MySport Myanmar

ဟာလန်းကို ပေါင်(၅)သန်းတည်းနဲ့ ခေါ်ယူဖို့ အခွင့်အရေး ရခဲ့သေးတဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ လွန်ခဲ့တဲ့ (၄)နှစ်ခန့်လောက်က နောက်တစ်ချိန် ဥရောပမှာ အထွန်းတောက်ဆုံး ကြယ်တစ်ပွင့် ဖြစ်လာမယ့် ကစားသမားလေး အာလင်းဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင်(၅)သန်းတည်းနဲ့ ခေါ်ယူဖို့ အခွင့်အရေးကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပေမယ့် ဟာလန်းအတွက် ပေးချေရမယ့် ပေါင်(၅)သန်းက ဈေးကြီးလွန်းတယ်လို့ ယူဆခဲ့တာကြောင့် ခေါ်ယူဖို့ ပယ်ချခဲ့တယ်လို့ သိရပါတယ်။

Photo Credit : The Sun

လီဗာပူးလ်မြို့တော်ဝန်ဟောင်း ဂျိုးအန်ဒါဆန်က လီဗာပူးလ် အခြေစိုက် အဲဗာတန်အသင်းကို အားပေးသူဖြစ်ပြီး အဲဗာတန်ရဲ့ လေ့ကျင့်ရေးကွင်းကို အလည်အပတ် ရောက်ရှိတုန်းက နော်ဝေကလပ် မိုလ်ဒီမှာ ခြေစွမ်းပြနေတဲ့ ဟာလန်းဗီဒီယိုဖိုင်ကို ကြည့်မိရင်းနဲ့ ဟာလန်းကို ခေါ်ယူပေးဖို့ အဲဗာတန်အသင်းဆီ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဂျိုးအန်ဒါဆန်က “လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက အဲဗာတန် လေ့ကျင့်ရေးကို ရောက်နေတုန်း မိုလ်ဒီအသင်းမှာ ပါဝင်ကစားနေတဲ့ (၁၈)နှစ်သားလေးရဲ့ ဗီဒီယိုကို ကြည့်မိရင်း ကျွန်တော် ဒီချာတိတ်လေးကို တော်တော် သဘောကျမိသွားတယ်”

Photo Credit : The Sun

“ဒီကောင်လေးနဲ့ ပတ်သတ်ပြီး ဘယ်လိုထင်လဲလို့ ဘေလ်ကန်ရိုက်(အဲဗာတတန်အသင်းဥက္ကဌ)က မေးလာတော့ ကျွန်တော်ကလည်း ခေါ်လိုက်ဗျာလို့ ပြန်ပြောခဲ့တယ်။ အဲ့ဒီမှာပဲ ဘေလ်က ဟာလန်းအတွက် မိုလ်ဒီဘက်က ပေါင်(၇)သန်းလောက်အထိတောင် လိုချင်နေတာလို့ ပြန်ပြောခဲ့တာကို ကျွန်တော် သတိရနေသေးတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ တကယ်တော့ အဲဗာတန်အနေနဲ့ အဲ့ဒီအချိန်က ဟာလန်းကို ပေါင်(၅)သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးမျိုးအထိ ရရှိခဲ့ပေမယ့်လည်း အသက်ငယ်ရွယ်လွန်းနေပြီး လူငယ်ကစားသမားလေးတစ်ဦးအတွက်နဲ့ ပေ်င်(၅)သန်းလောက် အသုံးပြုရမှာကို ဆန္ဒမရှိတာကြောင့် ခေါ်ယူဖို့ လက်လျှော့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်းကတော့ မိုလ်ဒီကနေ ဆာလ်ဇ်ဘာ့ဂ် အဲ့ဒီကနေ ဒေါ့မွန်နဲ့ လက်ရှိမှာတော့ မန်စီးတီးအသင်းဆီ ရောက်ရှိနေခဲ့ရပြီး မန်စီးတီးမှာတော့ အတော်လေးကို တောက်ပနေတဲ့ ကစားသမားတစ်ဦးပါ ဖြစ်နေပါတယ်။ ဒီနှစ်ရာသီမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ဟာလန်းက အခုဆိုရင် ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၁၄)ဂိုး ချန်ပီယံလိဂ်မှာ (၃)ဂိုး သွင်ယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း (၃)ကြိမ် ပြုလုပ်ထားခဲ့တာကြောင့် သူရဲ့ ဒီရာသီ စီးတီးအတွက် ဂိုးပါဝင်ပတ်သတ်မှုက စုစုပေါင်း ဂိုး(၂၀)အထိတောင် ရှိနေရပါတယ်။

Exit mobile version