လူးဝစ်ဆွာရက်ဇ် ဒဏ်ရာရရှိသွားပြီးနောက်မှာ အသင်းရဲ့ရှိရင်းစွဲ တိုက်စစ်ကစားသမားတွေဖြစ်တဲဲ့ မက်ဆီ ဂရစ်ဇ်မန်း အန်ဆုဖာတီ ကားလက်စ်ပီရက်ဇ်တို့နဲ့ ဆွာရက်ဇ်ရဲ့ကွက်လပ်ကို ဖြည့်တင်းဖို့ပြင်ဆင်ခဲဲ့ပေမယ့် တကယ်တမ်းကျတော့ အလုပ်မဖြစ်ခဲ့တာကြောင့် ဆောင်းစျေးကွက်မပိတ်သိမ်းခင်မှာပဲ ဘာစီလိုနာအသင်းဟာ စျေးကွက်အတွင်းကို ဝင်ရောက်လာခဲ့ပြီး အထောင်တိုက်စစ်မှူးသစ် ရှာပုံတော်ထွက်ပါတော့တယ်။ ဒီရှာပုံတော်အတွင်းမှာ တိုက်စစ်မှူးအစုံအလင်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုလက်ရှိမှာလည်း အဲဗာတန်အသင်းက တိုက်စစ်မှူးလေး ရစ်ချာလီဆန်နဲ့ပါ သတင်းတွေ ထပ်မံထွက်ပေါ်လာခဲဲ့ပြန်ပါတယ်။
Photo Credit : Getty Images
ဒါပေမယ့်လည်း ရစ်ချာလီဆန်နဲ့ သတင်းထွက်တာက ဒီကစားသမားလေးကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေပါတယ် ချိန်ရွှယ်နေပါတယ် ဘာညာသရကာမျိုးမဟုတ်ပဲ ဘာစီလိုနာက ဒီကစားသမားအတွက် ယူရိုသန်းတစ်ရာနဲ့ ကမ်းလှမ်းခဲ့ရာ ပယ်ချခဲ့လိုက်ရတာဖြစ်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဆွာရက်ဇ်နေရာအတွက် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း ဗလင်စီယာတိုက်စစ်မှူးရိုဒရီဂိုတို့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့်လည်း ဆွာရက်ဇ်နေရာမှာ ရေရှည်အစားထိုးနိုင်မယ့် ကစားသမားကိုသာ အလိုရှိနေတာဖြစ်လို့ အသက်၂၂နှစ်အရွှယ် ရစ်ချာလီဆန်ကိုသာ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်လိုက်တာဖြစ်ပါတယ်။
Photo Credit : Getty Images
ဒါကြောင့်ပဲ ဘာစီလိုနာဟာ ရစ်ချာလီဆန်အတွက် ပေါင်၈၅သန်း(ယူရိုသန်းတစ်ရာ)နဲ့ ကမ်းလှမ်းမှုလုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းကတော့ သူတို့ရဲ့အဓိက ကစားသမားကို ရောင်းထုတ်ဖို့ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ရစ်ချာလီဆန်ကို ပြီးခဲ့တဲဲ့လကမှ ၅နှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ထားတာဖြစ်လို့ သူ့ကို ကာလရှည်စောင့်ကြည့်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေပါ ခေါ်ယူဖို့ကို လက်လျှော့သွားခဲ့ရပါတယ်။ ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲဲ့ ၁၈လကမှ ဝက်ဖိုဒ့်ကနေ အဲဗာတန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာ အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး၁၀ဂိုး ရယူထားနိုင်ခဲ့ပါတယ်။ အခုလို ကစားသမားကောင်းတစ်ယောက်ကို ခေါ်ယူဖို့အတွက် ပယ်ချခံလိုက်ရတဲ့ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ကာလရှည်ပစ်မှတ်ဖြစ်သူ ဝီလီယံကိုလည်း ထပ်မံကမ်းလှမ်းမှု ပြုလုပ်ထားသေးတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။
(Zawgyi)
ရစ်ချာလီဆန်အတွက် ယူရိုသန်းတစ်ရာနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဘာစီလိုနာ
လူးဝစ်ဆွာရက်ဇ် ဒဏ်ရာရရှိသွားပြီးနောက်မှာ အသင်းရဲ့ရှိရင်းစွဲ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မက်ဆီ ဂရစ်ဇ်မန်း အန်ဆုဖာတီ ကားလက်စ်ပီရက်ဇ်တို့နဲ့ ဆွာရက်ဇ်ရဲ့ကွက်လပ်ကို ဖြည့်တင်းဖို့ပြင်ဆင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ အလုပ်မဖြစ်ခဲ့တာကြောင့် ဆောင်းဈေးကွက်မပိတ်သိမ်းခင်မှာပဲ ဘာစီလိုနာအသင်းဟာ ဈေးကွက်အတွင်းကို ဝင်ရောက်လာခဲ့ပြီး အထောင်တိုက်စစ်မှူးသစ် ရှာပုံတော်ထွက်ပါတော့တယ်။ ဒီရှာပုံတော်အတွင်းမှာ တိုက်စစ်မှူးအစုံအလင်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုလက်ရှိမှာလည်း အဲဗာတန်အသင်းက တိုက်စစ်မှူးလေး ရစ်ချာလီဆန်နဲ့ပါ သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။