အဲဗာတန်အသင်းဟာ ချယ်လ်ဆီးအသင်းဘက်က အလိုရှိနေတဲ့ လူငယ် တောင်ပံကစားသမားလေး အန်တိုနီဂေါ်ဒွန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)အပြင် ချယ်လ်ဆီးကစားသမားတွေဖြစ်တဲ့ တိုက်စစ်ကစားသမား အာမန်ဒိုဘရိုဟာ ဒါမှမဟုတ် ကွင်းလယ်ကစားသမား ကော်နာဂယ်လာဂါ တစ်ဦးဦးကို အငှားနဲ့ ပြန်လည် အလိုရှိနေတယ်လို့ သိရပါတယ်။

Image

Photo Credit : Twitter

ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဘာစီလိုနာ တိုက်စစ်မှူး အူဘာမီယန်းအပြင် အဲဗာတန်အသင်းရဲ့ လူငယ် ကစားသမားလေး ဂေါ်ဒွန်ကိုပါ အလိုရှိနေပြီး add on ကြေး အပါအဝင် ပေါင်သန်း(၆၀)အထိနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ မနေ့ကပဲ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုအပေါ် အဲဗာတန်ဘက်က စိတ်ဝင်စားခြင်း မရှိပေမယ့်လည်း ကစားသမားလေးကိုယ်တိုင်ကတော့ ချယ်လ်ဆီးကို ပြောင်းရွှေ့ကစားဖို့ စိတ်ဆန္ဒရှိနေတာကြောင့် အဲဗာတန်အနေနဲ့ ဂေါ်ဒွန်ကို ရောင်းချဖို့ စီစဉ်လာနိုင်သလို ပြောင်းရွှေ့ကြေးအပြင် ကစားသမား တစ်ဦးခန့်ပါ ပြန်လည် တောင်းဆိုဖွယ် ရှိနေပါတယ်။

Thomas Tuchel reveals Chelsea's plan for Conor Gallagher and Armando Broja  | Football | Metro News

Photo Credit : Metro

talkSPORT မီဒီယာရဲ့ဖော်ပြချက်အရ အဲဗာတန်အသင်းဟာ ဂေါ်ဒွန်အတွက် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းချက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)အပြင် ချယ်လ်ဆီးကစားသမားတွေဖြစ်တဲ့ ဘရိုဟာ ဒါမှမဟုတ် ဂယ်လာဂါ တစ်ဦးင်္ဦးကို တစ်ရာသီအငှားနဲ့ အလိုရှိနေတယ်လို့ သိရပါတယ်။ အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်ကတော့ လက်ရှိ တိုက်စစ်ပိုင်း အခြေအနေတွေကြောင့် ချယ်လ်ဆီးရဲ့ အယ်လ်ဘေးနီးယား တိုက်စစ်မှူး ဘရိုဟာကို ပိုမို အလိုရှိနေပြီး ရစ်ချာလီဆန် မရှိတောတဲ့နောက် ကဲလ်ဗတ်လီဝင်ပါ ဒဏ်ရာရနေတာကြောင့် ဂေါ်ဒွန်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘရိုဟာကိုသာ ပြန်လည် အလိုရှိနေပါတယ်။ ချယ်လ်ဆီးဘက်ကလည်း အင်္ဂလန် ယူ-၂၁ ကစားသမားလေး ဂေါ်ဒွန်ကို အတော်လေး အလိုရှိနေတာကြောင့် ပေါင်သန်း(၄၀) (၄၅)သန်းနဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အဲဗာတန်က ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုတွေက်ို အကြိမ်ကြိမ် ပယ်ချထားခဲ့တာကြောင့် တတိယအကြိမ် ကမ်းလှမ်းမှုအဖြစ် ပြောင်းရွှေ့ကြေး+အပိုဆုကြေး ပေါင်သန်း(၆၀)နဲ့ ထပ်မံ ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂေါ်ဒွန်က တောင်ပံတိုက်စစ် ကစားသမားဖြစ်လို့ ချယ်လ်ဆီးအနေနဲ့ ဂေါ်ဒွန်ကို ခေါ်ယူလိုက်နိုင်မယ်ဆိုရင်တောင် no.9 role striker တစ်ဦးကို မဖြစ်မနေ ခေါ်ယူရဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ ဘာစီလိုနာ တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကာ ပြောင်းရွှေ့ကြေးအပိုင်းမှာ သဘောတူညီမှု မရသေးတဲ့အတွက် ဆက်လက်ကြိုးပမ်းလျက် ရှိနေရပါတယ်။