ဂူဒီဆင်ပတ်မှာ ရုန်းကန်၂၀၁၈ခုနှစ်နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်မှုတွေမရှိတော့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေထဲမှာ ဝက်ဖိုဒ့် ချယ်လ်ဆီးအသင်းတွေကို ပေးဂိုးမဲ့နိုင်ပွဲတွေနဲ့ အနိုင်ယူခဲ့ပြီးနောက် ဒီနေ့ Super Sunday ညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အဖြစ် အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ပြီး တစ်ဖက်ကို ၁ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

 

ယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲမှာ တိုက်စစ်မှူးမာစီယဲလ်ကို ပြန်လည်အသုံးပြုလာနိုင်ခဲ့ပြီး မာစီယဲလ်နဲ့အတူ ဂရင်းဝုဒ် ဖာနန်ဒက်စ် ဖရက်ဒ် မာတစ် တွမ်မီနေး လုခ်ရှော လင်ဒီလော့ မက်ဂွိုင်းယား ဝမ်ဘစ်ဆာခါ ဒီဂီယာတို့ကို သုံးစွဲလာခဲ့ပါတယ်။ အိမ်ရှင်အဲဗာတန်အသင်းက ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေတာဖြစ်လို့ လူစုံနီးပါးနဲ့ ယူနိုက်တက်ကို ရင်ဆိုင်လာခဲ့ပြီး ရစ်ချာလီဆန် ကဲလ်ဗတ်လူဝင် ဆီဂတ်ဆန် ဝဲလ်ကော့ အစရှိတဲ့ ကစားသမားကောင်းများစွာ ပါဝင်လာခဲ့ပါတယ်။ ဒီနောက်ပိုင်းပွဲတွေမှာ Clean Sheet တွေ ပြန်လည်ရရှိနေတဲ့ ယူနိုက်တက်အသင်းဟာ အခုပွဲရဲ့ ပထမပိုင်းအစမှာပဲ ဒီဂီယာရဲ့ မဖြစ်သင့်တဲ့အမှားကနေတစ်ဆင့် အဲဗာတန်တို့ အဖွင့်ဂိုးကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ် တစ်ဂိုးပေးလိုက်ရပြီးနောက်မှာတော့ ယူနိုက်တက်ပိုဖိအားပေးနိုင်ခဲ့ပြီး လတ်တလောမှာ အရမ်းကို ခြေစွမ်းပြလို့နေတဲ့ ဖာနန်ဒက်စ်ရဲ့အဝေးကန်ချက်နဲ့ ချေပဂိုးပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံးရဲ့ ကစားပုံကြမ်းတမ်းမှုကြောင့် အဝါကတ်၄ကတ်ထိကို ပြသခံခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ နှစ်သင်းလုံးက အနိုင်ရလဒ် ဖော်ဆောင်ဖို့အတွက် အပြင်းအထန် ကြိုးပမ်းလာခဲ့ပြီး နှစ်သင်းလုံး အခွင့်အရေးတွေလည်း ရရှိခဲ့ပေမယ့့် ဒုတိယပိုင်းအစလောက်မှာ ဘယ်အသင်းမှ ဦးဆောင်ဂိုးကို မသွင်းယူနိုင်ခဲ့ပါဘူး။ ဒါကြောင့် ၆၃မိနစ်မှာ အဲဗာတန်က တောင်ပံကစားသမား ဘားနတ်ကို ထည့်သွင်းလာသလို ရ၂မိနစ်မှာလည်း ယူနိုက်တက်က အီဂါလိုနဲ့မာတာတို့ကို ထည့်သွင်းပြီး တိုက်စစ်ကို အရှိန်မြင့်တင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခါနီးလောက်မှာ အိမ်ရှင်အသင်းရဲ့ ထိုးဖောက်မှုတွကို ပိုမိုမြင်တွေ့ခဲ့ရပြီး အဲဗာတန်တိုက်စစ်ကလည်း ယူနိုက်တက်ခံစစ်ကို အလုပ်ရှပ်အောင် ကစားနိုင်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာတော့ အဲဗာတန်တို့ အသည်းခွဲသွင်းဂိုးကို ပိုင်ဆိုင်ခဲ့ပြီး VAR နဲ့ ပြန်လည်စစ်ဆေးရမှာတော့ လူကျွံနေခဲ့လို့ ယူနိုက်တက်တို့အတွက် သက်သာခဲ့ရပါတယ်။