လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးခံစစ္ကစားသမားေတြထဲမွာ မန္ခ်က္စတာယူႏုိက္တက္ေနာက္ခံလူ ဟယ္ရီမက္ဂြိဳင္းယားနဲ႔ လီဗာပူးလ္ဘယ္ေနာက္ခံလူ အန္ဒရူးေရာဘတ္ဆန္တုိ႔ ႏွစ္ဦးလည္း အပါအဝင္ျဖစ္လုိ႔ေနၿပီး ဒီကစားသမားႏွစ္ေယာက္ဟာ တခ်ိန္တုန္းက ပရီးမီးယားလိဂ္မွာ က်င္လည္ခဲ႔ဖူးတဲ႔ ဟားလ္စီးတီးအသင္းမွာ ပါဝင္ကစားခဲ႔ဖူးသူေတြ ျဖစ္ခဲ႔ပါတယ္။ မက္ဂြိဳင္းယားဆုိရင္ လက္ရွိ ကမာၻေပၚက ေနာက္ခံလူေတြထဲမွာ ေျပာင္းေရႊ႔ေၾကးအျမင့္မားဆုံးအျဖစ္ မွတ္တမ္းဝင္ထားခဲ႔သူျဖစ္သလုိ ေရာဘတ္ဆန္ဆုိရင္လည္း လီဗာပူးလ္နဲ႔ ခ်န္ပီယံလိဂ္ဖလားကုိ ရယူခဲ႔ၿပီး အသင္းရဲ႕ခံစစ္တာဝန္ကုိေရာ သြင္းဂုိးတာဝန္အတြက္ပါ ပူးတြဲထမ္းေဆာင္ေနသူျဖစ္ပါတယ္။

Photo Credit : Hull Daily Mail

ဒီကစားသမားႏွစ္ေယာက္ အခုလုိ ကမာၻေက်ာ္ေနာက္ခံကစားသမားေတြ ျဖစ္မလာခင္မွာ ႏွစ္ေယာက္ေပါင္းကုိမွ ေျပာင္းေရႊ႔ေၾကးအျဖစ္ ေပါင္သန္း၂၀ေလာက္နဲ႔ပဲ ေခၚယူႏုိင္မယ့္ အေကာင္းဆုံးအခြင့္အေရးကုိ ပုိင္ဆုိင္ႏုိင္ခဲ႔တဲ့ အသင္းတစ္သင္းရွိခဲ႔ပါတယ္။ အဲ႔ဒီအသင္းကေတာ့ အဲဗာတန္အသင္းပါ။ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး အဲဗာတန္အသင္းရဲ႕ဒါရုိက္တာေဟာင္း စတိဗ္ဝက္ခ်္က “ကြ်န္ေတာ္ အဲဗာတန္အသင္းမွာ တာဝန္ထမ္းေဆာင္ေနစဥ္တုန္းက မက္ဂြိဳင္းယားနဲ႔ေရာဘတ္ဆန္တုိ႔က ဟားလ္စီးတီးအသင္းမွာ ကစားေနၾကတာျဖစ္ၿပီး သူတုိ႔ႏွစ္ဦးေပါင္းကုိ ေပါင္သန္း၂၀ေလာက္နဲ႔ ေခၚယူသြားႏုိင္မယ့္ အခြင့္အေရးရခဲ႔လုိ႔ ေခၚယူဖုိ႔ အသင္းဆီ တင္ျပခဲ႔ေပမယ့္လည္း အသင္းက ပယ္ခ်ခဲ႔ပါတယ္” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။ ဒါ့အျပင္ လက္ရွိလက္စတာေနာက္ခံလူ ဂြ်န္နီအီဗန္ကုိ ေခၚယူဖုိ႔အတြက္ကုိလည္း လြဲေခ်ာ္ခဲ႔ေသးတယ္လုိ႔ ဝက္ခ်္က ထပ္ေလာင္းေျပာဆုိသြားခဲ႔ပါေသးတယ္။

Photo Credit : Getty Images

အဲဗာတန္အသင္းအတြက္ ပုိၿပီးနစ္နာေစခဲ႔ရတာကေတာ့ လက္ရွိ ဥေရာပရဲ႕အေတာက္ပဆုံးေသာ ဆယ္ေက်ာ္သက္အရႊယ္ ၾကယ္ပြင့္ကစားသမားေလးျဖစ္တဲ႔ ရက္ဘူးဆဲလ္ဇ္ဘာ့ဂ္အသင္းရဲ႕ေနာ္ေဝတုိက္စစ္မွဴးေလး အာလင္းဟာ့တ္လန္းကုိ ေခၚယူႏုိင္မယ့္ အခြင့္အေရးကုိ ျငင္းဆန္ျဖစ္ခဲ့တာပဲျဖစ္ပါတယ္။ စတိဗ္ဝက္ခ်္ရဲ႕ေျပာဆုိခ်က္အရ သူဟာ ဟာ့တ္လန္းရဲ႕ဖခင္နဲ႔ ေတြ႔ဆုံျဖစ္ခဲ႔ၿပီး သူရဲ႕သားကုိ ေနာ္ေဝကလပ္ကေန ေပါင္၄သန္းေလာက္နဲ႔ပဲ ေခၚယူႏုိင္မယ့္ အခြင့္အေရးရခဲ႔လုိ႔ အဲဗာတန္အသင္းဘက္ကုိ သတင္းေပးခဲ့ေပမယ့္လည္း အသင္းကေတာ့ သူရဲ႕ေပးပုိ႔ခ်က္အေပၚ အေလးမထားခဲ႔ပဲ ပယ္ခ်ခဲ႔တယ္လုိ႔ သိရပါတယ္။ အခုဆုိရင္ ဟာ့တ္လန္းဟာ ဆာလ္ဇ္ဘာ့ဂ္အတြက္ မယုံႏုိင္စရာေကာင္းေလာက္ေအာင္ ေျခစြမ္းျပသေနႏုိင္ခဲ႔ၿပီး ဥေရာပထိပ္သီးအသင္းေပါင္းမ်ားစြာရဲ႕ ပစ္မွတ္ျဖစ္ေနတဲ႔အျပင္ လက္ရွိသူရဲ႕တန္ေၾကးမွာလည္း သန္း၈၀ေလာက္အထိကုိ ရွိလုိ႔ေနပါတယ္။

(Unicode)

ကြယ်ပွင့်တွေကို ခေါ်ယူဖို့ အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ငြင်းဆန်မိခဲ့တဲ့ အဲဗာတန်

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်ကစားသမားတွေထဲမှာ မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားနဲ့ လီဗာပူးလ်ဘယ်နောက်ခံလူ အန်ဒရူးရောဘတ်ဆန်တို့ နှစ်ဦးလည်း အပါအဝင်ဖြစ်လို့နေပြီး ဒီကစားသမားနှစ်ယောက်ဟာ တချိန်တုန်းက ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဟားလ်စီးတီးအသင်းမှာ ပါဝင်ကစားခဲ့ဖူးသူတွေ ဖြစ်ခဲ့ပါတယ်။ မက်ဂွိုင်းယားဆိုရင် လက်ရှိ ကမ္ဘာပေါ်က နောက်ခံလူတွေထဲမှာ ပြောင်းရွှေ့ကြေးအမြင့်မားဆုံးအဖြစ် မှတ်တမ်းဝင်ထားခဲ့သူဖြစ်သလို ရောဘတ်ဆန်ဆိုရင်လည်း လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ပြီး အသင်းရဲ့ခံစစ်တာဝန်ကိုရော သွင်းဂိုးတာဝန်အတွက်ပါ ပူးတွဲထမ်းဆောင်နေသူဖြစ်ပါတယ်။

Photo Credit : Hull Daily Mail

ဒီကစားသမားနှစ်ယောက် အခုလို ကမ္ဘာကျော်နောက်ခံကစားသမားတွေ ဖြစ်မလာခင်မှာ နှစ်ယောက်ပေါင်းကိုမှ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း၂၀လောက်နဲ့ပဲ ခေါ်ယူနိုင်မယ့် အကောင်းဆုံးအခွင့်အရေးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ အသင်းတစ်သင်းရှိခဲ့ပါတယ်။ အဲ့ဒီအသင်းကတော့ အဲဗာတန်အသင်းပါ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အဲဗာတန်အသင်းရဲ့ဒါရိုက်တာဟောင်း စတိဗ်ဝက်ချ်က “ကျွန်တော် အဲဗာတန်အသင်းမှာ တာဝန်ထမ်းဆောင်နေစဉ်တုန်းက မက်ဂွိုင်းယားနဲ့ရောဘတ်ဆန်တို့က ဟားလ်စီးတီးအသင်းမှာ ကစားနေကြတာဖြစ်ပြီး သူတို့နှစ်ဦးပေါင်းကို ပေါင်သန်း၂၀လောက်နဲ့ ခေါ်ယူသွားနိုင်မယ့် အခွင့်အရေးရခဲ့လို့ ခေါ်ယူဖို့ အသင်းဆီ တင်ပြခဲ့ပေမယ့်လည်း အသင်းက ပယ်ချခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိလက်စတာနောက်ခံလူ ဂျွန်နီအီဗန်ကို ခေါ်ယူဖို့အတွက်ကိုလည်း လွဲချော်ခဲ့သေးတယ်လို့ ဝက်ချ်က ထပ်လောင်းပြောဆိုသွားခဲ့ပါသေးတယ်။

Photo Credit : Getty Images

အဲဗာတန်အသင်းအတွက် ပိုပြီးနစ်နာစေခဲ့ရတာကတော့ လက်ရှိ ဥရောပရဲ့အတောက်ပဆုံးသော ဆယ်ကျော်သက်အရွှယ် ကြယ်ပွင့်ကစားသမားလေးဖြစ်တဲ့ ရက်ဘူးဆဲလ်ဇ်ဘာ့ဂ်အသင်းရဲ့နော်ဝေတိုက်စစ်မှူးလေး အာလင်းဟာ့တ်လန်းကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းဆန်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ စတိဗ်ဝက်ချ်ရဲ့ပြောဆိုချက်အရ သူဟာ ဟာ့တ်လန်းရဲ့ဖခင်နဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး သူရဲ့သားကို နော်ဝေကလပ်ကနေ ပေါင်၄သန်းလောက်နဲ့ပဲ ခေါ်ယူနိုင်မယ့် အခွင့်အရေးရခဲ့လို့ အဲဗာတန်အသင်းဘက်ကို သတင်းပေးခဲ့ပေမယ့်လည်း အသင်းကတော့ သူရဲ့ပေးပို့ချက်အပေါ် အလေးမထားခဲ့ပဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အခုဆိုရင် ဟာ့တ်လန်းဟာ ဆာလ်ဇ်ဘာ့ဂ်အတွက် မယုံနိုင်စရာကောင်းလောက်အောင် ခြေစွမ်းပြသနေနိုင်ခဲ့ပြီး ဥရောပထိပ်သီးအသင်းပေါင်းများစွာရဲ့ ပစ်မှတ်ဖြစ်နေတဲ့အပြင် လက်ရှိသူရဲ့တန်ကြေးမှာလည်း သန်း၈၀လောက်အထိကို ရှိလို့နေပါတယ်။