်တရက် အဲဗာတန်အသင်းရဲ့ ချဉ်းကပ်လာမှုအပေါ်မှာတော့ ကစားသမားကိုယ်တိုင် အသင်းပြောင်းဖို့ ဆန္ဒရှိလာခဲ့ရပြီး အဲဗာတန်ဘက်က ကိုအာဒီအတွက် ကနဦး တစ်ရာသီအငှားနဲ့ ခေါ်ယူပြီးမှ အပြီးသတ် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာလည်း အဲဗာတန်ရဲ့ ကမ်းလှမ်းချက်ကို ကိုအာဒီဘက်က သဘောတူညီထားခဲ့သလို ဝုလ်ဗ်အသင်းကလည်း မူအားဖြင့် သဘောတူညီထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဗာတန်အနေနဲ့ ဈေးကွက်မပိတ်ခင်မှာပဲ ကိုအာဒီအပြင် လီဂူးက ကစားသမားတွေဖြစ်တဲ့ အိုနာနာနဲ့ ဂေယီတို့ကိုပါ အသင်းဆီ ခေါ်ဆောင်နိုင်ဖွယ်လည်း ရှိနေရပါတယ်။ ဒါပေမယ့် ရစ်ချာလီဆန် မရှိတော့တဲ့ တိုက်စစ်ပိုင်းမှာ အားထားရတဲ့ ကဲလ်ဗတ်လီဝင်ပါ ဒဏ်ရာကြောင့် ကာလ အတန်ကြာ အနားယူရဦးမှာဖြစ်လို့ တိုက်စစ်အတွက် ကစားသမား ထပ်မံဖြည့်တင်းစေချင်နေပြီး ကွင်းလယ်နဲ့ ခံစစ်ပိုင်းအတွက်ကိုပဲ ကစားသမားဖြည့်တင်းနေတဲ့ အသင်းရဲ့ transfer policy ကိုလည်း မေးခွန်းထုတ်လျက် ရှိနေပါတယ်။

Exit mobile version